
နယူးဇီလန်နိုင်ငံ မြို့တစ်မြို့မှာ ကြောင်ကင်းစင်ရေး ဒေသန္တရ အစီအစဉ်တစ်ခု ပြုလုပ်နေတာမို့ ကြောင်ချစ်သူတွေတော့ စိတ်တိုနေကြလောက်ပါပြီ။ ကြောင်များက ဒေသခံတိရစ္ဆာန်မျိုးစိတ်တွေကို တိုက်ခိုက်ခြင်းက ကာကွယ်ဖို့အတွက် ယခုလိုမျိုးအစီအစဉ် လုပ်ရတာလို့ ပြောကြပါတယ်။ ကြောင်ကင်းစင်မြို့ သတင်းနဲ့ပတ်သက်ပြီး နယူးဇီလန်တစ်လွှား အငြင်းအခုံတွေ ဖြစ်နေကြပါတယ်။ “ကျွန်တော်တို့ဟာ ကြောင်မုန်းသူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ရွာကို သားရိုင်း တိရစ္ဆာန်အရင်းအမြစ် ကြွယ်ဝတဲ့နေရာ ဖြစ်စေချင်တာပါ”လို့ အဲဒီမြို့ဒေသ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဂျွန်ကောလင်းစ်က ပြောကြားပါတယ်။ အဆိုပါ ပိတ်ပင်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်သွားမယ်လို့ မြို့ခံကြောင်ပိုင်ရှင်တွေက ပြောနေကြပါတယ်။ ကြွက်ပြဿနာရှိနေတာကြောင့် ကြောင်မရှိရင် သူ့အိမ်ဝန်းကျင် ကျန်းမာရေးပြဿနာ ကြုံရလိမ့်မယ်လို့ ဒေသခံတစ်ဦးက ပြောကြားပါတယ်။
Credit:the voice myanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။