Thursday, November 1, 2012

ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရသည့် အဘွားအိုကအမြင့်ပေ ၈,၀၀၀အထက်မှ လေဟုန်စီးပြ


 အသက်၇၂နှစ်အရွယ် ရှိပြီဖြစ်သည့် အဘွားအို အိုင်းယင်းတိုင်စမ်သည် ကျန်းမာရေးအခြေအနေကြောင့် လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်ကိုသာ အသုံးပြုနေရသည်။ သို့လင့်ကစား ယင်းအဘွားအိုမှာ တူရကီနိုင်ငံရှိ ဆန်းဒါးလန်း တောင်တန်းပေါ်မှ လေထီးဖြင့်ခုန်ချပြီး အမြင့်ပေ၈,၀၀၀အထက်မှာ မိနစ်၄၀ကျော်ကြာ လေဟုန်စီးပြခဲ့သည်။အဘွားအိုတိုင်စမ်က တောင်တန်းများနှင့် ပင်လယ်များပေါ်မှ လေဟုန်စီးပျံသန်းနိုင်ရန် အသက်၇၈နှစ်ရှိပြီဖြစ်သည့်  တိုင်စမ်၏ခင်ပွန်းဖြစ်သူ ရောဘတ်ကကူညီခဲ့သည်။ ယင်းသို့ သည်းထိတ်ရင်ဖိုစရာကောင်းသည့် အတွေ့အကြုံအား အဘွားအိုတိုင်စမ်က ပြန်လည်ပြောပြရာတွင် ''အဘွားရဲ့ တင်ပါးက ထိုင်လို့ထလို့မရတော့ ဝေဟင်ကနေမြေပြင်ကို ဆင်းသက်ရမှာ ကြောက်နေတယ်။မြေပြင်ပေါ်မဆင်းသက်ခင် ဝေဟင်မှာတန့်နေပြီးတော့မှ လေဟုန်စီးခဲ့တာပါ။
ထူးထူးခြားခြား နာကျင်တာမျိုးတော့ မခံစားခဲ့ရပါဘူး။ အဘွားတို့အသက်အရွယ်နဲ့ ဒါမျိုးလုပ်တယ်ဆိုတာ ရူးသွပ်မှုတစ်ခုလို့ ဆိုကြမှာပေါ့။ ဒါပေမဲ့အဘွားကတော့ ဒီလိုလုပ်ရတာ ပျော်ပါတယ်''ဟုဆိုသည်။ အသက်၇၀ကျော်မှ လေဟုန်စီးပြသည့် ယင်းအဘွားအို၏ လုပ်ရပ်ကို အဘွားအို၏ မြေးများသာမက လူအများကပါ ရင်သပ်ရှုမော အံ့သြခဲ့ရသည်။
ref: ပြည်မြန်မာ

နေမျက်နှာပြင်ပေါ်တွင် စူးရှတောက်ပသော အလင်းရောင်တန်းကြီးများ ပေါ်ထွက်


ကျွန်ုပ်တို့နေစကြ၀ဋ္ဌာ အတွင်းရှိ နေ၏မျက်နှာပြင်(ဒေသအမှတ် AR၁၁၅၉၈ဆုံမှတ်)တွင် အောက်တိုဘာ၂၃ရက်က စူးရှတောက်ပသော အလင်းရောင်များပေါ်ထွက်ခဲ့ကြောင်း နာဆာအာကာသသိပ္ပံစခန်း အဖွဲ့ခွဲတစ်ခုဖြစ်သော ''နေအဖွဲ့အစည်း ပြောင်းလဲမှုဖြစ်စဉ်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ SDO၏ ထုတ်ပြန်ကြေညာချက်များ အရသိရသည်။ နေမျက်နှာပြင်ပေါ်တွင် ယင်းသို့တောက်ပသော အလင်းရောင်များ ယခုသီတင်းပတ်အတွင်း သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ရာ နောက်ဆုံးဖြစ်ပွားခဲ့သည့် အလင်းရောင်တန်းသည် အပြင်းထန်ဆုံးဖြစ်ပြီး ယင်းသို့ဖြစ်ပွားရခြင်းမှာ နေ၏မျက်နှာပြင်ပေါ်တွင် သံလိုက်စက်ကွင်းများ ပြင်းထန်စွာလျော့ကျလာခဲ့ရာမှ မီးမုန်တိုင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ နေမျက်နှာပြင်ပေါ်ရှိ ဖြစ်ပွားလျက်ရှိသော ထိုမီးမုန်တိုင်း၏ပမာဏကို တိုင်းတာခဲ့ရာX၁.၈ အဆင့်ရှိပြီး တစ်ချိန်ချိန်တွင် ယင်းမီမုန်တိုင်းဖြစ်ပေါ်မှု၏ အကျိုးဆက်သည် ကမ္ဘာမြေပေါ်သို့ သက်ရောက်လာဖွယ်ရှိကြောင်း နာဆာအဖွဲ့၏ အာကာသတွင်း ရာသီဥတုလေ့လာ စောင့်ကြည့်ရေးအဖွဲ့ SWPCက ခန့်မှန်းပြောကြားခဲ့သည်။
ref: ပြည်မြန်မာ

