Showing posts with label ထူးဆန်းအကောင်များ(အခြားဆိုဒ်). Show all posts
Showing posts with label ထူးဆန်းအကောင်များ(အခြားဆိုဒ်). Show all posts

Sunday, September 30, 2012

အလျားတစ်ပေရှိ ဧရာမလိပ်ပြာကြီး


ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။
 ref: ပြည်မြန်မာ

လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံြးွေမကြီး


အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။ ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။
 ref: ပြည်မြန်မာ

ဆင်ရေးဆွဲသည့် ပန်းချီအား ရောင်းချပြီး တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအတွက် လှူဒါန်း


 ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိုင်းယားဒေသ Whipsnadတိရစ္ဆာန်ရုံရှိ အာရှစွယ်စုံဆင်ကြီးက နှာမောင်းဖြင့် စုတ်တံကိုကိုင်ဆောင်ကာ သစ်သားပြားပေါ်တွင် အရောင်များ ရေးခြယ်ထားသည့် ပန်းချီလက်ရာကို ပြသရောင်းချကာ ရရှိသည့်အကျိုးအမြတ်ကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ရက် သတင်းများတွင် ဖော်ပြခဲ့သည်။

Saturday, June 30, 2012

mazon တောထဲမှလူသားစား Piranhasငါးမျိုး

Piranhasငါးမျိုးစိတ်သည်ကမ္ဘာပေါ်မှလူသားစားငါးမျိုးစိတ်ထဲတွင်ပါဝင်ပြီး။အဆိုးဆုံးငါးမျိုးစိတ်ပင်ဖြစ်ပါသည်။
၎င်းတို့သည်အုပ်စုဖွဲ့ကာနေထိုင်တတ်ပြီးအညီနံ့တစ်ခုခုရသည်နှင့်တစ်ပြိုင် နက်တည်းထိုနေရာကိုရှာဖွေနိုင်ပြီး လူသားဖြစ်နေပါက တစ်ကောင်ပြီးတစ်ကောင် ကိုက်ဖြတ်စားသောက်လိုက်သောအခါတွင်ခဏလေးအတွင်းမှာအပင် အရိုးပဲကျန်ရှိနိုင်ပါတော့သည်။ လူသားစားငါးမျိုးပင်ဖြစ်ပါသည်။အင်မတန်ကြောက်စရာကောင်းပါသည်အကောင်းအသေးလေးအရွယ်ကတည်းကပင် လူသားကိုစားသုံးနေပြီဖြစ်ပါသည်။ Piranhas လူသားစားငါးသည် ပစ်မှတ်တစ်ခုကိုတွေ့ သည်နှင့်တစ်ပြိုင်နက်ဝုန်းကနဲဆိုသလိုပင်ငြိမ်သက်နေသောငါးအုပ်ကြီးသည် ထိုပစ်မှတ်သားကောင် နောက်သို့ အလျင်အမြန်ပင်ရောက်အောင်သွားကာ ထိုသားကောင်ကို တစ်ကောင်စီအလုအယှက်ပင်ဆွဲစားပါတော့သည် မကြာခင်အချိန်အတွင်းမှာပင်အသားစ တစ်စမျှမကျန်တော့ပေ အရိုးကိုသာတွေ့ မြင်ရလိမ့်မည်။

ရှန်ဟိုင်းမှ သစ္စာရှိသောခွေးကလေး



ကျင်းကျင်း လို့ အမည်ရှိတဲ့ ရွှေရောင်အမွှေးနဲ့ ခွေးကလေးတစ်ကောင်ဟာ နိုင်ဝင်ဘာလ ၁၅ ရက်နေ့ က
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ၊ ကျောင်ကျိုး လမ်းမမှာ ဖြစ်ပွားခဲ့ တဲ့ လူ ၅၃ ယောက်သေဆုံးခဲ့ တဲ့ မီးလောင်မှု
ကြီးနောက်မှာ ( သူ့ ရဲ့ သစ္စာရှိမှုကြောင့် ) လူတွေရဲ့ စိတ်နှလုံးကို ညို့ ယူဖမ်းစားနိုင်ခဲ့ ပါတယ်...

