မျက်နှာတွင် အကျိတ်ပေါင်း၇၀ ကြီးထွားနေသောကြောင့် ထူးဆန်းသော သတ္တ၀ါကြီးကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော တရုတ်အမျိုးသမီးတစ်ဦးကို တရုတ်ဆေးရုံတစ်ရုံက အခမဲ့ ကုသပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း DMသတင်းဌာနက ဇူလိုင်လ ၁၈ရက်နေ့တွင် ဖော်ပြခဲ့သည်။ လီဟောင်ဖန် (၄၀နှစ်)သည် အရေပြားအောက်ရှိ တစ်သျှူးများကို ကြီးထွားစေ သော ရှားရှားပါးပါး အရိုးကင်ဆာရောဂါ တစ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ သူသည် ခွဲစိတ်ကုသရန် မတတ်နိုင်သောကြောင့် Chordomaဟုခေါ်သော ရောဂါကို ဆယ်စုနှစ်တစ်ခု ကျော်အောင် ခံစားခဲ့ရသည်။ ယင်းနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်၊ မြို့တော်စီယန်းမြို့မှ ဆေးရုံကသူ့အား အခမဲ့ကုသပေးကာ အကျိတ်များကို ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ ကုသစရိတ်မှာ အမေရိကန် ဒေါ်လာ၉၀,၀၀၀ ကုန်ကျမည်ဖြစ်သော် လည်း ခွဲစိတ်ကုသမှုကို ဆေးရုံက အခမဲ့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ရှန်စီပြည်နယ်ရှိ ရှန်ချောင်းရွာမှ လီဟောင်ဖန်သည် ယခုအခါ ပုံမှန်ဘ၀အတိုင်း နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
နေခရမ်း....
|
Showing posts with label ထူးဆန်းလူသား(အခြားဆိုဒ်). Show all posts
Showing posts with label ထူးဆန်းလူသား(အခြားဆိုဒ်). Show all posts
Wednesday, August 1, 2012
မျက်နှာမှ အကျိတ်ပေါင်း ၇၀ကို ဖယ်ရှားပြီးနောက် တရုတ်အမျိုးသမီး ပြန်လည်ကျန်းမာလာ
မျက်နှာတွင် အကျိတ်ပေါင်း၇၀ ကြီးထွားနေသောကြောင့် ထူးဆန်းသော သတ္တ၀ါကြီးကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော တရုတ်အမျိုးသမီးတစ်ဦးကို တရုတ်ဆေးရုံတစ်ရုံက အခမဲ့ ကုသပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း DMသတင်းဌာနက ဇူလိုင်လ ၁၈ရက်နေ့တွင် ဖော်ပြခဲ့သည်။ လီဟောင်ဖန် (၄၀နှစ်)သည် အရေပြားအောက်ရှိ တစ်သျှူးများကို ကြီးထွားစေ သော ရှားရှားပါးပါး အရိုးကင်ဆာရောဂါ တစ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ သူသည် ခွဲစိတ်ကုသရန် မတတ်နိုင်သောကြောင့် Chordomaဟုခေါ်သော ရောဂါကို ဆယ်စုနှစ်တစ်ခု ကျော်အောင် ခံစားခဲ့ရသည်။ ယင်းနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်၊ မြို့တော်စီယန်းမြို့မှ ဆေးရုံကသူ့အား အခမဲ့ကုသပေးကာ အကျိတ်များကို ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ ကုသစရိတ်မှာ အမေရိကန် ဒေါ်လာ၉၀,၀၀၀ ကုန်ကျမည်ဖြစ်သော် လည်း ခွဲစိတ်ကုသမှုကို ဆေးရုံက အခမဲ့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ရှန်စီပြည်နယ်ရှိ ရှန်ချောင်းရွာမှ လီဟောင်ဖန်သည် ယခုအခါ ပုံမှန်ဘ၀အတိုင်း နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Wednesday, July 25, 2012
