Showing posts with label ထူးဆန်းနေရာများ(အခြားဆိုဒ်). Show all posts
Showing posts with label ထူးဆန်းနေရာများ(အခြားဆိုဒ်). Show all posts

Wednesday, July 25, 2012

ရေပေါ်မှာ လှုပ်ရှားသွားလာနိုင်သောကျွန်း


ပုဂ္ဂလိက ကုမ္ဂဏီတစ်ခုက ရေပေါ်မှာ အလွယ်တကူလှုပ်ရှားသွား လာနိုင်အောင် ဖန်တီးထားသည့် Orsosကျွန်းကို စင်ကာပူဒေါ်လာ ၈ဒဿမ၆သန်းဖြင့် ရောင်းချမည်ဟုဆိုသည်။ ၃၇မီတာ(ပေ၁ဝဝကျော်) ရှည်လျားသည့် အဆိုပါကျွန်းမှာ စက်ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိဘဲ ရေပေါ်မှာ ပေါလောမျောပါ နေနိုင်သည်ဟု ယင်းကျွန်းကိုတည်ထောင်သူ Gabor Orsosက ပြောကြားသည်။ ဒီကျွန်းကို ဝယ်ဖို့အတွက် ကမ္ဘာတစ်လွှားက လူအများကြီးက စိတ်ဝင်စားကြတယ်ဗျ။ ဝယ်ချင်တဲ့သူတွေက ကျုပ်ကိုစရံငွေတောင် ကြိုပေးထားကြတယ်ဗျ" ဟုဟန်ဂေရီနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးကဆိုသည်။ အဆိုပါကျွန်းမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှတမှုရှိပြီး ယင်းကျွန်းတွင်သုံးသော စွမ်းအင်များအတွက် နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စွမ်းအင်တို့ကိုသာ မှီခိုထားသောကြောင့် စွမ်းအင်ဖူလုံသည်ဟုလည်း သိရသည်။ အဆိုပါကျွန်းမှာ လူ၁၂ယောက်စာနေနိုင်သော ၁ဝဝဝစတုရန်းမီတာ ကျယ်ဝန်းသည့် လူနေအဆောက်အဦးများလည်း ရှိသည်။
ref: ပြည်မြန်မာ

Thursday, July 19, 2012

တရုတ်နိုင်ငံတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက်အပေါက်ကြီး ဖြစ်ပေါ်သွား

ဇူလိုင်လ ၅ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက် အပေါက်ကြီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စင်ကျန်းမြစ်အနီးရှိ စင်ကျန်းကားလမ်းမကြီးပေါ်၌ ယခုကဲ့သို့အပေါက်ကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါက်ကြီး အတွင်းသို့ ကားတစ်စီးပြုတ်ကျသွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါအပေါက်ကြီးသည် ပိုလီအင်တာနေရှင်နယ် ပလာဇာအနီး၌ ဖြစ်ပေါ်ခဲ့ပြီး ဧရိယာအားဖြင့် ၃၀စတုရန်းမီတာ ရှိကြောင်းသိရသည်။

Wednesday, July 4, 2012

ကမ္ဘာကျော် စတုန်းဟင့် အဆောက်အအုံပုံစံကို မော်တော်ကား၁၈စီးဖြင့် ပြုလုပ်ပြ

ကမ္ဘာကျော် စတုန်းဟင့်ရှေးဟောင်း အဆောက်အအုံပုံစံကို အနုပညာသမားတစ်ဦးက မော်တော်ကား ၁၈စီးဖြင့်ပြုလုပ်ပြခဲ့ကြောင်း DMသတင်းဌာနက ဇွန်လ၁၈ ရက်နေ့တွင်ဖော်ပြသည်။ အနုပညာသမားတော်မီဂန်းသည် ယင်း ကဲ့သို့ပြုလုပ်ပြရန်အတွက် သုံးလအချိန်ယူခဲ့ရသည်။ သူ၏ အဆောက်အအုံသည် ငါးမီတာ(၁၆ပေကျော်)မြင့်ပြီး ၃၆တန်အလေးချိန်ရှိသည်။ သူကယင်း အဆောက်အအုံပုံစံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဆောက်သ်ဘန့်အရပ်၌ ပြုလုပ်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ref: Swesone Media Group

Wednesday, June 13, 2012

နော်ဝေးနိုင်ငံရှိ ကမ်းပေါ်တင်နေသော တန်၂၀ လေးသော ငါးအသေများ


 နော်ဝေးနိုင်ငံရှိ ကြမ်းခြေပေါ်မှာ တန် ၂၀ အလေးချိန်ရှိတဲ့ ငါးအသေအုပ်ကြီး လာရောက်သောင်တင်နေမှု ဖြစ်ပွားခဲ့ပါတယ် ။ ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်း တိုးလာပါတယ် ။ ရေခဲ တွေအရည်ပျော်လာတာနဲ့အမျှ ပင်လယ်သတ္တ၀ါတွေရှားပါးကုန်ကြပါတယ် ။ နော်ဝေးနိုင်ငံ ကမ်းခြေ မြောက် ပိုင်းမှာလည်း ထောင်ပေါင်းများစွာသော ငါးအသေတွေဟာ တကယ်ပဲ နိမိတ် ဆိုးတွေကို ဆောင်ယူလာခဲ့ခြင်းပေလော ။ 

