နေခရမ်း....
|
Monday, January 29, 2018
တီထွင်ဖန်တီးမှု အရှိဆုံးက ဘယ်နိုင်ငံတွေလဲ
နိုင်ငံတစ်နိုင်ငံ၏ တီထွင် ဖန်တီးနိုင်စွမ်းကို မည်သည့် အချက်များနှင့် ချိန်ထိုး အကဲဖြတ်မည်နည်း။ Martin Prosperity Institute က ထုတ်ပြန်သော ကမ္ဘာ့ တီထွင်ဖန်တီး မှု ညွှန်းကိန်း ၂၀၁၅ ကို တင်ပြ လိုပါသည်။
ညွှန်းကိန်းက “T” သုံးလုံးဖြင့် ကမ္ဘာ့နိုင်ငံများ တီထွင်ဖန်တီးမှု အဆင့်ကို အကဲဖြတ်သည်။ ကိုယ်ရည် ကိုယ်သွေး (Talent) ၊ နည်းပညာ (Technology) ၊ သည်းခံနားလည်နိုင်စွမ်း (Tolerance) တို့သည် နိုင်ငံတစ်နိုင်ငံ၏ တီထွင် ဖန်တီးနိုင်စွမ်း အပေါ် အဓိက အဆုံးအဖြတ် ပေးသည်ဟု ညွှန်းကိန်းက ထောက်ပြသည်။ ညွှန်းကိန်းသည် နိုင်ငံ (၁၃၉) နိုင်ငံကို အဆင့်သတ် ဖြတ်ထားသည်။
၁။ နည်းပညာ -
သုတေသနနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနှုန်း၊ နိုင်ငံသားတစ်ဦးချင်း နည်းပညာသစ် မူပိုင်ခွင့် တင်နှုန်း။
၂။ ကိုယ်ရည် ကိုယ်သွေး -
အဆင့်မြင့် ပညာတတ်မြောက်သူ အရေအတွက်၊ တီထွင်ဖန်တီးမှု ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်သူ ပမာဏ။
၃။ သည်းခံနားလည်နိုင်စွမ်း -
ခိုလှုံသူများကို ဆက်ဆံပုံ၊ လူမျိုးခြားနှင့် တိုင်းရင်းသား လူနည်းစုများကို ဆက်ဆံပုံ၊ လိင်တူ နှစ်သက်သူများကို ဆက်ဆံပုံ။
အထက်ပါ သုံးချက်ဖြင့် ချိန်ထိုး အကဲဖြတ်သည်တွင် မည်သည့် နိုင်ငံများက ထိပ်ဆုံး ရရှိကြောင်းကို ဇယားတွင် ဖော်ပြပါမည်။
အဆင့် နိုင်ငံ နည်းပညာ ကိုယ်ရည်ကိုယ်သွေး သည်းခံနားလည်မှု တီထွင်ဖန်တီးမှု ရမှတ်
၁ ၾသစေၾတးလ် ၇ ၁ ၄ ၀ .၉၇၀
၂ အမေရိကန် ၄ ၃ ၁၁ ၀ .၉၅၀
၃ နယူးဇီလန် ၇ ၈ ၃ ၀ .၉၄၉
၎ ကနေဒါ ၁၃ ၁၄ ၁ ၀ .၉၂၀
၅ ဒိန်းမတ် ၁၀ ၆ ၁၃ ၀ .၉၁၇
၅ ဖင်လန် ၅ ၃ ၂၀ ၀ .၉၁၇
၇ ဆွီဒင် ၁၁ ၈ ၁၀ ၀ .၉၁၅
၈ အိုက်စလန် ၂၆ ၂ ၂ ၀ .၉၁၃
၉ စင်ကာပူ ၇ ၅ ၂၃ ၀ .၈၉၆
၁၀ နယ်သာလန် ၂၀ ၁၁ ၆ ၀ .၈၈၉
၁၁ နော်ဝေ ၁၈ ၁၂ ၉ ၀ .၈၈၃
၁၂ ဗြီတိန် ၁၅ ၂၀ ၅ ၀ .၈၈၁
၁၃ အိုင်ယာလန် ၂၃ ၂၁ ၇ ၀ .၈၄၅
၁၄ ဂျာမနီ ၇ ၂၈ ၁၈ ၀ .၈၃၇
၁၅ ဆွစ်ဇာလန် ၁၉ ၂၂ ၁၇ ၀ .၈၂၂
၁၆ ပြင်သစ် ၁၆ ၂၆ ၁၆ ၀ .၈၂၂
၁၆ ဆလိုဗေးနီးယား ၁၇ ၈ ၃၅ ၀ .၈၂၂
၁၈ ဘယ်ဂျီယံ ၂၈ ၁၈ ၁၄ ၀ .၈၁၇
၁၉ စပိန် ၃၁ ၁၉ ၁၂ ၀ .၈၁၁
၂၀ သြစတြီးယား ၁၂ ၂၆ ၃၂ ၀ .၇၈၈
၂၁ ဟောင်ကောင် ၃၂ ၃၂ ၃၀ ၀ .၇၁၅
၂၁ အီတလီ ၂၅ ၃၁ ၃၈ ၀ .၇၁၅
၂၃ ပေါ်တူဂီ ၃၅ ၃၆ ၂၂ ၀ .၇၁၀
၂၄ ဂျပန် ၂ ၅၈ ၃၉ ၀ .၇၀၈
၂၅ လူဇင်ဘတ် ၂၀ ၄၈ ၃၂ ၀ .၆၉၆
Credit: www.messengernewsjournal.com
အကြောင်းအရာ
ထူးဆန်းအကြောင်းအရာများ,
သုတပဒေသာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။