
ရှာဖွေတွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းများတွင် အသေးဆုံးငှက် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှ ပယင်းကျောက်တစ်ခုအတွင်း ရှာဖွေတွေ့ရှိ ခဲ့ပါသည်။
ထို ငှက်ပုံကျောက်ဖြစ်ရုပ်ကြွင်းသည် နှစ်သန်း ၁၀၀ နီးပါးရှိမည်ဟု ခန့်မှန်းထားကြပြီး အရှည်အားဖြင့် ၅ စင်တီမီတာခန့်သာ ရှိပါသည်။ ထိုအတိုင်းအတာသည် ယခုခေတ် သက်ရှိကမ္ဘာ့အသေးဆုံး ငှက်ကလေးအဖြစ် သတ်မှတ်ထားသော ပျားငှက်ပုတုန်းလေးများ၏ အရွယ်နှင့် အတူတူလောက်ရှိပါသည်။
ယခု ပယင်းရုပ်ကြွင်းကို ဘေးဂျင်းရှိ China University of Geosciences မှ တွဲဖက်ပါမောက္ခ Xing Lida မှတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကနေဒါနှင့် အမေရိကန်မှ ပညာရှင်များနှင့် ပူးပေါင်းသုတေသန ပြုခဲ့ကြောင်း သိရပါသည်။ ထိုပယင်းရုပ်ကြွင်းအား မြန်မာနိုင်ငံအတွင်းမှ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး “‘Pancake Bird” ဟု အမည်ပေးထားကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။