Showing posts with label @. Show all posts
Showing posts with label @. Show all posts

Tuesday, October 15, 2013

မွေးနေ့အမှတ်တရ........


သြော်ဘာလိုလိုနဲ့ နောက်တစ်နှစ်တောင် အသက်ကြီးသွားပြန်ပါပြီ...
မနှစ်က အမှတ်တရ ရေးခဲ့တာ မကြာသေးဘူးထင်နေတာ တစ်နှစ်တောင်ကြာသွားပြီပေါ့။
ဒီနေ့မှာ အရင်ဆုံးစဉ်းစားမိတာကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က
အမေ့ပုံရိပ်ကိုပါ။ ၈၃ ခု အာဇာနည်ကုန်းဗုံးပေါက်ကွဲလို့ ရေဒီယိုသတင်းနားထောင်နေချိန်မှာ
အမေတစ်ယောက် ကျွန်တော့်ကို မွေးဖို့ ကြိုးစားနေရမှာပါ။
အဲဒီအချိန်တုံးက နာလွန်းလို့ အမေ မျက်ရည် ကျခဲ့ရသလားဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော်အရွယ်ရောက်ချိန်မှာ ဆိုးခဲ့မိလို့ ကျွန်တော်မသိအောင်
အမေ မျက်ရည်ကျခဲ့ရတာတွေ မနည်းခဲ့ပါဘူး။ အငယ်ဆုံးမို့လို့ မျှော်လင့်ချက်တွေ
များစွာထားခဲ့ပေမယ့် ဒီနေ့အထိ ဘာမှဖြစ်မလာခဲ့တာ အမေ ယူကျုံးမရဖြစ်နေမှာပါ။
ကျွန်တော် ဒီနေ့အချိန်မှာ ပေးနိုင်တဲ့ ဂတိတစ်ခုကတော့နောင်ကျန်ခဲ့တဲ့ ဘ၀အစိတ်အပိုင်း
မှာ အတ္တတွေ နည်းအောင်ထိန်းချုပ်ပြီး အများကြီး မဟုတ်တောင် အနီးအနားမှာ
ရှိကြတဲ့သူတွေအပေါ် ဖြည့်ဆည်းမှု ၊ ပေးဆပ်မှုလေးတွေ ပေးရင်း ဖယောင်းတိုင်လို
ကျင့်သုံးသွားပါမယ်...အမေ...................

Wednesday, September 4, 2013

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

သူငယ်ချင်းတို့အတွက်ပိုစ့်အသစ်များကို တင်ပေးရန်ကြိုးစားပေးနေပါတယ်။
အခုတော့ ပိုစ့်အဟောင်းက ပုံ မပေါ်ပဲ ပျက်သွားသော ပိုစ့်များကို ပြန်ပြင်ပြီး
တင်ပေးနေပါတယ်။ ဒါကြောင့် ပိုစ့်အသစ်များ မတင်ဖြစ်သေးသည်ကို ခွင့်လွှတ်ကြပါ။
ပြုံးစရာ ခေါင်းစဉ်အောက်က ပုံ မပေါ်တဲ့ ပိုစ့် များကို ရှာလို့ရသမျှ ပြန်တင်ပေးလိုက်ပါတယ်။

အမှတ်တမဲ့အလွဲများ(၉)

အမှတ်တမဲ့အလွဲများ(၈)

အမှတ်တမဲ့ အလွဲများ(၇)

နောက်ပိုင်းလည်းဆက်လက်ကြိုးစားတင်ပေးနေပါမယ်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............. နေခရမ်း
Related Posts Plugin for WordPress, Blogger...