အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ရှောဒစ်ရပ်ကွက်၏ လူသွားလူလာများသော နေရာတွင် အသက်၂၄နှစ်အရွယ်ရှိ အဒမ်ပါစီတီဆိုသူ ဘွဲ့ရတစ်ဦးသည် အလုပ်လက်မဲ့ ဖြစ်နေသဖြင့် ၎င်း၏ရှိစုမဲ့စုငွေပေါင် ၅၀၀ကိုသုံးပြီး အလုပ်လိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုထောင်လိုက်သည့် သတင်းက ကမ္ဘာ့သတင်း စာမျက်နှာများပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ အဒမ်ပါစီတီ၏ ဆိုင်းဘုတ်ပေါ်တွင် သူ၏ဓာတ်ပုံနှင့်အတူ ''ကျွန်တော်ရဲ့ နောက်ဆုံးငွေ၅၀၀သုံးပြီး ဒီဆိုင်းဘုတ်ကို ထောင်လိုက်ရပါတယ်။ ကျွန်တော့်ကို အလုပ်တစ်ခုပေးကြပါ''ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။
နေခရမ်း....
|
Saturday, February 23, 2013
နောက်ဆုံးလက်ကျန်ငွေကို အသုံးပြုပြီး အလုပ်ရှာဆိုင်းဘုတ် ထောင်လိုက်တဲ့ လန်ဒန်မြို့သား
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ရှောဒစ်ရပ်ကွက်၏ လူသွားလူလာများသော နေရာတွင် အသက်၂၄နှစ်အရွယ်ရှိ အဒမ်ပါစီတီဆိုသူ ဘွဲ့ရတစ်ဦးသည် အလုပ်လက်မဲ့ ဖြစ်နေသဖြင့် ၎င်း၏ရှိစုမဲ့စုငွေပေါင် ၅၀၀ကိုသုံးပြီး အလုပ်လိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုထောင်လိုက်သည့် သတင်းက ကမ္ဘာ့သတင်း စာမျက်နှာများပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ အဒမ်ပါစီတီ၏ ဆိုင်းဘုတ်ပေါ်တွင် သူ၏ဓာတ်ပုံနှင့်အတူ ''ကျွန်တော်ရဲ့ နောက်ဆုံးငွေ၅၀၀သုံးပြီး ဒီဆိုင်းဘုတ်ကို ထောင်လိုက်ရပါတယ်။ ကျွန်တော့်ကို အလုပ်တစ်ခုပေးကြပါ''ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။
ရေခဲကျောက် တိုင်များအပေါ် အထိုင်ပြိုင်ပွဲကျင်းပ
ဆောင်းရာသီ ပျော်ပွဲ၊ ရွှင်ပွဲများအပြင် ရေခဲကျောက်တိုင်များ အပေါ်တွင်အထိုင် ပြိုင်ပွဲများကို ဆွီဒင်နိုင်ငံ မြောက်ပိုင်း၌ ဖေဖော်ဝါရီ၇ရက်မှ စတင်၍ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Tuesday, February 19, 2013
အီတလီမှ ရေတပ်မြို့ကလေး
Portofino ရွာဖြစ်ပါတယ်။ အီတလီနိုင်ငံကပါ။ငါးဖမ်းရွာတဲ့ ဒါပေမယ့် သူတို့ ရဲ့အဆောင်အဦး တွေဟာ ရှေးယခင်ကတည်းက တောင်ကိုကပ် ပြီး ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ရှေးအီတလီ ဘုရင်ရေတပ်တွေ အလေးထားတဲ့ ရေတပ်မြို့လည်း ဖြစ်ပါတယ်။
ref : facebook ( သုတစွယ်စုံကျမ်းမှ)
ရှေးဟောင်းပိရမစ် ၃၅ခုကို ဆူဒန်၌တွေ့ရှိ
