
တကယ့်ကို မယုံနိုင်စရာ ကောင်းသည့် မြင်ကွင်းဖြစ်သည်။ စက္ကူများဖြင့် တည်ဆောက်ထားသော တံတားကို ကားတစ်စီးက ဖြတ်သန်းပြခြင်း ဖြစ်သည်။ ယင်းပြကွက်ကို တရုတ်နိုင်ငံ၊ Suzhou ဒေသတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လန်ရိုဗာ ကားကုမ္ပဏီမှ ထုတ်လုပ်သော Range Rover ကား (၄၅) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ယင်းကားကို စက္ကူ တံတားပေါ်တွင် ဖြတ်သန်းစေခြင်း ဖြစ်သည်။
Range Rover ကားသည် တရုတ်နိုင်ငံတွင် လူကြိုက်များသော ကားဖြစ်ပြီး အစီးရေ ခြောက်သန်းခန့် ရှိနေကြောင်း သိရသည်။ ထို့ကြောင့် လန်ရိုဗာ ကုမ္ပဏီသည် Venice of The East ဟု အမည်ပေးကာ (၂၃၇၄) ကီလိုဂရမ် ရှိသည့် ကားကို ငါးမီတာရှည်သည့် စက္ကူတံတားကို ဖြတ်သန်းစေခဲ့ခြင်း ဖြစ်သည်။
စက္ကူတံတားကို ဖန်တီးရာတွင် ပညာရှင်များ၏ အကူအညီကို ရယူခဲ့ရသည်။ စက္ကူအရွက်ပေါင်း (၅၄၃ ၉၀) အသုံးပြုခဲ့ရသည်။ စက္ကူများကို အင်္ဂလန် အခြေစိုက် ကုမ္ပဏီ တစ်ခုထံမှ ရယူခဲ့ခြင်း ဖြစ်သည်။ တံတားဒီဇိုင်းကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် စတိဗ်မက်ဆမ်က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
တံတားကို ရှေးဟောင်းနည်းများ အတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ခုံးကျော်တံတား ဖြစ်သောကြောင့် အတက်အဆင်း နေရာများကို တိကျသည့် ဒီဂရီများဖြင့် ဖန်တီးခဲ့သည်။ ပေါင်းကူး ပုံစံဖြစ်အောင် သစ်သား ပြားကို အောက်ခြေတွင် ထားရှိခဲ့သည်။
ယင်းနောက် စက္ကူများကို စနစ်တကျ ထည့်သွင်းကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ သုံးရက်သာ အချိန်ယူ တည်ဆောက်ပြီးနောက် စက္ကူတံတားပေါ်တွင် ကားတစ်စီးကောင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။
သို့သော် ကားဖြတ်သန်းချိန်တွင် သတိထား မောင်းနှင်ခဲ့ရသည်။ ယင်းတံတားကို ဆောက်လုပ်ရာတွင် မူလီ၊ ကော်စသည်များကို လုံးဝအသုံးပြုခြင်း မရှိဘဲ စက္ကူရွက်ကိုသာ စနစ်တကျ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းတံတားကို စက္ကူဖြင့် တည်ဆောက်ခြင်းကြောင့် သံချောင်းများဖြင့် တည်ဆောက်ခြင်းထက် အလေးချိန် ( ၄၅၀) ကီလိုဂရမ် သက်သာ သွားစေခဲ့သည်။
Range Rover ကားကို တရုတ် နိုင်ငံတွင် (၄၅) နှစ်ကြာ အသုံးပြုခဲ့ရာတွင် သက်သောင့် သက်သာရှိခြင်းကို ပြသလိုသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit: http://www.messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။