
အလုပ်ခွင်ထဲမှာသော် လည်းကောင်း၊ ရပ်ကွက်ထဲမှာ သော်လည်းကောင်း ကျယ်လောင်သော စက်သံများ၊ လော်စပီကာသံများ မကြာမကြာ ကြားနေရသူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း အမေရိကန် လေ့လာမှု စစ်တမ်းတစ်ရပ်က သတိပေးလိုက်သည်။
လေ့လာသုတေသနကို လက်ဆင်တန်မြို့ရှိ ကန်တာကီ တက္ကသိုလ်ရှိ ပြည်သူ့ ကျန်းမာရေး ကောလိပ်မှ ဒေါက်တာ ၀မ်ချီဂန်နှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆေးပညာဂျာနယ် Occupational and Environment Medicine တွင် ဖော်ပြထားသည်။ အမေရိကန် ကျန်းမာရေး သန်းခေါင်စာရင်းထဲမှ လူပေါင်း(၅၂၂၃) ဦးကို ရွေးထုတ်ကာ သုတေသန ပြုထားခြင်း ဖြစ်သည်။ စာရင်းများသည် ၁၉၉၉ မှ ၂၀၀၄ ခုနှစ်ကြား အချက်အလက်များ ဖြစ်ပြီး၊ ပါဝင်သူများသည် အသက်(၂၀)မှ (၆၉) ကြားများ ဖြစ်သည်။
ကျယ်လောင်သော အသံများကြောင့် နားနှစ်ဖက်လုံး အကြားအာရုံ ချို့ယွင်းရသူများသည် တစ်ဖက် ချို့ယွင်းရသူများ ထက်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် အလုပ်ခွင်ထဲတွင် ကျယ်လောင်သော အသံများနဲ့ ထိတွေ့မှု အများဆုံး ဖြစ်သည့် အသက်(၅၀) အောက် လူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ လေးဆထိ ပိုများကြောင်း သိရသည်။
ဆူညံသော ၀န်းကျင်မျိုးတွင် အလုပ် လုပ်ကိုင်ရသူများ အနေဖြင့် နားကာများ၊ အစွပ်များ တပ်ဆင်ထားခြင်းဖြင့် နားထိခိုက်နှုန်းကို လျှော့ချနိုင်ကြောင်း ဒေါက်တာဂန်က အကြံပြုထားသည်။
Source: Reuters
Credit : messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။