အသက်၉၁နှစ်အရွယ်ရှိ ဒုတိယကမ္ဘာစစ် စစ်သားဟောင်းကြီးကသွားဖြင့် ကားတစ်စီးကို ဆွဲပြ
ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားဟောင်းတစ်ဦးဖြစ်သော မိုက်ဂရင်းစတိန်း(၉၁ နှစ်)သည် သူ၏၂၀၀၆ခုနှစ် မော်ဒယ်Buickကားကို ဇူလိုင်လ၄ရက်နေ့တွင် နယူးယောက်စီးတီးရှိ ၄၈လမ်းပေါ်တွင် သွားကိုအသုံးပြုကာ ဆွဲပြခဲ့ကြောင်းသိရသည်။ သူသည် သူကိုယ်တိုင် လွန်ခဲ့သည့်၇၅နှစ်က ပြုလုပ်ပြခဲ့ဖူးသည့် ပုံစံအတိုင်း ကားကို ကြိုးဖြင့်ချည်ကာ သူကကြိုးထိပ်ရှိ သားရေပြားကို ကိုက်လျက်ဆွဲပြခဲ့ခြင်းဖြစ်သည်။ အဆိုပါကားသည်ပေါင် ၃၈၀၀လေးပြီး မိုက်ဂရင်းစတိန်း၏ အရပ်အမြင့် ၅ပေ၄ လက်မသာရှိသည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်း လေတပ်တွင် အမှုထမ်းခဲ့ပြီး နိုင်ငံရပ်ခြား၌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ref: ပြည်မြန်မာ
အမျိုးသမီးတစ်ဦး ကျောက်ခဲများ ၀ါးစားခြင်းအား ၀ါသနာထုံနေ
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဘက်ဖို့ဒ်မြို့မှ တာရီဆာဝိုင်ဒန်နာ (၄၅နှစ်)သည် အနှစ်၂၀လုံးလုံး ကျောက်ခဲများနှင့် ကျောက်စရစ်ခဲများကို စားလာခဲ့ရာ စုစုပေါင်းအလေးချိန် ၁၃၆၀ကီလိုဂရမ် (၃၀၁၀ ပေါင်)ခန့် ရှိပြီဖြစ်ကြောင်း Metroသတင်းဌာနက ဇူလိုင်လ၁၂ရက်နေ့က ဖော်ပြသည်။ သူသည်ကလေးနှစ်ယောက် အမေဖြစ်ပြီး သူကကျောက်ခဲများသည် သူ့အတွက် အရသာအရှိဆုံး အစားအစာများ ဖြစ်သည်ဟုဆိုသည်။ သူက သူ့အနေဖြင့် စိတ်ညစ်ရသည့်နေ့များတွင် ကျောက်ခဲများစားခြင်းကသာ ဖြေသိမ့်စရာရှိသည် ဟုဆိုသည်။ ၀ိုင်ဒန်နာသည်သည် Picaဟုခေါ်သော စိတ်ရောဂါတစ်မျိုး ရှိနေခြင်းကြောင့် ထူးဆန်းသော အရာဝတ္ထုများကို စားရခြင်းအား စွဲလန်းနေခြင်း ဖြစ်သည်ဟုဆိုသည်။
ref: ပြည်မြန်မာ
Thursday, July 19, 2012
လေထီးခုန်ချသူတစ်ဦး လေထီးမပွင့်ဘဲ မီတာ၁၂၀အမြင့်မှ ပြုတ်ကျသော်လည်း အသက်မသေ
အဆောက်အအုံမြင့်များပေါ်မှ လေထီးခုန်ချသူတစ်ဦးသည် မီတာ၁၂၀ မြင့်သော အဆောက်အအုံပေါ်မှ လေထီးခုန်ချရာ လေထီးမပွင့်ဘဲ ပြုတ်ကျခဲ့သော်လည်း အသက်မသေကြောင်း DMသတင်းဌာနက ဇူလိုင်လ၄ရက်နေ့တွင် ဖော်ပြသည်။ ရုရှားနိုင်ငံ ကိုနာကိုဗာမြို့တွင် ယင်းကဲ့သို့ လေထီးခုန်ချခဲ့ခြင်းဖြစ်ပြီး အဆိုပါလူငယ် လေထီးခုန်သမားသည် မြေပြင်ရှိ နှင်းများက ကူရှင်ကဲ့သို့ ဖြစ်နေသောကြောင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူသည် ကျောရိုး၊ တင်ပဆုံရိုးနှင့် ခြေထောက်ရိုးများ ကျိုးခဲ့သော်လည်း ယခုကဲ့သို့ သုံးလကြာပြီးနောက် လမ်းပင်ပြန်လျှောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Wednesday, July 4, 2012
နီယာဂါရာ ရေတံခွန်ပေါ်ဖြတ်ကျော်ကာ ကြိုးတန်းလမ်းလျှောက်ပြသည့် ပထမဆုံးလူသားဖြစ်လာ
