Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, January 27, 2017

အလေးချိန် ပေါင် (၁၇၀၀၀) ရှိတဲ့ ထရပ်ကားကို ဆွဲပြခဲ့တဲ့ အမျိုးသမီး


ကနေဒါ နိုင်ငံမှ အမျိုးသမီး တစ်ဦးဟာ မထင်မှတ်တဲ့  စံချိန် တစ်ရပ်ကို ချိုးပြနိုင်ခဲ့ ပါတယ်။ အမျိုးသား တွေတောင် မလုပ်နိုင်တဲ့ အရာကို လုပ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒါကတော့ အလေးချိန် ပေါင် (၁၂၀၀၀) ရှိတဲ့ ထရပ်ကားကို ဆွဲပြခဲ့တာ ဖြစ်ပါတယ်။ ထရပ်ကားကို ကြိုးနဲ့ ချည်နှောင်ပြီး ပေ(၁၀၀) အကွာအဝေးကို ရောက်ရှိအောင် ဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။ လိုင်ယာ ဂရီမာနစ်ဟာ အလေးချိန် အများဆုံး ကားကို ပေ (၁၀၀) အထိ ရောက် အောင် ဆွဲပြနိုင်တဲ့ အမျိုးသမီး အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။ ဂရီမာနစ်ဟာ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်နေသူ ဖြစ်ပြီး အခုလို ဆွဲပြ နိုင်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးအမြတ် တွေကို ပြန်လည် လှူဒါန်းမှု ပြုလုပ်ခဲ့ ပါတယ်။ ငယ်စဉ်က အိမ်ခြေမဲ့ အဖြစ် ဖြတ်သန်းခဲ့ရ တာကြောင့် ကြုံတွေ့ ရတဲ့ ဒုက္ခတွေကို အခြားသူတွေ မခံစားရအောင် စံချိန် တစ်ရပ်ကို ချိုးဖျက်ပြ ခဲ့တာ ဖြစ်ပါတယ်။
                လက်ရှိ အချိန်မှာ ဂရီမာနစ်ဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်နေပြီး လူမှု အဖွဲ့အစည်း တစ်ဖွဲ့ ထူထောင်ကာ အကူအညီ တွေပေး နေသူလည်း ဖြစ်ပါတယ်။ အသက် (၄၂) နှစ်ရှိနေပြီ ဖြစ်တဲ့ ဂရီမာနစ်ဟာ အလေးချိန် ပေါင် (၁၂၀၀၀) ရှိတဲ့ ကားကို ဆွဲပြရာမှာ အိုလံပစ် ချန်ပီယံဆု သုံးကြိမ် ရထားတဲ့ မာရီနီ မက်ဘင်းက ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။ ဂရီမာနစ်ဟာ ဒီဇင်ဘာ (၁၂) မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ (၄၂)နှစ်မြောက် မွေးနေ့ မှာ စံချိန်ချိုး ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြု လုပ်ရာမှာ အလေးချိန်ပေါင် (၁၂၀၀၀) ရှိတဲ့ ကားကို (၁၀) ပေ ရွေ့သွားတိုင်း အလေးချိန်ပေါင် (၁၀၀၀ )ရှိတဲ့ အစားအစာတွေ ရရှိမှာ ဖြစ်ပါတယ်။ ပေ (၁၀၀) ရွေ့အောင် ပြုလုပ်နိုင်ခဲ့ တာကြောင့် အလေးချိန် ပေါင် (၁၀၀၀၀) ရှိတဲ့ အစား အစာတွေ ရရှိခဲ့ပြီး မရှိတဲ့ သူတွေကို လှူဒါန်း နိုင်ခဲ့ပါတယ်။ ဂရီမာနစ်ဟာ ဒေါက်မြင့် ဖိနပ်စီးပြီး အလေးချိန်ပေါင် (၁၅၀၀၀) ရှိတဲ့ ထရပ်ကားကို ငါးမီတာ အထိ ဆွဲပြဖို့ ကြိုးစားခဲ့ ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ အဖွဲ့အစည်း တစ်ခု ထံကနေ အလှူငွေ ဒေါ်လာ (၂၅၀၀၀) ရရှိခဲ့ပြီး လှူဒါန်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါ တယ်။
Credit:messenger

Friday, May 31, 2013

စံပယ်ဒဏ္ဍရီ...(၂)


    *စံပယ်တွေ ပွင့် ပြီ...ခင်
      မြင်လှည့် အောင်ကြည့် စမ်းပါ။
      အကြင်နာ စံပယ်နှစ်
      မြင်မိသူ ဘ၀င်ထိအောင်
       အလှတွင် အယဉ်ဆင့် 
      ဖွေးဖွေးလှုပ်ပွင့် နေတယ်။
    *ပင်ပျိုးသူ ဦးယျာဉ်မှုးမှာ
      လက်လှမ်းကာဟန်ပြင်ပြီးမှ
      အလှတွေ လျှော့ ကာရှော
      ညှိုးမှာကို စိုးထိတ်မိလို့ 
      လက်ရွ့ံကာ တုံ့ နှေး
      ဒီတခါလည်း
      တွေဝေနှောင့် နှေး.....။    ။

မှတ်ချက်။   ။တစ်ချိန်တုံးကရေးခဲ့တဲ့ကဗျာလေးတွေပါ။ဒီဆိုဒ်မှာမတင်ရသေးလို့တင်လိုက်ပါတယ်။
မကောင်းပေမယ့် ခွင့်လွှတ်ဖတ်ပေးကြပါနော်။။။

စံပယ်ဒဏ္ဍာရီ...(၁)


ဖြူလွလွ  စံပယ်ခင်ရယ်

ဆွတ်ယူသူ  သခင်ရှိရင်

ကေသာထက်  သီကုံးဖွဲ့ ကာ

နေမယ်ဟန်  မာန်ဝန့် ပါလို့ 

စံပယ်ရယ်

မင်း...ဝေချိန်တန်တုံး...၊

အညှာခြွေ  လေအဝှေ့ မှာ

ကြွေရန်ချိန်  မတန်သေးခင်

ပင်ယံထက်  အလှဆင့်ကာ

စံပယ်ရယ်

မင်း...မာန်ဝင့် နေဦး...၊

ဆွတ်ယူသူ  သခင်မဲ့ပြီ

နုပျိုချိန်  ကုန်ဆုံးပြီမို့ 

မြေယံထက်  အလှမဲ့ ကာ

စံပယ်ရယ်

မင်း...ကြွေချိန်နောက်ဆုံး...။     ။

သဲလိုက်တဲ့ မိုး


ရွှေမိုးရယ် ထစ်ချုန်းသံနှင့်
ညှိုးချက်ကယ် မကျန်သာတယ်
မစဲပဲ သွန်ကာဖြိုးလို့
သဲလိုက်တဲ့ မိုး.....
ရင်လွမ်းသူ အနေခက်အောင်
ကြည့်လေရာ လွမ်းပူတိုးသမို့
မညှာတာ သူစေရက်တယ်
သဲလိုက်တဲ့ မိုး ။      ။

မှတ်ချက် ။    ။ဒီနေ့ မိုးတွေရွာနေတုံး တစ်ချိန်က အတိတ်ကလေးကို
သတိရမိပါသဖြင့် ဒီကဗျာတိုလေးကို ရေးမိပါတယ်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ........... နေခရမ်း
Related Posts Plugin for WordPress, Blogger...