Monday, August 6, 2012

သစ်ပင်ပေါ် မှ အိမ်ကလေးများ

နေချင် စဖွယ်ကောင်းတဲ့ သစ်ပင်ပေါ်က အိမ်ကလေးတွေပါ။
ဒီဆိုဒ်မှာ အရင်ကလဲ အိမ်ပုံဆန်းဆန်းလေးတွေ တင်ပေးဖူးပါတယ်။ အခုကတော့
နောက်တစ်မျိုးပေါ့ ........................................

ကမ္ဘာမြေအထက် ၁၈မိုင်မှ လေထီးခုန်ချ


လေထီးခုန်သမား ဖယ်လစ်ဘမ်းဂါတနာသည် ဂျက်လေယာဉ်များသွားသည့် အမြင့်ထက် သုံးဆပိုမြင့်သော ကမ္ဘာမြေအထက် ၁၈မိုင်ကျော်အမြင့်မှ ဇူလိုင်လ၂၆ ရက်နေ့တွင် လေထီးခုန်ချပြခဲ့ကြောင်း သိရသည်။ သြစတြီးယားနိုင်ငံသား ဘန်းဂါတနာသည် တစ်နာရီလျှင် ၅၃၆မိုင်နှုန်းဖြင့် ကျဆင်းခဲ့ပြီး နယူးမက္ကဆီကိုပြည်နယ် ရော့စ်ဝဲလ်မြို့အနီး၌ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ သူသည်လာမည့်လ၌ ကမ္ဘာမြေအထက် ၂၃မိုင်အမြင့်မှနေ၍ လေထီးခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်ရန် စီစဉ်နေကြောင်း သိရသည်။
Ref:ပြည်မြန်မာ

ကမ္ဘာ့အသေးဆုံးဖရဲသီး



ကမ္ဘာ့အသေးဆုံးဖရဲသီးကို တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက ဇူလိုင်လ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါဖရဲသီးသည် တရုတ် တစ်ယွမ်တန် အြွေကစေ့ထက်ပင်ပို၍ သေးငယ်ကြောင်း တွေ့ရှိရသည်။
Ref:ပြည်မြန်မာ

ကမ္ဘာ့အကြီးဆုံး ကော့တေးခွက်ကြီး


ကျူးဘားနိုင်ငံရှိ အရက်ဆိုင်တစ်ဆိုင်သည် ၎င်းတို့၏ အကျော်ကြားဆုံး ဖောက်သည်ဖြစ်ခဲ့ဖူးသူ စာရေးဆရာကြီးအား နက်စ်ဟဲမင်းဝေးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အကြီးဆုံး ကော့တေးခွက်ကြီးကို ဇူလိုင်လ၂၃ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကော့တေးခွက်ကြီး၌ ကော့တေး ၂၇ဝလီတာပါဝင်သည်။ အိုးဟားဗားနားမြို့ အယ်လ်ဖလော်ရစ်ဒီတာ အရက်ဆိုင်တွင် အဆိုပါ ကော့တေးစပ်ရန်အတွက် အရက်ကျွမ်းကျင်သူ ၁ဝဦးနှင့် စေတနာ့ဝန်ထမ်း ကူညီသူ၅၅ဦး ပါဝင်သောအဖွဲ့က ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါကော့တေးတွင် ရမ်အရက်အပြင် လီမွန်နှင့် သကြားကော့တေးများ ပါဝင်ကြောင်းသိရသည်။ အဆိုပါ ကော့တေးထည့်သွင်းထားသည့် ခွက်ကြီးသည် ၆ဒဿမ၅ပေမြင့်သည်။ အဆိုပါဆိုင်မှ တာဝန်ရှိသူက နိုဘယ်ဆုရစာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး၏ ၁၁၃နှစ်မြောက် မွေးနေ့အတွက်လည်းကောင်း သူတို့၏ဆိုင်ထူထောင်သည့်  ၁၉၅နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် လည်းကောင်းယခုကဲ့သို့ ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: ပြည်မြန်မာ

 

ဂင်းနက်စ်ကမ္ဘာ့စံချိန် တင်ရန်အတွက်တစ်ရွာလုံးရှိ အမျိုးသမီးများ ဆံပင်ရှည်ထား

http://swesonemedia.org/assets/images/2012/aug4/amazingnews/allwomaninvillagelonghair.jpg 
ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ဂင်းနက်စ်ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ ဟွမ်လောင်းယောင်ရွာမှ ယောင်နီအမည်ရှိ လူမျိုးစုတစ်စုမှ အမျိုးသမီးများသည် တစ်ရွာလုံး ဆံပင်ရှည်ထားကြရာ အမျိုးသမီးအားလုံး(၁၂၀)၏ပျမ်းမျှ ဆံပင်အရှည်သည် ၅ဒသမ၅ပေရှိသည်။ ဆံပင်အရှည်ဆုံး အမျိုးသမီးမှာ ၆ဒသမ၈ပေ ကျော်သည်။ ၎င်းတို့၏ ရိုးရာဓလေ့အရ အမျိုးသမီးများသည် တစ်သက်တွင် တစ်ခါသာ ဆံပင်ညှပ်ကြရသည်။ ဆံပင်ညှပ်သည့် အရွယ်မှာ ၎င်းတို့အနေဖြင့် အိမ်ထောင်ဖက်ရှာရမည့် ၁၆ နှစ်အရွယ်ဖြစ်သည်။ ယောင်နီလူမျိုးများက အမျိုးသမီးများ ဆံပင်အရှည်ထားခြင်းသည် အသက်ရှည်ခြင်း ချမ်းသြွာကယ်ဝခြင်းနှင့် ကံကောင်းခြင်းတို့ကို ဆောင်ကြဉ်းပေးသည် ဟုယုံကြည်ကြသည်။
Ref :ပြည်မြန်မာ
 

ကန္တာရအလယ်ရှိ ဧရာမအပေါက်ကြီးအတွင်း မီးလောင်ကျွမ်းနေခဲ့သည်မှာ နှစ်ပေါင်း၄၀ကျော်ခဲ့ပြီ



Related Posts Plugin for WordPress, Blogger...