Wednesday, June 13, 2012

သက်သက်လွတ် ဟင်းသီးဟင်းရွက်ပဲ စားတဲ့ ကမ္ဘာ့ ပထမဆုံး ငါးမန်း

loading
သက်သက်လွတ် ဟင်းသီးဟင်းရွက်ပဲ စားတဲ့ ကမ္ဘာ့ ပထမဆုံး ငါးမန်းအသား မစားတဲ့ ကျား၊ အသား မစားတဲ့ ငါးမန်း၊ ဒီကမ္ဘာ လော ကထဲ ရှိတယ် ဆိုရင် ဘယ်သူ့မှ ယုံရဲ ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မယုံ မရှိ လိုက်ကြပါနဲ့။ အခုပုံမှာ တွေ့ရမယ့် (၆)ပေအရှည်ရှိ ဖလော့ရင့်စ် အမည်ရ သူနာပြု ငါးမန်းမလေး (narse shark) ကတော့ အသားဆို ဘယ်အသားမှ မစား၊ သက်သက်လွတ် ဟင်းသီး ဟင်းရွက်ပဲစားတဲ့ ကမ္ဘာ့ပထမဆုံး ငါးမန်း ဖြစ်လာခဲ့ပါပြီ။အစတုန်းက တော့ သူဟာ အသားစားတိရစ္ဆာန် တစ်ကောင်ပါ။ ဒါပေမယ့် ၂၀ဝ၉ခုနှစ် က မေးရိုးထဲကပ်ငြိဝင်ရောက်နေတဲ့ သံငါးမျှားချိတ်တစ်ခုကို ဖယ်ရှား လိုက်ပြီး နောက်ပိုင်းမှာ ပုံမှန်စားနေ ကျ အသားတွေကို လုံးဝမစားတော့ တာဖြစ်ပါတယ်။ အဲဒါကြောင့် လို အပ်တဲ့ ပရိုတိန်းဓာတ်ရရှိစေဖို့ ဟင်း သီးဟင်းရွက် အချောင်းတွေထဲမှာ ငါးအသားဖတ်တွေဝှက်ပြီး ကျွေးနေရ ပါတယ်။သူ့ကို ထိန်းသိမ်းစောင့် ရှောက်နေတဲ့ ဂရေဟမ်ဘာရိုးစ်က “သူအကြိုက်ဆုံးကတော့ သခွား သီးနဲ့ ဆလပ်ရွက်တွေပါပဲ။ ဒါပေမယ့် ပရိုတိန်းဓာတ် မချို့တဲ့အောင်လို့ အရွက်တွေကြားထဲမှာ အသား၊ ငါး ဖတ်တွေညှပ်ပြီး ကျွေးနေရပါတယ်” လို့ ဖွင့်ဟခဲ့တာပါ။ သူနာပြု ငါးမန်း တွေဟာ ရေညှိတွေပေါများတဲ့ နေရာ မှာ ကျက်စားလေ့ရှိတာကြောင့် ဖလော့ရင့်စ်အနေနဲ့ အသီးအရွက်ပဲ စားတာ မဆန်းဘူးလို့ တချို့ကပြော နေကြလေရဲ့။
@First Music News

၂၀၁၁ ခုနှစ်အတွင်း တွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံးမျိုးစိတ် ၁၀ ခု


၂၀၁၁ ခုနှစ် အတွင်းတွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး မျိုးစိတ် ၁၀ ခုစာရင်းကို အပြည်ပြည်ဆိုင်ရာ မျိုးစိတ်လေ့လာရှာဖွေရေး အင်စတီကျုက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Tuesday, June 5, 2012

ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီး


loading
ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီးကျွန်တော်တို့ တွေ့နေ၊ မြင်နေရကျ ဂဏန်းတွေရဲ့ အရွယ် အစားဟာ လူတကာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားခြင်း မရှိပါဘူး။ ဒါပေမယ့် ကလောက်ဒီ လို့ အမည် ပေးထားတဲ့ ဒီဂဏန်း ကတော့ ဗြိတိန်နိုင်ငံ တစ်လွှား ပြသ ထားတဲ့ ဂဏန်းတွေထဲမှာ တုနှိုင်း မမီလောက်အောင် အရွယ်အစား အကြီးဆုံးဖြစ်လာခဲ့ပါပြီ။