ဇွန်လ၁၅ရက်နေ့က နစ်ခ်ဝေါ်လန်ဒါ (၃၃နှစ်)ဆိုသူသည် နီယာဂါရာရေ တံခွန်ပေါ်၌
ကြိုးတန်းလမ်းလျှောက်ပြပြီး ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး
လူသားဖြစ်လာကြောင်း သိရသည်။ သူသည် ဇွန်လ၁၅ရက်နေ့ညတွင် မြူနှင်းများကျနေသော
ရေတံခွန်ပေါ်၌ ပေပေါင်း၁၈ဝဝ အကွာအဝေးကို ကြိုးတန်းလမ်းလျှောက်မှု
ပြုလုပ်ပြခဲ့ခြင်းဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စုမှ
ကနေဒါသို့လာရောက်ရာတွင်လည်း ခရီးစဉ်တစ်လျှောက်လုံး
လမ်းလျှောက်၍လာခဲ့ခြင်းဖြစ်သည်။ သူသည် ကြိုးတန်း၏ တစ်ဖက်စွန်းမှ
အခြားတစ်ဘက်စွန်းသို့ ရောက်ရှိရန်အတွက် ၂၅မိနစ်သာကြာခဲ့သည်။
သူလမ်းလျှောက်ပြခဲ့သည့် ကြိုးသည် သံမဏိကြိုးဖြစ်ပြီး
အချင်းနှစ်လက်မသာရှိသည်။
ref: Swesone Media Group
ref: Swesone Media Group
အောက်ပိုင်းလုံးဝမရှိသည့် လူကပေပေါင်း၁၉၀၀၀ မြင့်သည့်တောင်ကို လက်ဖြင့်တွားသွားကာ အောင်မြင်စွာတက်ရောက်နိုင်ခဲ့
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ အောက်ပိုင်းလုံးဝမရှိသည့် ဆပင်ဆာဝက်စ် ၃၁နှစ်သည် ဇွန်လ၂ဝရက်နေ့တွင် ပေပေါင်း၁၉၃၄၁မြင့်သည့် ကလီမန်ဂျာရိုးတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ သူသည် အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ကို လက်များဖြင့်တွားသွားကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် မြေပြင်အခြေအနေ ကောင်းသည့်နေရာ၌ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး ကျန်နေရာများတွင် လက်ဖြင့်သာတွားသွားခဲ့ခြင်းဖြစ်သည်။ သူသည် တောင်ထိပ်သို့ ရောက်ရှိရန်အတွက် ခုနှစ်ရက်ကြာခဲ့ကြောင်း သိရသည်။ ဝက်စ်သည် SacralAgenesisဟုခေါ်သော ရှားရှားပါးပါး မွေးရာပါဗီဇချို့ယွင်းမှုကြောင့် ခါးအောက်ပိုင်းအရိုးများ ဖွံ့ဖြိုးမှုမရှိဘဲ မွေးဖွားလာခြင်းဖြစ်သည်။
ref: Swesone Media Group
Thursday, June 28, 2012
တရုတ်၌ စုံတွဲ ၇၅ တွဲ တစ်ပြိုင်နက် မင်္ဂလာဆောင်
ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင် ပြည်နယ်
ရှန်ယန်းမြို့တွင် စုပေါင်းမင်္ဂလာပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ထပ်မင်္ဂလာပွဲ အခမ်းအနား၌ စုံတွဲပေါင်း ၇၅ တွဲ ပါဝင်သည်။ မင်္ဂလာပွဲသို့ ၄င်းတို့၏ မိသားစု၊ ဆွေမျိုးများနှင့် မိတ်ဆွေသင်္ဂဟပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
@ Pyi Myanmar
ဆေးရုံတက်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်းသိရသူ
