Ref: ပြည်မြန်မာ
နေခရမ်း....
|
Showing posts with label ဂရင်းနစ်မှတ်တမ်းများ(အခြားဆိုဒ်). Show all posts
Showing posts with label ဂရင်းနစ်မှတ်တမ်းများ(အခြားဆိုဒ်). Show all posts
Monday, August 6, 2012
ကမ္ဘာ့အကြီးဆုံး ကော့တေးခွက်ကြီး
Ref: ပြည်မြန်မာ
Thursday, July 19, 2012
လူပေါင်း၁၃၅ဦး တံတားပေါ်မှပြိုင်တူ ဘန်ဂီခုန်ချပြီး ကမ္ဘာ့စံချိန်တင်
ရုရှားနိုင်ငံရှိ တံတားတစ်ခုပေါ်မှနေ၍ လူပေါင်း၁၃၅ ဦးပြိုင်တူ ဘန်ကီခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၃ရက်နေ့တွင် ဖော်ပြသည်။ ၎င်းတို့ ဘန်ကီခုန်ချပုံကို ဗီဒီယိုပြကွက်အဖြစ် YouTube ၌တင်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ပထမဆုံး ခေတ်သစ်ဘန်ဂီခုန်ချမှုကို ၁၉၇၉ခုနှစ် ဧပြီလ၁ရက်နေ့က အောက်စ်ဖို့ဒ်တက္ကသိုလ် အန္တရာယ်များသော အားကစားကလပ် အဖွဲ့ဝင်များက ဘရစ္စတိုးမြို့ရှိ ပေ၂၅၀မြင့်သော ကလစ်ဖ်တန်ဆက်စပန်းရှင်း တံတားပေါ်မှ ခုန်ချကာ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ခုန်ချပြီးမကြာမီ ခုန်ချသူအားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းနောက် အမေရိကန်ပြည်ထောင်စုရှိ ဂိုးလ်ဒင်းဂိတ်နှင့် ရွိုင်ရယ်ဂျော့တံတားများပေါ်မှ ဘန်ဂီခုန်ချမှုများ ပြုလုပ်ခဲ့ကြပြီး တစ်ကမ္ဘာလုံးသို့ ပံျ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
Wednesday, July 4, 2012
လေထီးခုန်သမားက ဟိမ၀န္တာတောင်တန်းမှ ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်
ကျော်ကြားသော Base Jump လေထီးခုန်သမား ဗယ်လာရီရိုဇော့ (၄၇နှစ်)သည် ဟိမ၀န္တာတောင်တန်းပေါ်မှ ခုန်ချပြီး ကမ္ဘာ့အမြင့်ဆုံး BaseJumpအဖြစ် ဇွန်လ ၆ ရက်နေ့တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုရှားလေထီးခုန်သမားသည် ၆၄၂၀မီတာ အမြင့်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူသည်တောင်ပေါ်သို့ တက်ရာတွင် ငါးရက်ကြာခဲ့ပြီး အောက်သို့ပြန်ခုန်ဆင်းရာတွင် ၃၀ စက္ကန့်သာကြာခဲ့သည်။
ref: Swesone Media Group
ရေအောက်၌ အသက်ရှူကိရိယာမပါဘဲ ၂၂မိနစ်နှင့် ၂၂စက္ကန့် အသက်ရှူအောင့်ပြပြီး ကမ္ဘာ့စံချိန်တင်
ဂျာမန်လူမျိုး အလွတ် ရေငုပ်သမား တွမ်ဆိုက်တာ(၃၅ နှစ်)ဆိုသူသည် ရေအောက်၌ ၂၂
မိနစ်နှင့် ၂၂ စက္ကန့်ကြာ အသက်ရှူအောင့်ပြခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ကာ
ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း ထဲသို့ဝင်ရောက်သွားကြောင်း သိရသည်။ သူသည်
ဘရာဇီးလူမျိုးရီကာ ဒိုဘာဟီယာတင်ထားသည့် စံချိန်ဟောင်းကို
ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ဘာဟီယာ၏စံချိန်မှာ ၂၀မိနစ်နှင့် ၂၁
စက္ကန့်ဖြစ်သည်။ တွမ်ဆိုက်တာသည် ယခုသီတင်းပတ်အကုန်က တရုတ်နိုင်ငံတွင်
ယခုကဲ့သို့ စံချိန်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်တာ၏ အဆုတ်သည်
ပုံမှန်လူများထက် လေကိုသိုလှောင်ထားနိုင်သည့် ပမာဏ ၂ဝရာခိုင်နှုန်း
ပိုများပြီး သူ၏ ရေငုပ်ပညာသင်တန်းမှူးက သူ၏အသက်ရှူအောင့်နိုင်စွမ်းကို
စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ref: Swesone Media Group
ref: Swesone Media Group
Thursday, June 28, 2012
ကမ္ဘာ့အထူးချွန်ဆုံး မျက်နှာလိမ်တွန့်ကာ ရုပ်ဖျက်ပညာရှင်
တရုတ်နိုင်ငံမှ မျက်နှာလိမ်တွန့်ကာ ရုပ်ဖျက်သည့်ပညာရှင် တန်ရှုကွမ်(၄၃နှစ်)သည် မျက်နှာကို အလိမ်တွန့်နိုင်ဆုံးလူအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်း၌ ဖော်ပြခံရသူဖြစ်သည်။ သူက သူ့ထက်ပို၍ မျက်နှာလိမ်တွန့်နိုင်သူရှိပါက မည်သူ့ကိုမဆို ယွမ်ငွေ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅,၀၀၀)ချီးမြှင့်မည်ဖြစ်ကြောင်းဇွန်လ ၆ ရက်နေ့ တွင် ကြေညာခဲ့သည်။ သူသည် တရုတ်နိုင်ငံစီချွမ်ပြည်နယ် ချန်ဒူးမြို့၌ နေထိုင်သူဖြစ်ပြီး ကမ္ဘာ့မျက်နှာအလိမ် တွန့်နိုင်ဆုံး ပုဂိုလ်ဖြစ်ပြီး ပြိုင်ဘက်မရှိပေ။ သူသည် ၁ဝနှစ်နီးပါးကြာအောင် ကမ္ဘာလှည့်ကာ သူ၏ပညာကို ပြသခဲ့သူဖြစ်ပြီး ဇွန်လ၆ရက်နေ့က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝဝဝဝနှင့် ဂင်းနက်စ်ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
@Pyimyanmar
Tuesday, June 5, 2012
၇၈ ပေမြင့်သောလှိုင်းလုံးစီးပြီး အမေရိကန်နိုင်ငံသားကမ္ဘာ့စံချိန်တင်
ပြီးခဲ့သည့်နှစ်နိုဝင်ဘာလက ပေါ်တူဂီနိုင်ငံတွင် ၇၈ ပေအမြင့်ရှိလှိုင်းလုံးစီးနိုင်ခဲ့သော အမေရိကန်နိုင်ငံသားဂါရက်မက်နာမာရာကို အမြင့်ဆုံးလှိုင်းလုံးစီးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေးအဖွဲ့က
မေလ ၁၀ ရက်နေ့တွင်အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘောကြီး
နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ရေကြောင်းဖြင့် ကမ္ဘာပါတ်မည့် ခရီးစဉ်အဖြစ်
Turanor PlanetSolar ဟု အမည်ရသော ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်
စွမ်းအင်သုံး သင်္ဘောသည် မနားမား တူးမြောင်းမှ စတင်ထွက်ခွာလာရာ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လျက် သြစတေးလျနိုင်ငံ Brisbane မြို့တော် သို့ မေလ
၂၉ ရက်နေ့က ဆိုက်ရောက်လာခဲ့သည်။

တရုတ် မှ ရေခဲလူသား
ဟူနန်- ဇန်နဝါရီ (၃)-၂၀၁၁
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ဒေသမြို့တော် Zhangjiajie တွင် တရုတ် ရေခဲလူသား Jin Songhao သည် ရေခဲတုံများ ထည့်ထားသော ပလပ်စတစ် မှန်ပုံးထဲတွင် ရေကူးဘောင်းဘီ ဝတ်ဆင်ပြီး မိနစ် ၁၂၀ ကြာ နေထိုင်ပြကာ ကမ္ဘာ့ ရေခဲလူသားအဖြစ် ဇန်နဝါရီ (၃)ရက် တနင်္လာနေ့က စံချိန်သစ် တင်လိုက်ကြောင်း သိရသည်။
Jin Songhao နှင့် အခြားပြိုင်ဘက် တစ်ဦးဖြစ်သော Chen Kecai တို့သည် ရေခဲဒဏ် ခံနိုင်ရည်ရှိမှု စွမ်းရည် ပြိုင်ဆိုင်ကြရာ ၎င်းတို့နှစ်ဦးသည် ခန္ဓာကိုယ်တွင် ရေကူးဘောင်းဘီမှ လွဲ၍ ဘာမှမဝတ်ဆင်ဘဲ ရေခဲတုံးများနှင့် အတူ လူတစ်ရပ်ကျော် မြင့်သော ပလပ်စတစ် မှန်ပုံးထဲတွင် နေထိုင်ပြခဲ့သည်။