အလိုအလျှောက်ရွေ့လျားနေသော ကျောက်တုံးများ

ဒီသတင်းလေးထွက်လာခဲ့တာကတော့ ကြာတော့ာကြာနေပါပြီ ။ မသိသေးသူများအတွက် တင်ပေး လိုက်ရခြင်း ဖြစ်ပါတယ် ။ ကယ်လီဖိုးနီးယားပြည်နယ် Death Valley မှာ ဘာကြောင့် မှန်းမသိ ပဲ မြေကြီးပေါ် မှာ ကျောက်တုံးတွေရွေ့လျားနေခြင်းဖြစ်ပေါ်ခဲ့ပါတယ် ။ ဒီကျောက်တုံးတွေဟာ အချို့ဆိုရင် 300 kg လောက်လေး ပြီး ဒီလို ရှင်းလင်းတဲ့ သဲသောင်ပြင်မှာ ဘာကြောင့်အ ရာတွေထင် ပြီး ရွေ့လျား သွားနေ ကြတာ ပါလဲ ။ သူတို့ ရွေ့လျားသွားတဲ့လမ်းကြောင်းမှာလည်း စွတ်ကြောင်းရာကြီးတွေရှိနေပြီး အချို့ဆို ပေ တစ်ရာလောက်အထိကို ရှည်လျားပါတယ် ။

ထူးဆန်းတဲ့ အဖြေရှာမရတဲ့ အား တစ်ခုကြောင့် ဒီလို ရွှေ့လျားနေကြတာလား ဘယ်သူကမှ အဖြေကို တိတိကျ ကျမထုတ်နိုင်သေးတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းထွေလာများစွာထဲက တစ်ခုပဲဖြစ်ပါတယ် ။
REF;သက်တန့်ချိုဆိုဒ်

Monday, June 4, 2012

ထူးဆန်းသောဥပဒေနှင့်မြို့ ကလေး

လေမလည်ရ၊ လေချဉ်မတက်ရ၊ ကြို့ မထိုးရ၊ အသံထွက်အောင်မစားမသောက်ရသည့်စပိန်နိုင်ငံမှ မြို့ကလေး
စပိန်နိုင်ငံ၊မက်ဒရစ်မြို့ အရှေ့ မြောက်ဖက်၊မိုင် ၇၀ အကွာရှိ လာတိုဘာ မြို့ ကလေးရဲ့ မြို့ တော်ဝန်က မြို့ သူ၊မြို့ သားများအနေဖြင့် အများသူငါမြင်ကွင်း၊ လူလည်ကောင်တွင် လေမလည်ရ၊ လေချဉ်မတက်ရ၊ ကြို့ မထိုးရ၊ စားသောက်ရာတွင် ရှူးရှူးရှဲရှဲ အသံမမြည်စေရ စသည့် မယဉ် ကျေးသည့်  အပြုအမူပေါင်း ၆၅ မျိုးအား တားမြစ်ပိတ်ပင်သည့် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။


လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ဒါတွေရှောင်

Saturday, June 2, 2012

ထူးဆန်းလှသော Antarctica မှ သွေးစီးချောင်းကြီး

ထူးဆန်းလှသော Antarctica မှ သွေးစီးချောင်းကြီး



Anarctica မှာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့နေရာတွေအများကြီးထဲကမှ ဒီနေရာလေးဟာ တစ်ခုအပါအ ၀င်ဖြစ်ပါ တယ် ။ ၁၉၁၁ ခုနှစ်ထဲက ရှာတွေ့ခဲ့ကြပေမယ့် အခုအချိန်အထိကို ဒီသွေးစီးချောင်းဟာ ဒဏ္ဍာရီသဖွယ် ဖြစ်နေ တုန်းပါပဲ ။

အင်ဒိုနီးရှားနိုင်ငံမှ အန္တရာယ်အကြီးဆုံး မီးတောင်


ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး မီးတောင်တစ်လုံးအဖြစ် တည်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံမှ ကရာကာတိုဝါမီးတောင် တစ်ကျော့ပြန်လှုပ်ရှားပြီး လိမ္မော်ရောင် မီးချော်ရည်များ စီးကျနေသည်ကို အဝေးမှ တွေ့မြင်ရပုံ။
Related Posts Plugin for WordPress, Blogger...