အမျိုးသားတစ်ဦးသည် ကျောက်ကပ်၌ ကျောက်တည်သောကြောင့် ဆေးရုံတက်ကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်း သိရသည် ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သော စတိဗ်ခရီဆဲလ်လီး ယပ်စ်သည် မွေးလာစဉ်ကတည်းက အမျိုးသားနှင့် အမျိုးသမီး ဗီဇနှင့် အင်္ဂါနှစ်ရပ်စလုံး ပါဝင်ခဲ့ပြီး ကာလကြာရှည်စွာ သူ၏အမျိုးသမီးဖြစ်မှုက ပုန်းကွယ်နေခဲ့သည်ဟုဆိုသည်။ အာထရာ ဆောင်းစစ်ဆေးမှု၌ အမျိုးသမီးအင်္ဂါများကို တွေ့ရှိခဲ့ရပြီးနောက် အမျိုးသားတစ်ဦးအဖြစ် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သော စတိဗ်သည် စတီဗီဟု အမည်ပြောင်းလဲကာ နေထိုင်ခဲ့ရသည်။ သူသည် အမျိုးသားတစ်ယောက်အဖြစ် အိမ် ထောင်ပြုခဲ့သူဖြစ်ပြီး ဇနီးနှင့်ကလေး ခြောက်ယောက်ရှိသည်။ သူသည် ငယ်စဉ်က အမျိုးသမီးဖြစ်ချင်ကာ မိခင်၏ အ၀တ်အစားများနှင့် မိတ်ကပ်တို့ကို လှိျု့ဝှက်စွာ အသုံးပြုဖူးသော်လည်း မည်သူ့ကိုမှ ဖွင့်ပြောခဲ့ခြင်း မရှိဟုဆိုသည်။ အသက် ၄၀အရွယ်၌ ဆေးရုံတက်ရောက်သည့် အခါကျမှ သူ့ထံတွင် အမျိုးသမီးအင်္ဂါများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
ပြည်မြန်မာ
Wednesday, June 13, 2012
ပါကစ္စတန်နိုင်ငံတွင် ခြေထောက် ၆ ချောင်းပါ ကလေးငယ် မွေးဖွား...
A newly-born child, who has six legs, rests on his grandmother's lap at his family home in Sukkur in Pakistan's Sindh province
ပါကစ္စတန်မှ ခြေထောက် ၆ ချောင်းပါကလေးငယ်....
A newly-born child, who has six legs, rests on his grandmother's lap at his family home in Sukkur in Pakistan's Sindh province. Reuters
ပါကစ္စတန်နိုင်ငံ၊ ဆင်းဒ်ပြည်နယ်၊ ဆွက်ကာဒေသ အရပ်တွင် လွန်ခဲ့ သည့် သောကြာနေ့ ကခြထောက် ၆
ချောင်းပါရှိသည့် ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သဖြင့် နိုင်ငံ၏ဆေးပညာအသိုင်းအ၀န်းလောကတစ်ခုလုံး
တုန်လှုပ်ခြောက်ခြားအံ့ သြသွားခဲ့ ရပါတယ်...
ပီဇာက လွဲရင် ဘာကိုမှ မစားခဲ့သူ (၁၉)နှစ် အရွယ် မိန်းကလေး
(၁၁)နှစ် အရွယ်ကစလို့ ပီဇာက လွဲရင် ဘာကိုမှ မစားခဲ့သူ (၁၉)နှစ် အရွယ် မိန်းကလေးဝေး လ်စ် တောင် ပိုင်း၊ ဝ ရက်စ် ဟမ်း ပြည်နယ်မှာ နေထိုင် လျက် ရှိသူ ဆိုဖီရေး ဆိုသူ(၁၉) နှစ် အရွယ် မိန်းကလေး တစ်ယောက်ဟာ အသက် (၂)နှစ် ကတည်းက အစားအစာကို ပုံမှန် မစားသောက် ခဲ့ဘဲ (၉)နှစ် အရွယ် မှာတော့ ပီဇာ တစ်မျိုးတည်းပဲ စားသောက် လာခဲ့တာ ဒီနေ့ အထိပါပဲတဲ့။
နော်ဝေစုံတွဲက မြောက်ဝင်ရိုးစွန်း၌ လက်ထပ်သည့် ကမ္ဘာ့ပထမဆုံးစုံတွဲဖြစ်လာ
အာတိတ်ဒေသ စူးစမ်းလေ့လာရေးသမား ဘတ်စရီအောက်စလန်း (၄၉နှစ်)သည် သူ၏ဇနီးဟေဂေ (၃၅နှစ်)နှင့် ကမ္ဘာကြီး၏ မြောက်ဘက်အကျဆုံးနေရာ၌ လက်ထပ်ခဲ့ပြီး ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး စုံတွဲဖြစ်လာကြောင့် DMသတင်းဌာနက မေလ၁ရက်နေ့တွင် ဖော်ပြသည်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှ အဆိုပါ စုံတွဲသည် ကိုယ်ရံတော်များ၊ သတို့သား သတို့သမီးအရံများနှင့် ရဟတ်ယာဉ်မောင်းတစ်ဦး အပါအဝင်ဧည့်သည် ၁၅ဦးခြံရံကာ ၎င်းတို့၏ လက်ထက်မင်္ဂလာပွဲကို မြောက်ဝင်ရိုးစွန်း ဒေသ၌ကျင်းပခဲ့ခြင်းဖြစ်သည်။ သတို့သမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ရံတော်များ ခရစ်ယာန်ဘုန်းတော်ကြီး တို့နှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
