
တရုတ်နိုင်ငံသား တစ်ဦးသည် တစ်နေ့ကို ငရုတ်သီး (၂ဒသမ ၅) ကီလိုဂရမ်အထိ စားသုံးလေ့ရှိသည်။ ပေါင်ဖြင့် တွက်ချက်ပါက (၅ ဒသမ ၅) ပေါင်အထိ ရှိမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အမျိုးသားကို ငရုတ်သီး ဘုရင်အဖြစ် သတ်မှတ် ခေါ်ဆိုကြခြင်း ဖြစ်သည်။ Zhengzhou အရပ်ဒေသတွင် နေထိုင်သော လီအမည်ရ အမျိုးသားသည် ငရုတ်သီးများကို ငယ်စဉ်ကတည်းက နှစ်သက်စွာ စားသုံးခဲ့ခြင်း ဖြစ်သည်။ တစ်နေ့ကို ထမင်းသုံးနပ် စားသည့်အခါတိုင်း ငရုတ်သီး မပါပါက စားတတ်ခြင်း မရှိသော လီသည် ငရုတ်သီးကို စွဲလမ်းနှစ်သက်မှုသည် တဖြည်းဖြည်း ဆိုးရွားလာခဲ့သည်။ လီက မနက်မိုးလင်းသည့်အခါ အခြားသူများသည် သွားတိုက်လေ့ ရှိသော်လည်း မိမိမှာမူ ငရုတ်သီးတစ်တောင့်ကို ပါးစပ်ထဲ ထည့်လိုက်ကြောင်း၊ ညပိုင်းများတွင်လည်း ငရုတ်သီး အစေ့များကို စားသုံးလေ့ရှိကြောင်း၊ သားဖြစ်သူ ဆေးရုံတက်စဉ်တုန်းက ပိုက်ဆံ မရှိသောကြောင့် ငရုတ်သီးများကို အရည်ဖျော်ပြီး စားလေ့ရှိကြောင်း၊ မိမိ၏ အပြုအမူအတွက် စိုးရိမ်မှုများ ရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ငရုတ်သီးစားပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ပြဿနာမျှမရှိကြောင်း ပြောကြားခဲ့သည်။
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။