
ဖခင်ဖြစ်သူ လေဖြတ်သွားချိန်မှာ အသက် ၃ နှစ်အရွယ် သမီးငယ်က FaceTime app(ဗီဒီယိုဖုန်းခေါ်ဆိုမှု)သုံးပြီး အကူအညီ တောင်းပေးခဲ့လို့ ဖခင် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ မက္ကာဘီဟာ ဇူလိုင် ၄ ရက်နေ့(အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့)က သမီးဖြစ်သူ မော်လီနဲ့အတူ အိမ်မှာရှိနေတုန်း လေဖြတ်ခဲ့တာပါ။ အဲဒီအချိန်မှာ မော်လီက ဖခင်ရဲ့ဖုန်းထဲမှာရှိတဲ့ FaceTime app နဲ့ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ မိခင်ဖြစ်သူ ဒီဗွန်ကို ခေါ်ဆိုခဲ့ပြီး ကြမ်းပြင်ပေါ်လဲနေတဲ့ ဖခင်ရဲ့အခြေအနေကို ပြခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ ဒီဗွန်က ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး အရေးပေါ်အဖွဲ့က မက္ကာဘီကို ဝင်ချက်စတာ ကျန်းမာရေးစင်တာ ပို့ခဲ့ပါတယ်။ အဲဒီကတစ်ဆင့် အရေးပေါ် ဦးနှောက်ခွဲစိတ်မှုလုပ်ဖို့ ဖဲလ်ဖက်စ်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ပါတယ်။ မက္ကာဘီ ကြုံခဲ့ရတဲ့ လေဖြတ်ရောဂါဟာ အသက်ရှူတာနဲ့ နှလုံးခုန်နှုန်း စတဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်တစ်စိတ်တစ်ပိုင်း ထိခိုက်တာဖြစ်ပြီး အဲဒီလို ခံစားရသူတွေထဲမှာ ၈၅ ရာခိုင်နှုန်းကျော် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
နည်းပညာနဲ့ ယဉ်ပါးတဲ့ မော်လီကြောင့် မက္ကာဘီကို ဆရာဝန်တွေက အချိန်မီ ကုသနိုင်ခဲ့ကြပြီး မက္ကာဘီ ပကတိအတိုင်း အကောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ သမီးဖြစ်သူ မော်လီ FaceTime app သုံးတတ်သွားတဲ့ အကြောင်းရင်းကို မတွေးတတ်ဘူးလို့ ဒီဗွန်က ဆိုပါတယ်။ ဒါပေမဲ့ မော်လီက မှတ်ဥာဏ်အရမ်းကောင်းပြီး ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ကလေးလို့ ချီးကျူးခဲ့ပါတယ်။
Ref: Sunnyskyz ''3-Year-Old Saves Father's Life Using FaceTime''
မူရင်း။ ။Nz (ရိုးရာလေး)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။