
မိဘတွေက အားလပ်ရက် အပန်းဖြေခရီးသွားမယ့် အစီအစဉ်
ဖျက်သိမ်းခဲ့ပြီးနောက်မှာ အသက် ၁၂ နှစ်အရွယ် သြစတြေးလျ ကလေးငယ်က ဘာလီကျွန်းကို တစ်ယောက်တည်း သွားခဲ့ပါတယ်။ ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ အဲဒီကလေးငယ်ဟာ သူ့မိဘတွေရဲ့ Credit Card ကို အသုံးပြုပြီး အွန်လိုင်းကနေတစ်ဆင့် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ခန်း မှာယူခဲ့တာပါ။
သူဟာ ဆစ်ဒနီကနေ ပါ့သ်မြို့ကို သွားရောက်ခဲ့ပြီး အဲဒီကတစ်ဆင့် ဘာလီကျွန်းကို တစ်ကိုယ်တော် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မိဘတွေက လူပျောက်တိုင်ကြားပြီး ၉ ရက်အကြာမှာ ဒီကလေးငယ်ကို ဘာလီကျွန်းမှာ တွေ့ရှိခဲ့တာပါ။
နိုင်ငံကူးလက်မှတ်နဲ့ ကျောင်းသားကတ် အသုံးပြုခဲ့တဲ့ ဒီကလေးငယ်ကို လေကြောင်းလိုင်း အရာရှိတွေက တစ်ကြိမ်ပဲ မေးမြန်းခဲ့ကြပါတယ်။ ဒီကလေးငယ်ဟာ သူ့အစ်မကို စောင့်နေတာလို့ လိမ်ပြောပြီး ဟိုတယ်ခန်းမှာ တည်းခဲ့တာပါ။ ဒီလိုအခြေအနေမျိုး ထပ်မဖြစ်စေဖို့အတွက် သြစတြေးလျရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်နေပါတယ်။
Credit:yoyarlay facebook page
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။