ဒဏ္ဍာရီဆန်သည့် သတ္တ၀ါဖြစ်သော ချူပါကာဘရာ

ဒဏ္ဍာရီများထဲ၌သာရှိပြီး ပြင်ပ၌အမှန်တကယ်တည်ရှိကြောင်း သက်သေပြနိုင်ခြင်းမရှိသေးသည့် ချူပါကာဘရာဟုခေါ်သော အကောင်ဟု ယူဆရသည့် သတ္တ၀ါတစ်ကောင်ကို ကန်တက်ကီပြည်နယ် လက်ဘနွန်ဂျန်းရှင်းအရပ်၌ တွေ့ရှိရကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ဖော်ပြခဲ့သည်။ အမွေးပြောင်ပြောင်နှင့် မီးခိုးရောင် အရေပြားရှိသော ယင်းအကောင်သည် သစ်တောထဲမှထွက်လာပြီး အိမ်တစ်အိမ်၏ ဥယျာဉ်ထဲသို့အ၀င် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ယင်းအကောင်သည် ပူအာတိုရီကို၌ လွန် ခဲ့သည့် ၁၅ နှစ်က သတ္တ၀ါများကို သွေးစုပ်ကာ ထူးဆန်းစွာ သေဆုံးစေခဲ့သည့် ချူပါကာဘရာခေါ် ထူးဆန်းသည့် ဒဏ္ဍာရီလာ သတ္တ၀ါတစ်ကောင်ဟု ဆိုကြသည်။
@ပြည်မြန်မာ

ထူးထူးခြားခြား နားရွက် (၄) ခု ရှိတဲ့ ကြောင်လေး လူးနစ်

ရုရှနိုင်ငံ အရှေ့ပိုင်း မြို့တော်တစ်ခုဖြစ်တဲ့ Vladivostok မြို့တော်က ကားပြုပြင်ဆိုင် တစ်ခုမှာ လူးနစ် (Lunit) လို့အမည်ရတဲ့ ၃ လအရွယ် ကြောင်လေး တစ်ကောင်ရှိပါတယ်။ ထူးထူးခြားခြား ကြောင်လေးမှာ မွေးကတည်းက နားရွက် (၄) ခု ရှိနေတာပါပဲ။
ကြောင်လေး လူးနစ် ကို နာမည်ကျော် ရုရှ ကာတွန်းထဲက လကမ္ဘာ့ကနေ ရောက်လာတဲ့ ဂြိုလ်သားလေးရဲ့ အမည်ကိုပေးထားတာပါ။ လူးနစ်မှာ ပုံမှန်နားရွက် ၂ ခုရဲ့ရှေ့မှာ နောက်ထပ် နားရွက် အသေးလေး ၂ ခုပါပြီး အဲဒီ အပိုပါတဲ့ နားရွက်တွေက အသံကြားနိုင်တဲ့ ပြွန်မပါဘူးလို့ သိရပါတယ်။
 http://patheincity.com/news//HLIC/5fb61c07ae60005bd8152954a1a0f764.jpg

Monday, June 4, 2012

ရှားပါး အာဖရိက ရွှေကြောင်

 
ယူဂန္ဓာနိုင်ငံ ကီဘာလီ အမျိုးသားဘေးမဲ့ တောအတွင်းတွင် လျှို့ဝှက်တပ် ဆင်ထားသော အနီအောက်ရောင်ခြည် ကင်မရာက ကမ္ဘာပေါ်တွင် အလွန်ရှား ပါး၍တွေ့ရခဲသောအာဖရိကရွှေရောင်ကြောင်ကိုဓါတ်ပုံရိုက်ယူနိုင်ခဲ့သည်။ ၎င်း ကြောင်သည် သာမန်အလတ်စားအရွယ်ကြောင်မျိုးဖြစ်၍အလျားသည် ၈၀ စင် တီမီတာခန့်ရှိသည်။
Related Posts Plugin for WordPress, Blogger...