
အာကာသထဲ တစ်နေရာရာမှာ ဂြိုဟ်သားတွေ ကျိန်းသေရှိသည်ဟု တစ်ယောက်ယောက်က ပြောလျှင် ယုံမည့်သူ အနည်းနှင့် အများတော့ ရှိသည်သာ။
နိုင်ငံတကာ စစ်တမ်းတစ်ရပ် ကောက်ကြည့်သည့် အခါတွင်လည်း စစ်တမ်းပါဝင်သူ ထက်ဝက်ခန့်က ဂြိုဟ်သားရှိကြောင်း ယုံကြည်သည်ဟု ဆိုသည်။ ကျန်တစ်ဝက် ထဲတွင်လည်း နှစ်စုကွဲနေသည်။ တစ်စုကရှိမရှိ သေချာမပြောနိုင်ဟု သောင်မတင်ရေမကျ ဆိုကြသည်။ နောက်တစ်စုကလည်း မရှိဟု အပြတ်မပြောသော်လည်း ဂြိုဟ်သားရှိတယ်ဆိုတာ ယုံချင်စရာတော့ မရှိဟု ဆိုကြသည်။ဂျာမနီနိုင်ငံသား စစ်တမ်း ဖြေဆိုသူများ၏ (၅၆) ရာခိုင်နှုန်းထိက ဂြိုဟ်သားရှိတာ ယုံကြည်သည်ဟု ဆိုသည်။ အမေရိကနှင့် ဥရောပနိုင်ငံများထဲတွင် ယုံကြည်သူ အများဆုံး ဖြစ်သည်။ အမေရိကန် နိုင်ငံသား (၅၄) ရာခိုင်နှုန်း၊ ဗြိတိန် (၅၂)ရာခိုင်နှုန်းကလည်း ဂြိုဟ်သားရှိတာ ယုံကြည်သည်ဟု ဆိုလိုက်ကြသည်။
စစ်တမ်းပါဝင်သည့် နိုင်ငံများရှိ အသက် (၁၈) မှ (၂၄) ကြား လူငယ်များ၏ (၅၉) ရာခိုင်နှုန်းထိက ဂြိုဟ်သားရှိတာ ယုံသည်ဟု ဆိုလိုက်သည်။ အသက် (၆၀) အထက်များကမူ သံသယ ပိုရှိသူများ ဖြစ်ပြီး (၄၅) ရာခိုင်နှုန်းကသာ ဂြိုဟ်သားရှိတာ ယုံကြသည်။
နာမည်ကျော် ရူပဗေဒပညာရှင် စတီဖင်ဟောကင်းကလည်း (၂၁) ရာစု၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အလုပ်မှာ ဂြိုဟ်သားရှာသည့် အလုပ်ဖြစ်သည်ဟု ဆိုလိုက်သည်။ အာကာသထဲတွင် သက်ရှိများ ရှိမရှိ ရှာဖွေရေးအတွက် ထူထောင်ထားသော Breakthrough Initiative လှုပ်ရှားမှုကိုလည်း မစ္စတာဟောကင်းက ထောက်ခံထားသည်။
“ဂြိုဟ်သားတွေကို ဘာကြောင့်ခုထိ မတွေ့သေးတာလဲဟု ဂြိုဟ်သားရှိတာ ယုံကြည်သူများအား ထပ်ဆင့် မေးမြန်းကြည့်ရာ အများစုကြီးက ဂြိုဟ်သားတွေသည် လူသားတွေနဲ့ အလွန်ဝေးသော နေရာမှာ ရှိနေသောကြောင့် လူသားတို့ နည်းပညာသည် ဂြိုဟ်သားတို့နှင့် ဆက်သွယ်ဖို့ မဖြစ်နိုင်သေးသဖြင့် မတွေ့ရသေးခြင်းသာ ဖြစ်သည်”ဟု ဆိုကြသည်။
Source: Daily Mail
Credit:messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။