
နိုင်ငံပေါင်းရှစ်နိုင်ငံမှ စန္ဒရားပညာ ရှင်ပေါင်း ၆၃၉ ဦးက တရုတ်နိုင်ငံတွင် ကျင်းပသည့် ပွဲတစ်ပွဲတွင် စန္ဒရားကို တစ်ပြိုင်တည်းတီးကာ ကမ္ဘာ့စံချိန်ချိုး ခဲ့ကြသည်။ စင်ပေါ်တွင် စန္ဒရားပေါင်း ၄၀ ကိုတီးပြီး အနီးရှိရင်ပြင်ကြီးတွင် စန္ဒရား ပေါင်း ၅၉၉ လုံးကို တစ်ချိန်တည်းတီးခဲ့ သည့်အတွက် စုစုပေါင်း ၆၃၉ လုံးကို တစ် ပြိုင်တည်းတီးခဲ့ခြင်းဖြစ်သည်ဟု ဟူဘီ ပြည်နယ် ဝူကွင်ကောင်တီတွင် ထိုပွဲကို စီ စဉ်ခဲ့သည့် စီစဉ်သူများက ဆိုသည်။ ပညာရှင်များထဲတွင် ဂရီဂိုရီဂရူဇ်မန်၊ အ လက်ဇန်းဒါးရှချင်မ်၊ စကော့တ်မက်ခ်ဘ ရိုက်ဒ်စမစ်နှင့် ပက်ထရီရှာဖရီလိခ်ျဆို သည့် နိုင်ငံတကာဂီတပညာရှင်များလည်း ပါသည်။ အဆိုပါစန္ဒရားပညာရှင်ကြီးများ ကို တရုတ်စန္ဒရားနည်းပြဆရာများနှင့် ကျောင်းသားကျောင်းသူများကလည်း ပါ ဝင်အားဖြည့်ပေးခဲ့သည်။ ပွဲတွင်ပါဝင်သူ များက ဖရန်ဇ်ရှချူဘာ၏ Marche Militaire in D Major ဆိုသည်ကို ပြိုင် တူတီးကာ ကမ္ဘာ့စံချိန်ချိုးလိုက်ခြင်းဖြစ် သည်။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်ဒေ သတွင် လူပေါင်း ၅၅၅ ဦးက ၂၀၀၇ ခုနှစ်တွင် စန္ဒရားကို တစ်ချိန်တည်းတီးကာ စံချိန်တင်ထားရာ ထိုစံချိန်ကို ယခုအဖွဲ့ကချိုးလိုက်ခြင်းဖြစ်သည်။
(UPI, 13.10.18) ချယ်ရီ
Credit:Pyimyanmar Journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။