
ခရစ္စမတ်လက်ဆောင်အိတ်ကို ဖြဲကြည့်လိုက်ရာမှ ကိုယ်မျှော်လင့်ထားသလို မဟုတ်တဲ့၊ မကြိုက်တဲ့လက်ဆောင်ကို ရတဲ့အခါ စိတ်ပျက်သွားရတဲ့ခံစားမှုကို ကလေး တော်တော်များများ သိကြပါတယ်။ ဂျာမနီက ကလေးတစ်ယောက်တော့ ရဲကို ဖုန်းဆက်တိုင်ခဲ့ပါတယ်။ ရဲကလည်း သူ့အိမ်ကို လာရောက်စစ်ဆေးပေးပါသတဲ့။ ရဲသားကြီးရောက်လာတဲ့အခါ ကောင်လေေးက ဆန်တာကလော့စ်ဟာ သူတောင်းဆိုထားတဲ့လက်ဆောင်ကို မပေးဘဲ တခြားဟာ လာထားသွားတယ်လို့ ပြောပါတယ်။ ခရစ္စမတ်ကာလမှာ အလုပ်ပါးနေတဲ့ ရဲသားကြီးက အဆိုပါအမှုကို လက်ခံစုံစမ်းပေးဖို့ သဘောတူလိုက်ပါတယ်။ တကယ်တော့ မိသားစုကပေးတဲ့လက်ဆောင်ကို ၉ နှစ်သားချာတိတ်က ဆန်တာကလော့စ်မှားပေးတယ်လို့ ထင်နေတာပါ။ နောက်ဆုံးတော့ ရဲသားကြီးက ဆန်တာကလော့စ်ဟာ အလုပ်များနေလို့ လက်ဆောင်စာရင်းမှားတာဖြစ်ပါကြောင်း ဒီနှစ်တော့ သည်းခံစေလိုပါကြောင်း ဖျောင်းဖျပေးခဲ့ရပါသတဲ့။
Credit:The Voice myanmar news journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။