@Pyimyanmar
Tuesday, June 5, 2012
ဒီလိုလုပ်ရဲလား
စတန့်ထွင်တာကို ၀ါသနာပါသူတွေအတွက် ဒီလို စွန့်စား မှုတွေနဲ့
မိတ်ဆက်ပေးလိုက်ပါတယ် ။ တောင် ထိပ် ပေါ်မှာ အသည်းတယားယားနဲ့ သက်စွန့်ဆံဖျား
စတန့်ထွင်ရမယ့် အလုပ်ကတော့ မလွယ်လှပါဘူး ။အသက် အန္တရာယ် အရမ်းနီးပြီး
လိုအပ်ရင် အသက်ကိုတောင် စတေးရမှာ ဖြစ်ပါတယ် ။ ကဲ သည်းထိတ်ရင်ဖို စွန့်စား
ခန်းများကို အတူတူခံစားကြည့်လိုက်ရအောင် ။
အင်း.. တောင်အောက်ကို ပြုတ်သာကျရင်တော့လား....။
အင်း.. တောင်အောက်ကို ပြုတ်သာကျရင်တော့လား....။လက်တစ်ဖက်ကို ၃၈ နှစ်ကြာ မြှောက်ထားသော ဟိန္ဒူ ဆာဒူးကြီး
အိန္ဒိယနိုင်ငံ အမ်မာဘာရက်တီ ဆိုသော ဆာဒူးကြီးမှာ လွန်ခဲ့သည့် ၃၈ နှစ် (၁၉၇၃ ခုနှစ်) ကပင် ၎င်း၏ လက်ယာဘက် လက်အား လေထဲတွင် ၄၅ ဒီဂရီ စောင်း၍ မြှောက်ထားခဲ့ရာ ယနေ့တိုင် ဖြစ်ကြောင်း ပြသ ပြောဆိုခဲ့သည်။ ၎င်းသည် ဇနီး၊ သားသမီးများ၊ နေအိမ်နှင့် အလုပ်အကိုင်များကို အပြီးတိုင် စွန့်လွှတ်ခဲ့ပြီးနောက် ဟိန္ဒူ ဆာဒူးများ၏ ဘဝကို ခံယူကာ ၃ နှစ်ခန့် လှည့်လည် သွားလာခဲ့ပြီးနောက် ယခုကဲ့သို့ လက်ယာဘက် လက်အား မြှောက်ကာ ဟိန္ဒူ နတ်ဘုရားတို့၏ အယူအဆ အရ မြင့်မြတ်သော သူတော်စင် ဘဝကို ခံယူ ရပ်တည်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်း၏ လက်ယာဘက်မှာ အရိုးပေါ် အရေတင် ဖြစ်လျက် လက်သည်းများမှာ ရှည်ထွက် ကောက်ကွေးလျက် ရှိသည်။
အသက်အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ

စတီဗင် ဟော့ကင်းဆိုရင် Black Hole တွေ၊ ခေတ်သစ်အာကာသရဲ့ နယ်ပယ်သစ်ကို စူးစမ်းလေ့လာတဲ့ ရှေ့ဆောင်ပညာရှင်၊ နယူတန်၊ အိုင်းစတိုင်းတို့နောက်ပိုင်းမှာ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်လို့ အများက သိကြပါတယ်။ အမ်မလီ ရိုဂျာဆိုတဲ့ သူငယ်မကလေးကတော့ အိုင်ကျူ IQ 159 ရှိလို့ စတီဖင် ဟော့ကင်းအောက် တစ်မှတ်ပဲ လျှော့ပါသတဲ့။ ဒါပေမယ့် အင်္ဂလန်နိုင်ငံသူ သူမရဲ့ အသက်ကတော့ ခုမှ ၄နှစ်ပဲရှိပါသေးတယ်။
Monday, June 4, 2012
တောင်ကိုရီးယားမှ အနမ်းပွဲတော်
၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက် ၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Walkerhill River Park ရေကူး ကန်မှာ နှစ်စဉ်ကျဉ်းပမြဲဖြစ်တဲ့အနမ်းပွဲတော်ကို တောင်ကိုရီးယားမှ စုံတွဲများပါ ၀င်ဆင်နွှဲခဲ့ကြပါတယ်။
သြော်...ပွင့်လင်းလိုက်ကြတာနော်
