နေခရမ်း
ထူးဆန်းထွေလာ ၊ ဟာသ နှင့် သုတ/ရသလေးများ
Pages
မူလစာမျက်နှာ
ပြုံးစရာ
ဂရင်းနစ်မှတ်တမ်းများ
ထူးဆန်းလူသားများ
ထူးဆန်းတံတားများ
ထူးဆန်းအဆောက်အဦးများ
ထူးဆန်းအကြောင်းအရာများ
ထူးဆန်းနေရာများ
ထူးဆန်းသတ္တ၀ါများ
ထူးဆန်းရောဂါများ
ထူးထူးခြားခြားအနုပညာ
ထူးဆန်းမြန်မာ
သုတပဒေသာ
ဗွီဒီယိုဖိုင်
သုတ/ရသစာစုများ
ဆိုဒ်အကြောင်းလမ်းညွှန်
နေခရမ်း....
ဒီဆိုဒ်တွင်တင်သမျှကို mail ပို့ စေလိုလျှင်ဖြစ်စေ၊ ဝေဖန်အကြံပြုရန်ဖြစ်စေ
ဆိုဒ်အကြောင်းလမ်းညွှန်
နေရာတွင် ဆက်သွယ်ပေးပါ...
Saturday, November 24, 2012
လူဖြင့် လုပ်သော ကား
ရုတ်တရက် ကြည့်လိုက်ရင် ကားလို့ ထင်ရပေမယ့် အမှန်တော့ လူ ၁၇ ဦးကို ဆေးခြယ်လို့ ပုံဖော်ထားတဲ့ ကား ဒီဇိုင်း ဖြစ်ပါတယ်။
အမျိုးသား၊အမျိုးသမီး ပါဝင်ပြီး သြစတေးလျ body painter - Emma Hack က ဆေးခြယ်ပေးထားတာ ဖြစ်ပါတယ်။
အပြည့်အစုံဆက်လက်ဖတ်ရန် >>
ကမ္ဘာ့အကြီးဆုံး လူလိမ်ပြိုင်ပွဲ အင်္ဂလန်၌ ကျင်းပမည်
ကမ္ဘာ့အကြီးဆုံး လူလိမ်ရွေးချယ်ပြိုင်ပွဲကို အင်္ဂလန် အနောက်မြောက်ပိုင်းဒေသရှိ ဘရစ်ခ်ျအင်တွင် မကြာမီကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာအရပ်ရပ်မှ အဆိုပါလူလိမ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာလ၁၅ရက်နေ့တွင် ဘရစ်ခ်ျအင်သို့ စုရုံးရောက်ရှိနေပြီဖြစ်သည်။ အဆိုပါလူလိမ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးချင်းစီသည် ငါးမိနစ်ခန့် ပရိသတ်များရှေ့တွင် အလိမ်အညာစကားများကို ပြောကြားခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့ထဲမှအကောင်းဆုံးကို ရွေးချယ်မည်ဖြစ်သည်။
အပြည့်အစုံဆက်လက်ဖတ်ရန် >>
ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ
ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့
ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။
အပြည့်အစုံဆက်လက်ဖတ်ရန် >>
ဖားများကို အများဆုံးစုဆောင်းသူ
အမေရိကတွင် သာယာကျူတာဆိုသည့် အသက်၅၀ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးမှာ ဖားနှင့်ပတ်သက်သည့် ပစ္စည်းပစ္စယပေါင်း တစ်သောင်းကျော်ကို စုဆောင်းထားသည်။ သူစုဆောင်းထားသည့် ပစ္စည်းများထဲတွင် ဖားရုပ်များ အများဆုံးပါဝင်နေသောကြောင့် ယင်းအမျိုးသမီးကြီးကို ဖားချစ်သူ အမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်လိုက်ပြီဖြစ်သည်။ ''ဖားတွေက ချစ်ဖို့ကောင်းတယ်။ ဘာကြောင့်သူတို့ကို ချစ်ရတယ်ဆိုတာတော့ ရှင်းမပြတတ်ဘူး''ဟု ယင်းအမျိုးသမီးကြီးက သူ့ခံစားချက်များကို ဖွင့်ဟသွားသည်။
