အလယ်ဝင်ရိုးဒေါက်တိုင်များ မပါရှိသည့် စက်ဝိုင်းပုံစံ လူစီးချားရဟတ်ကြီး တစ်ခုကို တရုတ်နိုင်ငံ ၊ Weifang မြို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပါသည်။ ထိုလူစီးချာရဟတ်ကြီးသည် Bohai Eye မြစ်ပေါ်ရှိ ၁၇၇၁ ပေရှည်လျားသည့် Bailang မြစ်ကူးတံတားပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။

အချင်းအားဖြင့် ၁၂၅ မီတာရှိပြီး အမြင့်မှာ ၁၄၅ မီတာ (၄၇၅ ပေ) အထိရှိပါသည်။ လူစီးတွဲပေါင်း (၃၆)တွဲ အထိပါဝင်ပြီး အတွဲတစ်ခုတွင် လူ ၁၀ ယောက်စီးနင်းနိုင်ပါသည်။ ထို ဒိုးယိုပေါက်ဖြစ်နေသော ချားရဟတ်ကြီး တစ်ပတ်အပြည့်လည်ရန် အချိန် မိနစ် ၃၀ ကြာမြင့်မည် ဖြစ်ပါသည်။

ထူးခြားဆန်းသစ်သည့် ဒီဇိုင်းပုံစံမျိုး ရရှိရန် သံမဏိတန်ချိန်ပေါင်း ၄၆၀၀ အသုံးပြုကာ ဒေါ်လာ ၂၃ သန်း အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

အလယ်ဝင်ရိုးဒေါက်တိုင်များမပါသော ဂရစ်ဒီဇိုင်းဖြင့် ချားရဟတ်ကြီးမျိုးများတွင် ကမ္ဘာ့ပထမဆုံးနှင့် အကြီးဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။