ဂူသင်္ချိုင်းများ ပါဝင်သော ရှေးဟောင်း ပိရမစ် ၃၅ခုကို ဆူဒန်နိုင်ငံ ဆီဒီအင်ဂါဒေသတွင် ရှာဖွေတွေ့ရှိခဲ့သည် ဟုသိရသည်။ အဆိုပါပိရမစ်များ၏ သက်တမ်းမှာ နှစ်ပေါင်း၂၀၀၀ ကျော်ကြာပြီဖြစ်သည်။ ဆူဒန်ဘုရင် ကက်ရှ်လက်ထက်က တည်ဆောက်ခဲ့သည့် အဆိုပါပိရမစ်များ၏ ဗိသုကာပညာမှာ လွန်စွာအဆင့်မြင့်သည်။
Monday, February 18, 2013
နှစ်ပေါင်း ၁၂၀၀ကျော် သက်တမ်းရှိ အိန္ဒိယမှသမိုင်းဝင် ရေတွင်း
ယမုံနာမြစ်ကမ်း အနီးရှိ တာ့ဂ်ျမဟာ အဆောက်အအုံကဲ့သို့ အနုပညာ လက်ရာမြောက်သည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျာပန်ပြည်နယ် အဘေနီရီ ကျေးရွာအနီးရှိ ပေ၁၀၀ကျော်နက်သော နှစ်ပေါင်း ၁၂၀၀သက်တမ်းရှိ ရေတွင်းကို အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။ ဟိန္ဒူအနုပညာ လက်ရာဖြစ်သော အဆိုပါရေတွင်းကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ကျော်က ဆောက်လုပ်ခဲ့ပြီး လှေကားထစ်ကျော်ပေါင်း ၃၅၀၀ကျော်ပါရှိသည်။ အဆိုပါရေတွင်းသည် မြေအောက်စိမ့်ရေနှင့် ဆက်စပ်လျက်ရှိပြီး ၁၂လရာသီ ရေမပြတ်ရရှိသည့်အပြင် ရေသည်အစဉ် အေးမြလျက်ရှိပြီး သေသပ်ကျနသော ရှေးခေတ် ဗိသုကာလက်ရာများကိုလည်း တွေ့မြင်နိုင်သည်။
ကမ္ဘာ့အကြီးဆုံး ဂရင်းစင်ထရယ် ဘူတာရုံကြီးနှစ် ၁၀၀ပြည့် အခမ်းအနားကျင်းပ
နှစ်စဉ်ဖေဖော်ဝါရီလတိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျက်ပြည်နယ် အရှေ့ပိုင်း ကီလာရွိုင်ပူဒေသရှိ အိန္ဒိယကျေးလက် အိုလံပစ်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်၍ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။
ကမ္ဘာ့အလျား အရှည်ဆုံးကြောင် ကွယ်လွန်
နှာခေါင်းမှ အမြီးဖျားအထိ လေးပေခန့် ရှည်လျားသော အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် ရီနိုမြို့မှ ဂင်းနက်စ်စံချိန်ဝင် ကမ္ဘာ့အလျား အရှည်ဆုံးကြောင်သည် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စတီဝီအမည်ရှိ ယင်းကြောင်သည် ၂၀၁၀ပြည့်နှစ် သြဂုတ်လတွင် ၄၈ဒသမ၅လက်မဖြင့် ကမ္ဘာ့အလျားအရှည်ဆုံး ကြောင်အဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့သည်။စတီဝီကွယ်လွန်ချိန်တွင် အသက်ရှစ်နှစ်ရှိပြီဖြစ်သည်။၎င်းကွယ်လွန်မှုနှင့် ပတ်သက်၍ အင်တာနက် စာမျက်နှာတွင် ၀မ်းနည်းကြောင်း စာသားများနှင့် အထိမ်းအမှတ် ပစ္စည်းများပေးပို့ခဲ့ကြောင်း ကြောင်ပိုင်ရှင်ဖြစ်သူ ရိုဘင်ဟန်ဒရစ်ဆွန်က ပြောကြားသွားခဲ့သည်။
Subscribe to:
Posts (Atom)