
သိပ္ပံပညာရှင်များသည် ဂြိုလ်တု ဓာတ်ပုံများ အသုံးပြုကာ ပြီးခဲ့သည့် နှစ် (၃၀) အတွင်း ကမ္ဘာ့မြေလွှာပေါ်ရှိ ရေပြင်မြေပြင် ပြောင်းလဲပုံများကို လေ့လာခဲ့ကြသည်။
ယခင်က မြေပြင်ဖြစ်ခဲ့သော စတုရန်း ကီလိုမီတာ (၁၁၅၀၀၀) စာ နေရာသည် ယခုအခါ ရေလွှမ်းနေပြီး၊ ယခင်က ရေပြင်ဖြစ်ခဲ့သော စတုရန်း ကီလိုမီတာ (၁၇၃၀၀၀) စာ နေရာသည် ယခုအခါ မြေပြင် ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
နယ်သာလန်ရှိ ဒယ်တာရတ် သုတေသန သိပ္ပံက စစ်တမ်းပြုစုခြင်း ဖြစ်ပြီး Nature Climate Cha-nge ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကမ္ဘာမြေကို ဆယ်စုနှစ် ပေါင်းများစွာ စောင့်ကြည့် မှတ်တမ်းတင်လျက် ရှိသော နာဆာ၏ Land-sat ဂြိုလ်တုက ပေးပို့သော မြေပြင်ဓာတ်ပုံများကို နှိုင်းယှဉ်လေ့လာကာ စစ်တမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ ဂြိုလ်တုပုံများသည် မြေပြင်(၃၀) မီတာ အ၀န်းအ၀ိုင်းထိကို ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။
တိဘက် ကုန်းပြင်မြင့်သည် ရေခဲမြစ်များ အရည်ပျော်မှုကြောင့် ရေကန် အများအပြား ဖြစ်ထွန်းကာ ကုန်းမြေမှ ရေပြင်သို့ ကူးပြောင်းမှု အများဆုံးဒေသ ဖြစ်နေသည်။
အပြောင်းလဲဆုံးသည် ဗဟိုအာရှမှ အာရယ် ပင်လယ်ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။ ထိုဒေသသည် ယခင်က ရေကန်ကြီး အများအပြား ရှိသော်လည်း စိုက်ပျိုးလုပ်ငန်းများ အတွက် တူးမြောင်းများ သွယ်ကာ ရေယူသုံးသဖြင့် ရေကန်တွေ ပျောက်ကာ မြေပြင် ဖြစ်ကုန်ကြောင်း စစ်တမ်းက ထောက်ပြသည်။
ကမ်းရိုးတန်း ဒေသများက ပညာရှင်များကို အံအားသင့်စေခဲ့သည်။ ကမ်းရိုးတန်း ဒေသများ ရေတိုက်စားခံရကာ မြေလျော့သွားမည်ဟု ထင်ခဲ့ကြသော်လည်း နှစ် (၃၀) အတွင်း စတုရန်း ကီလိုမီတာ (၂၀၁၀၀) သာ လျော့ပြီး၊ တိုးလာသည့် မြေပြင်က (၃၃၇၀၀) စတုရန်း ကီလိုမီတာထိ ရှိလာသည်။
ဒူဘိုင်းသည် အဖိုးတန်ဇိမ်ခံ အပန်းဖြေစခန်းများ တည်ဆောက်ရန် ရေပြင်ကို မြေဖို့နေမှုကြောင့် ဒူဘိုင်း ကမ်းရိုးတန်းသည် မြေပြင်အတိုးဆုံး ဖြစ်ကြောင်း သုတေသီတို့က ဆိုသည်။
တရုတ်သည်လည်း ပင်လယ်ဝါမှသည် ဟောင်ကောင်အထိ ကမ်းရိုးတန်း တစ်လျှောက် အဆင့်မြှင့်တင်မှုများ လုပ်နေသဖြင့် ရေပြင်လျော့ကာ မြေပြင်တိုးလာနေကြောင်း တွေ့ရသည်။
မြေပြင်၊ ရေပြင် အပြန်အလှန် ကူးပြောင်းမှုများကြောင့် သဘာ၀၀န်းကျင် အပေါ် မည်သို့ သက်ရောက်မှုရှိကြောင်း သိနိုင်အောင် အသေးစိတ် ဆက်လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။
Source: BBC
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။