လူများသမ်းဝေသည်ကို အတုခိုး၍ ခွေးများလည်း သမ်းဝေကြသည်ဟု သုတေသီများဆို


ဆွီဒင်သုတေသီများက ခွေးများသည် သက်တမ်းခုနစ်လ ကျော်လာသောအခါ ၎င်းတို့အနီးဝန်းကျင်ရှိ လူအများသမ်းဝေခြင်းကို လိုက်လံအတုခိုးတတ်ကြကြောင်း ၎င်းတို့ယူဆသည်ဟုဆိုသည်။ ဆွီဒင်နိုင်ငံ လန်းတက္ကသိုလ်မှ သုတေသီများက လူနှင့်ခွေးများတွင် ကြာမြင့်စွာသမ်းဝေတတ်ခြင်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည်ဟု အဆိုပါတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြကြသည်။ အဆိုပါသုတေသီများက သမ်းဝေတတ်ခြင်းသည် အတုခိုး၍ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ဆိုကြသည်။ ၎င်းတို့ ယခင်ကပြုလုပ်သည့် သုတေသနများအရလည်း လူများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်များနှင့် ခွေးများသည် အတုခိုးတတ်ကြကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါသုတေသီများသည် အသက်လေးလမှ ၁၄လအတွင်းရှိသည့် ခွေး၃၅ကောင်ကို သုတေသနပြုရာတွင် လူများသည် ၎င်းတို့ရှေ့တွင် ကြိမ်ဖန်တလဲလဲ သမ်းဝေပြပါက အသက်အရွယ် ခုနစ်လထက်ကျော်သော ခွေးများသည်လည်း အတုခိုး၍သမ်းဝေကြကြောင်း တွေ့ရှိရသည်ဟု သိရသည်။ 
ref: ပြည်မြန်မာ

ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသူက ကန္တာရကိုသုံးရက်ကြာ ဖြတ်သန်းခဲ့ရ


ယာဉ်မတော်တဆမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသူတစ်ယောက်က ကန္တာရထဲမှာ သုံးရက်ကြာ အစာရေစာပြတ်လပ်ခဲ့ပြီး ဘီးတပ်ကုလားထိုင်နှင့် သူ့ကိုအထောက်အကူ ပေးမည့် ပစ္စည်းများမရှိဘဲ ခန္ဓာကိုယ်ကိုယ် တရွတ်တိုက်ဆွဲပြီး ကန္တာရကိုတစ် ယောက်တည်း ဖြတ်သန်းခဲ့ရသည်။

ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၂)(video)

ဒါကတော့ video ဖိုင်လေးပါ.....



ကမ္ဘာ့အသေးဆုံးကား

ဂရင်းနစ်စံချိန်ဝင် ကမ္ဘာ့အသေးဆုံးကား ကိုမိတ်ဆက်ပေးပါမယ်။
ဂရင်းနစ်စံချိန်ဝင်ဖို့ က ကားသေးရုံနဲ့ မရပါ။တကယ်လမ်းမပေါ်မှာ
စမ်းသပ်မောင်းနှင်နိုင်မှစံချိန်ဝင်တာပါ။

Wednesday, October 31, 2012

တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ






တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။
၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)

ကမ္ဘာတစ်လွှားက သေကြောင်းကြံသူများကို စစ်တမ်းကောက် လေ့လာရာ အများစုဟာ တနင်္လာနေ့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံ ကြပါတယ်။ အားလပ်ရပ်မှာ ၁၃ ရာခိုင်နှုန်းသာ သေကြောင်းကြံပေမယ့် တနင်္လာနေ့မှာ ဆိုရင် အမျိုးသား ၁၆ ရာခိုင်နှန်း၊ အမျိုးသမီး ၁၇ ရာခိုင်နှုန်း သေကြောင်း ကြံ ကြပါတယ်။
Related Posts Plugin for WordPress, Blogger...