Jin Songhao က ရေခဲတုံးများကြားတွင် မိနစ် (၁၂၀) ကြာ နေထိုင်ကာ ယခင်စံချိန်ဟောင်းဖြစ်သော ရေခဲလူသား Win Hof ၏ စံချိန်ကိုချိုးကာ စံချိန်သစ်တင်ခဲ့သည်။ ပြိုင်ဘက်ဖြစ်သူ Chen Kecai မှာ Jin Songhao ထက် ၂ မိနစ် လျော့နည်းပြီး (၁၁၈) မိနစ် နေနိုင်ခဲ့သည်။ ယခင် ကမ္ဘာ့စံချိန်ဟောင်းမှာ ဒါတ်(ချပ်) လူမျိုး ရေခဲလူသား Win Hof ၏ စံချိန်ဖြစ်ပြီး ရေခဲထဲတွင် (၁၁၅) မိနစ်ကြာ နေနိုင်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး မြင်ကွင်းကျယ် ပန်းချီကား
တရုတ်နိုင်ငံ အလယ်ပိုင်း Zhengzhou မြို့တွင် ပြသထားသော Splendid
Central Plains ဟူသော အမည်ရှိသည့် မြင်ကွင်းကျယ် ပန်းချီကားကြီသည် ဂင်းနစ်
ကမ္ဘာ့မှတ်တမ်း စာအုပ်မှ ချီးမြှင့်သည့် ကမ္ဘာ့အကြီးဆုံး မြင်ကွင်းကျယ်
ပန်းချီကား လက်မှတ်ကို ရရှိကြောင်း သိရသည်။
ထို ပန်းချီကားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ဒေသတွင် ပြသထားပြီး စုစုပေါင်း ဧရိယာ စတုရန်း မီတာ ၃၅၂၀ ကျယ်ပြန့်ကြောင်း သိရသည်။

ထို ပန်းချီကားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ဒေသတွင် ပြသထားပြီး စုစုပေါင်း ဧရိယာ စတုရန်း မီတာ ၃၅၂၀ ကျယ်ပြန့်ကြောင်း သိရသည်။
ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ
ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ
မျက်နှာကို လှအောင်လုပ်တာပဲကြားဖူးပါတယ် ။ ဘယ့်နှယ့် သူတို့ကျမှပဲ မျက်နှာကို ဆိုးဝါးအောင် လုပ်ချင်ကြ တာပါလိမ့် ။ ဒီတစ်ခေါက်မှာတော့ ဆင်ဟွာ သတင်းဌာနကြီးက ရွေးချယ်ပေးထားတဲ့ ကမ္ဘာ့ စိတ်ပျက် ဖွယ် အကောင်းဆုံး ဆိုးဝါးဆုံး မျက်နှာ များကို တင်ပြပေးလိုက်ပါတယ် ။

ကမ္ဘာ့အရှည်လျားဆုံးရထားလမ်း
တရုတ်တို့ ရထားလမ်း အိပ်မက် အကောင်ထည်ဖော်နိုင်ခဲ့ပြီ
တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ကတည်း က ရည်မှန်းထားတဲ့ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖစ်ပါတယ်။ လက်ရှိမှာ တရုတ်ပြည်ဟာရထားလမ်းအရှည်လျားဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ဖြစ်နေပါပြီ။
တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ
Monday, June 4, 2012
ကမ္ဘာ့အရပ်အပုဆုံးဖြစ်သွားတဲ့ နီပေါအကျဉ်းသား
နီပေါနိုင်ငံ အနောက်တာင်ပိုင်းရှိ အသက် (၇၂)နှစ်အရွယ် Chandra Bahadur Dangi လို့ ခေါ်သော နီပေါနိုင်ငံသား အကျဉ်းသားဟာ အရပ်အမြင့် ၅၄.၆ စင်တီမီတာ အမြင့်နဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်သွားခဲ့ကြောင်း သိရသည်။
ယခင်က အရပ်အပုဆုံး ဂင်းနစ်စံချိန်တင်ထားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသားထက် ၅.၃စင်တီမီတာ ပိုပြီး အရပ်ပုနေခဲ့တာဖြစ်ကြောင်း သိရသည်။
Wednesday, May 30, 2012
ရုရှားနိုင်ငံမှ ခန္ဓာကိုယ်အပျော့ပျောင်းဆုံးမိန်းကလေး
ရုရှားနိုင်ငံမှ
Zlata ဆိုတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းမှု ပြကွက်တွေဖြစ်ပါတယ် ။
အံ့သြဖွယ် ရကောင်း လောက်အောင်ပျော့ပျောင်းတဲ့ သူမရဲ့ ပြကွက်တွေဟာ
မြင်သူတကာရင်ကို ရင်သပ်အံ့သြ သွားစေပါတယ် ။

Subscribe to:
Posts (Atom)