ref: ပြည်မြန်မာ
လူပေါင်းရာချီ၍ လှိုင်းအတူစီးပြ
သြစတြေးလျနိုင်ငံတွင် GoRideaWave လှိုင်းစီးအဖွဲ့က ၎င်းတို့၏ ငွေရတုအခမ်းအနားတွင် လူအများဆုံး လှိုင်းစီးပြီး ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့ကြသည်။ ယင်းအဖွဲ့မှ လူ၁၂၀က တစ်ပြိုင်နက်တည်းမှာ လှိုင်းအတူ စီးပြနိုင်ခဲ့သောကြောင့် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။ကမ္ဘာ့မှတ်တမ်းတွင် ယင်းသို့ စံချိန်တင်ရန် ချမှတ်ထားသော စည်းကမ်းများမှာ လှိုင်းစီးသူများအားလုံးက တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ လှိုင်းလုံးတစ်လုံးတည်းကို အနည်းဆုံး ငါးစက္ကန့်ကြာ အတူစီးပြရမည် ဟူ၍ပင်ဖြစ်သည်။ ယင်းသို့ ကမ္ဘာ့စံချိန်တင်အောင် လှိုင်းစီးနိုင်ခဲ့သည့် လှိျု့ဝှက်ချက်မှာ လှိုင်းစီးသူများ အားလုံးက တစ်ချိန်တည်းမှာ တညီတညွတ်တည်း လက်တွဲလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ယင်းအဖွဲ့က ရှင်းပြသည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အသေးဆုံး Projector
သွားလေရာတွင် အလွယ်တကူ သယ်သူသွားနိုင်မည့် မီးခြစ်ဘူးအရွယ်မျှသာရှိသည့် Projector အသေးစားလေးကို လန်ဒန်ကုမ္ပဏီက စတင်တီထွင်လိုက်ပါပြီ။ Projectoဟု နာမည်ပေးထားသည့် အဆိုပါ Projector အသေးစားလေးမှာ ၁၅ဒေါ်လာမျှသာ ကျသင့်သောကြောင့် အရေးပေါ်အစည်းအဝေး လုပ်လိုသူများအတွက် လွန်စွာအသုံးဝင်သည်။ ယင်းProjectorတွင် LEDမီးအလင်းရောင်များကို အဓိကထား အသုံးပြုထားပြီး ကိုဒက်ဖလင်များဖြင့် လက်တွေ့စမ်းသပ်ပြခဲ့သည်။ ယင်း Projectorအသေးစားလေးကို စတင်တီထွင်ရနု Kickstart၀က်ဘ်ဆိုက်မှ စတင်ကြေညာခဲ့ပြီး ၂၄နာရီအတွင်းမှာ ရန်ပုံငွေရရှိခဲ့သည်။
ref: ပြည်မြန်မာ
ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာ
အနံ့အရသာ ခပ်ပြင်းပြင်းကိုမှ ကြိုက်နှစ်သက်ကြ သူများအတွက် ဆမ်အဒမ် ဘီယာချက်စက်ရုံက ကမ္ဘာ့ဈေးအကြီးဆုံး ယူတိုးပီးယားဘီယာကို ထုတ်လုပ်လိုက်ပါပြီ ဆမ်အဒမ်စက်ရုံက ၎င်းတို့၏ယူတိုးပီးယား ဘီယာထုတ်လုပ်ခြင်း ၁၀နှစ်မြောက်မှာ ဘီယာတစ်ပုလင်းလျှင် ဒေါ်လာ၁၉၀၀န်းကျင်ဖြင့် ရောင်းချခဲ့သည်။ယင်းဘီယာထဲတွင် အယ်လ်ကိုဟောပါဝင်မှု အချိုးအစားမှာ ၂၇ရာခိုင်နှုန်းအထိရှိသည်။ ဆမ်အဒမ် ဘီယာစက်ရုံက ၎င်းတို့၏ ယူတိုးပီးယားဘီယာကို တစ်နှစ်စာအတွက် အလုံးရေ နှစ်သောင်းသာ ထုတ်လုပ်သည် ဟုသိရသည်။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)