၂၀ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး
၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး

သူမ နာမည်က Ksenia Bubenko လို့ေါ်ပါတယ် အသက် ၂၀ နှစ်အရွယ် ဒီအမျိုးသမီးဟာ ကိုယ်အလေး ချိန်လျော့ပြီပိန်ပိန်ပါးပါးလေးဖြစ်ချင်ခဲ့တယ် ။ ပေါင်ချိန်များစွာ ကျအောင် ကြိုးစားပြီးတဲ့အခါမှာလည်းး သူမက ပိန်ချင်သထက်ပိန်တာကို စွဲလန်းလာခဲ့တယ် ။ အခု သူမ ၂၀ ကီလိုဂရမ်ပဲရှိပါသတဲ့ ။
သူမ နာမည်က Ksenia Bubenko လို့ေါ်ပါတယ် အသက် ၂၀ နှစ်အရွယ် ဒီအမျိုးသမီးဟာ ကိုယ်အလေး ချိန်လျော့ပြီပိန်ပိန်ပါးပါးလေးဖြစ်ချင်ခဲ့တယ် ။ ပေါင်ချိန်များစွာ ကျအောင် ကြိုးစားပြီးတဲ့အခါမှာလည်းး သူမက ပိန်ချင်သထက်ပိန်တာကို စွဲလန်းလာခဲ့တယ် ။ အခု သူမ ၂၀ ကီလိုဂရမ်ပဲရှိပါသတဲ့ ။
Saturday, June 2, 2012
သေချင်လို့ ကိုးထပ်က ခုန်ချကာမှ အမှိုက်အိတ်တွေပေါ်ပြုတ်ကျပြီး အသက်မသေ
အမေရိကန်ပြည်ထောင်စု
နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅
လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀၀ မြင့်သည့်
ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင်
စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ
အသက်မသေခဲ့ကြောင်း သိရသည်။ သူ့အား ဘယ်ဗူးဆေးရုံသို့ပို့ခဲ့ရာ သူ၏အခြေအနေမှာ
စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ အောက်တွင်စုပုံထားသော
အမှိုက်အိတ်များသည် ခြောက်ပေအထိ မြင့်သောကြောင့် သူ၏အသက်ကို
ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
@ပြည်မြန်မာ ဂျာနယ်
နာကျင်မှုကိုခံနိုင်ရည်ရှိလွန်းသည့်ရဲအရာရှိ
တရုတ်နိုင်ငံ ဟေလောင်ကျန်းပြည်နယ်မှ ရဲအရာရှိ မာကွမ် (၄၈ နှစ်)သည်နာကျင်မှုကို ခံနိုင်ရည်ရှိလွန်းသူအဖြစ်ကျော်ကြားသည်။
မသေကောင်းမပျောက်ကောင်း
တရုပ် ပြည် Hubei Province ထဲက Yichang မြို့လေး မှာ ၂၀၁၀ ခု မေ လ ထဲမှာ ဖြစ် ပျက် ခဲ့တာပါ။
၆ နှစ် အရွယ် "မင်းမင်း " ဆိုတဲ့ တရုပ် ခလေး ငယ် ဟာ ၈ ထပ်တိုက် ဝါး ရံတာ ကနေပြုတ်ကြခဲ့တယ်။
သံချောင်း ၂ ချောင်း ကြားမှာ သူရဲ့ ကြီးမား တဲ့ ခေါင်း နဲ့ နားရွက် နဲ့ ချိပ်နေလို့ အသက် ရှင် ခဲ့ ရပါတယ်။
အံသြ နေကြတဲ အိမ်နီး နား ခြင်းတွေ က အသက် ကယ် တဲ့ အဖွဲ ရောက် လာပြီး လုပ် ပုံ ကိုင်ပုံ ကယ် တင်ပုံ
တွေ ကို ကြည့်နေကြတယ်။ ကယ်ဆယ်ရေး အဖွဲ့ ဟာ ဟိုက်ဒရော လစ် ဖိအား သုံး သံဖြတ်ကရိယာ နဲ့ ဖြတ်ပြီး
ခလေး ကို အပေါ်ဆွဲတင်ခဲ့ ရတယ်။
အဖွားက သု့ကို အခန်းထဲမှာ အိပ် ခိုင်း ခဲ့ခါ အပြင် ကို လိုအပ် တာလေးတွေ ဝယ်ဖို့ ထွက် လာခဲ့တယ်။
သူနိုး လာတော့ အဖွား ကို လိုက်ရှာရင်း ပြေးထွက် လိုက်တာ မှာ ဝရံတာကနေ ထွက်ကျခဲ့တာပါ။
လာကယ်တဲ့ Fire service တာဝန်ရှိသူပြောတာ ကတော့ အံအားသင့် ဖွယ် လွတ်မြောက် လာခဲ့တာ...
