Wednesday, November 14, 2012
မျိုးသုဉ်း ပျောက်ကွယ် တော့မည့် လင်းနို့ မျိုးစိတ်
ဂွါအီဟာနာ နိုဝင်ဘာ ၇
ဟိုင်ဒါ ဂွါအီ ကမ်းလွန် ဒေသတွင် ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၇ ရှိသော ငလျင်တစ်ခု လှုပ်ခတ် ခဲ့ပြီးနောက် မျိုးသုဉ်း ပျောက်ကွယ် တော့မည့် လင်းနို့မျိုးစိတ် တစ်မျိုးသည် သားပေါက်ရာ အရပ်ဒေသ ဆုံးရှုံး ရတော့မည့် အခြေ အနေနှင့် ရင်ဆိုင် ရလျက် ရှိသည့်အပြင် ကျွန်းပေါ်ရှိ ရေပူစမ်း များလည်း ပျောက်ဆုံး နိုင်ကြောင်း သိရသည်။
ကမ္ဘာ့အသက်အကြီးဆုံး Facebookသုံးစွဲသူ
Appleကုမ္ပဏီက ၉၄နှစ်ရှိပြီဖြစ်သည့် ကမ္ဘာ့အသက်အကြီးဆုံး iPadသုံးစွဲသူကို ကြေညာလိုက်ချိန်မှာ Facebookကလည်း အားကျမခံသည့်အနေဖြင့် အသက် ၁၀၅နှစ်ရှိပြီဖြစ်သည့် Facebookသုံးစွဲသူရှိကြောင်း အထောက်အထားများနှင့် ပြသခဲ့သည်။မာရီယာဆိုသည့် သက်တော်ရာကျော်ရှိပြီဖြစ်သည့် အဘွားအိုကို ၁၉၀၇ခုနှစ်က မွေးဖွားခဲ့သည်။ ယင်းအဘွားအိုခေတ်တုန်းက အင်တာနက်၊ ကွန်ပျူတာ၊ ရုပ်မြင်သံကြားစက်နှင့်ဖုန်းများ မရှိသေးသော်လည်း အသက်၁၀၅ နှစ်ပြည့်ချိန်မှာတော့ ယင်းအဘွားအိုက Facebookကို iPadပေါ်မှာ သုံးစွဲနေပြီဖြစ်သည်။ ယင်းအဘွားအို၏ Facebook စာမျက်နှာပေါ်တွင်လည်း အဘွားအိုကို သက်တော်ရာကျော်ရှည်စေကြောင်း ဆုမွန်ကောင်း တောင်းပေးကြသည့် သူများနှင့် ပြည့်နှက်နေသည်။ 
ref: ပြည်မြန်မာ
Tuesday, November 13, 2012
ကမ္ဘာ့ အကြီးဆုံးရင်သားပိုင်ရှင်
ဒီ ကမ္ဘာ့ အကြီးဆုံးရင်သားပိုင်ရှင် အမျိုးသမီးသည် ဆေးပညာဖြင့်ပြုပြင်
ဖန်တီးထားခြင်းမဟုတ်ပါ။ သဘာဝအတိုင်း စံချန်တင်ထားသူပါ။
Annie Hawkins-Turner (aka Norma Stitz) ဆိုတြ့အမေရိကန်
အမျိုးသမီးပါ။စံချန်ဝင်ဆိုတော့ အတိုင်းအထွာပမာဏ ကိုတင်ပြရမှာပေါ့။
သူမ၏ ရင်းသားများဟာ အထက်အောက် 109.22 cm (၄၃ လက်မ) ရှိပါတယ်။
အလယ်အ၀န်းလုံးပတ်ကတော့ 177.8 cm (၇၀ လက်မ) ရှိပါတယ်။
ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ
ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။
သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေ
းရတဲ့ အလုပ်ဖြစ်ပါတယ်။
Box အတွင်းသို့ အချိန်အမြန်ဆုံးဝင်ရောက်နိုင်သူ
Skye Brobergဆိုတဲ့ အမျိုးသမီးကတော့ တကယ်ကျဉ်းကျဉ်းကျပ်ကျပ်ကိုမှ
ကြိုက်တယ်နဲ့ တူပါတယ်။ သူမဟာ 52cm x 45cm x 45cm ထုထည်ရှိတဲ့
box တစ်ခုထဲကို 4.78 seconds နဲ့ အရောက်ဝင်နိုင်ခဲ့ပါတယ်။ လက်ငါးချောင်း
ချိုးချိန်မပြည့်ခင်လေးအချိန်လေးမှာပေါ့နော်။ ဒီအစွမ်းပြမှုကို ၂၀၁၁ ခု ၊ 
သူမသည် သက်မှတ်ထားသော box ကျဉ်းကျဉ်းလေးထဲကို အချိန်အမြန်ဆုံးဝင်ရောက်နိုင်သူ
အဖြစ်စံချန်တင်နိုင်ခဲ့ပါသည်။...........................နေခရမ်း
Sunday, November 11, 2012
ကြောင်တစ်ကောင်ကို မြို့ တော်ဝန်တစ်ဦးအဖြစ် ခန့်အပ်ထား
ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေ
းရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ 
၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက်နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေမယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရရှာပါတယ်။
ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွားပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါ တယ်။ ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိ မှတ်တမ်းစာရင်းထဲလည်း တကယ် ထည့်ထားရပြီး Talkeetna မြို့ တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့ တစ်ခု ဖြစ်လာပါတယ်။
--
Ref:wiki
ref: facebook(international news for myanmar)မှတစ်ဆင့်
Saturday, November 10, 2012
ကမ္ဘာအမြင့်ဆုံး ဟိုတယ် မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ဖွင့်တော့မည်
ဆိုးလ် နိုဝင်ဘာ ၁
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင်ဆောက်လုပ်လျက် ရှိသော အထပ်ပေါင်း ၁ဝ၅ ထပ်ပါ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အား လာမည့် ၂ဝ၁၃ ခုနှစ် တွင် ဖွင့်လှစ်တော့ မည်ဟု သိရသည်။ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် ပိရမစ်ပုံစံ Ryugyong ဟိုတယ်အား မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski  AG ကဆောက်လုပ်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဟု ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရီတိုဝှစ်တ်ဝါက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင် နိုဝင်ဘာ ၁ ရက်ကပြောသည်။
Related Posts Plugin for WordPress, Blogger...