Tuesday, December 18, 2012

ဝေလငါး၏ ရေပန်းမှ မီးပန်းများဖြစ်ပေါ်


အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။

မြေးသုံးဦးအဘွား၏ ဆံပင်ပုံစံသစ်


အင်္ဂလန်နိုင်ငံ အီဒင်ဘတ်မြို့မှ မြေးသုံးဦးတို့၏အဘွား အသက်၆၀အရွယ်ရှိ အန်းမက်ဒေါနယ်ဆိုသူသည် သိုင်းရွိုက်အကျိတ်ပျက်စီးမှုကြောင့် ဆံပင်များကျွတ်မှုကို ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ခံစားရပြီးနောက်တွင် ဆံပင်များအားလုံးရိတ်ကာ ဆံပင်တုလည်း မဟုတ်သည့်နည်းလမ်း တစ်ခုကို ရွေးချယ်ခဲ့သည်။ အဘွားအိုအန်းမှာ စတာလင်ပေါင် ၇၂၀ (အမေရိကန်ဒေါ်လာ၉၀၀)ခန့် ကုန်ကျသော ဆံပင်ပုံစံ ဆေးမင်ကြောင်များကို တစ်ခေါင်းလုံးအနှံ့ခြယ်သခဲ့သည်။

အသက်ရှင်နိုင်ရန် အတွက် ဗော့ဒ်ကာ အရက် ၁ဝ လီတာ သောက်သုံး ခဲ့ရသည့် ဆိုက်ဘေးရီးယားမှ ဆင်ကြီးများ

မော်စကို ဒီဇင်ဘာ ၁၅
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသတွင် အအေး လွန်ကဲမှုကြောင့် အသက်ဘေး ရင်ဆိုင် ခဲ့ရသည့် ဆင်ကြီးနှစ် ကောင်ကို ၁ဝ လီတာရှိ ဗော့ဒ်ကာ အရက်များအား ရေနွေးနှင့် ရောနှော တိုက်၍
ကယ်ဆယ် ခဲ့ရကြောင်း တာဝန် ရှိသူများ၏ ပြောကြားချက် အရ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ဆင်များကို တင်ဆောင် ထားသည့် နောက်တွဲယာဉ် မီးစွဲလောင်ခဲ့ရာ   ၄င်းတို့ကို အပြင်သို့ ကယ်ထုတ် ခဲ့ရသောကြောင့် ၄င်းဆင်ကြီး များသည်    အကာအရံ မရှိသည့် အဝေးပြေး လမ်းမပေါ်၌ အလွန် အေးမြသည့် ရာသီဥတုဒဏ်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံးကို သွားရောက် လည်ပတ်ခဲ့သူ



စွန့်စားမှုကို ၀ါသနာပါသည့် ဗြိတိန်နိုင်ငံသား ဂရေဟမ်ဆိုသူသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၁နိုင်ငံသို့ လေယာဉ်မစီးဘဲ ရေကြောင်းနှင့် ကုန်းကြောင်းဖြင့်သာ သွားရောက်လည်ပတ်ခဲ့သည့် ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်ခဲ့သည်။ ရက်ပေါင်း၁၄၂၆ ရက် (၂၀၃ပတ်)ကြာ ခရီးနှင်ခဲ့သည်။ ၎င်း၏ခရီးစဉ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃နိုင်ငံလုံး ပါဝင်ခဲ့သည်။လေးနှစ်ကြာ ခရီးနှင်ခဲ့သည့် ၎င်း၏ခရီးစဉ်ကို ၂၀၀၉ခုနှစ် ဇန်န၀ါရီလ၁ရက်တွင် စတင်ခဲ့ပြီး ၂၀၁၂ခုနှစ် နိုဝင်ဘာလရောက်မှ အဆုံးသတ်ခဲ့သည်။
ref: ပြည်မြန်မာ 

ဒိန်ခဲကို လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝဝ ခန့်မှ စ၍ လူသားများ ပြုလုပ်

ပဲရစ်   ဒီဇင်ဘာ   ၁၆
သမိုင်းမတိုင်မီ ခေတ်က လူသားများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝဝ အချိန်မှ စတင်၍ အပေါက်ဖောက် ထားသော ရွှံ့မြေအိုး များကို ရေစစ်ကဲ့သို့ အသုံးပြုပြီး ဒိန်ခဲများ ပြုလုပ် ခဲ့ကြကြောင်း သိပ္ပံပညာရှင် များက တွေ့ရှိ ခဲ့ကြသည်။
နွားနို့အား ပုပ်သိုးခြင်း မရှိစေဘဲ ပို၍ အစာကြေလွယ်ပြီး သယ်ယူပို့ဆောင်ရန် လွယ်ကူသော ပုံစံဖြင့် တာရှည်ခံစေရန် ဒိန်ခဲအဖြစ် ပြုလုပ်ခြင်းသည် လူ့သမိုင်းတွင် အဓိကကျသည့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သော့ချက် တစ်ခုဖြစ်ကြောင်း Nature ဂျာနယ်၏ ထုတ်ပြန်ချက် အရ သိရသည်။

နေရောင်ခြည်စွမ်းအင်ဖြင့် မောင်းနှင်မည့်လေယာဉ် ကမ္ဘာပတ်ပြမည်


နေရောင်ခြည်စွမ်းအင်များကို လျှပ်စစ်စွမ်းအားအဖြစ် ပြောင်းလဲသွားစေမည့် ဆိုလာဆဲလ် ၁၂၀၀၀ကို တောင်ပံများတွင် တပ်ဆင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်မှာ ဆွစ်ဇာလန်နိုင်ငံတွင် စတင်ပျံသန်းနေပြီဖြစ်သည်။နေရောင်ခြည်စွမ်းအင်သုံးပြီး အဝေးဆုံးခရီးကို လေယာဉ်ဖြင့်ပျံသန်းနိုင်သည့် ကမ္ဘာ့မှတ်တမ်းစံချိန်ကို ဆွတ်ခူးသွားသော SolarImpulse အဖွဲ့အနေဖြင့် ယခုအခါ ၎င်းတို့လေယာဉ်ဖြင့် ကမ္ဘာပတ်ရန်ပင် စီစဉ်နေပြီဖြစ်သည်။

Friday, December 14, 2012

ဆလုံတိုင်ရင်းသားများ

သည်စာစုမှာ ကျွန်တော် လန်ပိ အဏ္ဏ၀ါအမျိုးသားဥယျာဉ် အကြောင်းရေးဖို့ပါ။
ဒါပေမယ့်ဆလုံလူမျိုး တို့၏ အကြောင်းကို ရင်တင်ပြမှ ပြည့်စုံမည်ဖြစ်သဖြင့်
ပထမဦးစွာ ဆလုံတိုင်းရင်းသားများ အကြောင်း ရှာဖွေလို့ရသလောက် တင်ပြပါမည်။
ဆလုံတိုင်းရင်းသားများ

ရေငုပ်ကျွမ်းကျင်မှုဖြင့် နာမည်ကြီးသော ဆလုံကလေးငယ်တစ်ဦး
Related Posts Plugin for WordPress, Blogger...