နောက် မိနစ် အနဲငယ် မှာ ဆိုရင် ခလေး ဟာပြုတ်ကြသွား နိုင်တယ် (ဒါမှမဟုတ်) အသက် ရှု ကြပ်
ပြီး သေသွား နိုင်တယ် တဲ့။

၆ နှစ် အရွယ် "မင်းမင်း " ဆိုတဲ့ တရုပ် ခလေး ငယ် ဟာ ၈ ထပ်တိုက် ဝါး ရံတာ ကနေပြုတ်ကြခဲ့တယ်။
သံချောင်း ၂ ချောင်း ကြားမှာ သူရဲ့ ကြီးမား တဲ့ ခေါင်း နဲ့ နားရွက် နဲ့ ချိပ်နေလို့ အသက် ရှင် ခဲ့ ရပါတယ်။
အံသြ နေကြတဲ အိမ်နီး နား ခြင်းတွေ က အသက် ကယ် တဲ့ အဖွဲ ရောက် လာပြီး လုပ် ပုံ ကိုင်ပုံ ကယ် တင်ပုံ
တွေ ကို ကြည့်နေကြတယ်။ ကယ်ဆယ်ရေး အဖွဲ့ ဟာ ဟိုက်ဒရော လစ် ဖိအား သုံး သံဖြတ်ကရိယာ နဲ့ ဖြတ်ပြီး
ခလေး ကို အပေါ်ဆွဲတင်ခဲ့ ရတယ်။
အဖွားက သု့ကို အခန်းထဲမှာ အိပ် ခိုင်း ခဲ့ခါ အပြင် ကို လိုအပ် တာလေးတွေ ဝယ်ဖို့ ထွက် လာခဲ့တယ်။
သူနိုး လာတော့ အဖွား ကို လိုက်ရှာရင်း ပြေးထွက် လိုက်တာ မှာ ဝရံတာကနေ ထွက်ကျခဲ့တာပါ။
လာကယ်တဲ့ Fire service တာဝန်ရှိသူပြောတာ ကတော့ အံအားသင့် ဖွယ် လွတ်မြောက် လာခဲ့တာ...
နောက် မိနစ် အနဲငယ် မှာ ဆိုရင် ခလေး ဟာပြုတ်ကြသွား နိုင်တယ် (ဒါမှမဟုတ်) အသက် ရှု ကြပ်
ပြီး သေသွား နိုင်တယ် တဲ့။
အပျိုစင်အမျိုးသမီး ၁၀၀ ကျော်ကို သတ်ပြီးသွေးနဲ့ရေချိုးခဲ့သူ
အကျော်ကြားဆုံး နဲ့လူသိအများဆုံး တကယ့် သွေးစုတ်ကောင် ကို သင်တို့သိပါသလား ။
သူမ နာမည်ကို မြို့စား ကတော် Elizebeth Bathory လို့ခေါ်ပါတယ် ။ ၁၅၆၀
ခုနှစ်ကနေ ၁၆၁၄ ခုနှစ်အထိ အသက်ရှင်နေ ထိုင်ခဲ့ပါ တယ် ။ သူမကို သမိုင်းမှာ
အမျိုးသမီးများအား အများဆုံး ဆက်တိုက် သတ်ခဲ့သူ Serial Killer အဖြစ်မှတ်
တမ်းတင် ခဲ့တယ် ။ သူ့ကို နောက်တစ်မျိုးခေါ်တာကတော့ “ သွေးစုတ်မြို့စားကတော် ”
တဲ့ ။

Subscribe to:
Posts (Atom)
