အကျိုးအမြတ်ကို ဦးစားမပေးသည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး MarsOneစီမံကိန်းအရ ကမ္ဘာမြေကို အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ်၌ အခြေချနေထိုင်ရန် လျှောက်လွှာခေါ်ယူခဲ့ရာ ထိုသို့နေထိုင်ရန် လျှောက်ထားသူ နှစ်ပတ်အတွင်း ၇၈၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်ချုပ် ဘတ်စ်လန်းဒရော့က ထုတ်ပြန်ကြေညာသွားခဲ့သည်။လျှောက်လွှာခေါ်ယူမှုကို သြဂုတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
နေခရမ်း....
|
Saturday, May 18, 2013
ကမ္ဘာမြေမှ အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ် အခြေချနေထိုင်ရန် လူပေါင်း၇၈၀၀၀ကျော် လျှောက်ထား
အကျိုးအမြတ်ကို ဦးစားမပေးသည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး MarsOneစီမံကိန်းအရ ကမ္ဘာမြေကို အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ်၌ အခြေချနေထိုင်ရန် လျှောက်လွှာခေါ်ယူခဲ့ရာ ထိုသို့နေထိုင်ရန် လျှောက်ထားသူ နှစ်ပတ်အတွင်း ၇၈၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်ချုပ် ဘတ်စ်လန်းဒရော့က ထုတ်ပြန်ကြေညာသွားခဲ့သည်။လျှောက်လွှာခေါ်ယူမှုကို သြဂုတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
မြေထဲပင်လယ်အောက်တွင် ပျောက်ဆုံးနေသော မြို့တော်ကြီးကို ရှာဖွေတွေ့ရှိ
ဒဏ္ဍာရီထဲတွင် ရှေးခေတ်ဂရိများ၏ ဆိပ်ကမ်းမြို့တော်ဟု လူသိများသည့် ဟီရာကလီယွန်မြို့ဟောင်းကြီးကို ဥရောပရေအောက် ဗိသုကာပညာရှင်များအဖွဲ့မှ စတင်တွေ့ရှိခဲ့ကြသည်။ အီဂျစ်ကမ်းလွန် အဘိုကာပင်လယ်အော် အနီးတွင် ယင်းမြို့ဟောင်းကြီးကို ခြေရာခံခဲ့ကြရာမှ ဒေါက်တာဖရန့်ဂေါ်ဒီယို ဦးဆောင်သောအဖွဲ့သည် ဆယ်စုနှစ်ရှည်ကြာအောင် မြို့ပျက်ဟောင်းကို ရှာဖွေခဲ့ကြသည်။
Saturday, May 11, 2013
သုံးဖက်မြင် ရုပ်ကြွပန်းချီကားများ ဂျပန်ပန်းချီပညာရှင် ရေးဆွဲ
သုံးဖက်မြင်ရုပ်ကြွ 3Dပန်းချီများကို အသက်၂၁နှစ်အရွယ်ရှိ ပန်းချီပညာရှင် နာဂီဟိုက်ယူဂျီက ရေးဆွဲခဲ့သည်။ ၎င်း၏ပန်းချီလက်ရာများကို ခဲတံတစ်မျိုးတည်းဖြင့်သာ ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်ရာများသည် အမြင်အာရုံကို လှည့်စားပြီး ရုပ်ြွကများကဲ့သို့ ထင်မှတ်စေလာနိုင်သည်။
ref:ပြည်မြန်မာ
ကမ္ဘာ့ဗဟိုချက်မ၏ အပူချိန်သည် ယခင်က တွက်ဆထားသည်ထက် ဒီဂရီတစ်ထောင်ကျော်ပိုပူ
ကမ္ဘာ့ဗဟိုချက်မ၏ အပူချိန်သည်၅၀၀၀ ဒီဂရီဆဲစီးယပ်စ်မျှ ရှိသည်ဟုယခင်က တွက်ဆထားကြသော်လည်း ကမ္ဘာ့ဗဟိုချက်မ၏ အပူချိန်သည် လက်တွေ့တွင် ၆၀၀၀ဒီဂရီဆဲစီးယပ်စ် အထိရှိသည်ဟု ခေတ်သစ် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ကမ္ဘာ့စွမ်းအားမြင့် X-rayများကို အသုံးပြုပြီး စမ်းသပ်ကြည့်ကြရာမှ ယင်းကဲ့သို့ သုတေသနရလဒ်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဥရောပရေဒီယို ဓာတ်သတ္တြွိကဌာနမှ ထုတ်ဖော်ပြောကြား လိုက်ခြင်းပင်ဖြစ်သည်။
ref:ပြည်မြန်မာ
အစဉ်အလာမပျက် ရွှံ့ညွန်လူးပြိုင်ပွဲ ဗြိတိန်၌ကျင်းပ
ဗြိတိန်နိုင်ငံ အာဆက်ဒေသ မဲလ်ဒန်မြို့တွင် မေလ၄ရက်နေ့၌ အစဉ်အလာမပျက် ရွှံ့ညွန်လူးပြိုင်ပွဲကို ကျင်းပခဲ့ရာ နိုင်ငံတစ်ဝန်းမှ ပြိုင်ပွဲဝင်၃၀၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲကျင်းပရာ ဘလက်ဝါးတား မြစ်ကမ်းတစ်လျှောက်တွင် ရယ်ရွှင်ဖွယ် အ၀တ်အစားများကို ပုံစံအမျိုးမျိုးဝတ်ဆင်ကာ ရွှံ့ညွန်လူးပြိုင်ပွဲကို တပျော်တပါး ၀င်ရောက်ဆင်နွှဲခဲ့ကြသည်။ ပြိုင်ပွဲဝင်များအနေနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိခြင်းထက် အချင်းချင်းစည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရေးကိုသာ ပိုမိုအလေးထားကြောင်း ပြိုင်ပွဲကျင်းပရေး ဒုတိယဥက္ကဋ္ဌ ဆာရက်ဟာဗေးက ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
ကမ္ဘာ့အမြင့်ဆုံး ချားရဟတ် ဆွီဒင်၌ဖွင့်လှစ်
ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်စင်ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြိွု့ GronaLundဥယျာဉ်တွင် မေ၄ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ချားရဟတ်သည် ပေ၄၀၀ကျော် မြင့်မားပြီး ချားလက်တံသည် ရှစ်ပေကျော် ရှည်လျားကာ တစ်နာရီလျှင် မိုင်၄၀နှုန်းအထိ လည်ပတ်နိုင်ကြောင်း သိရသည်။ ထိုချားရဟတ်ဖွင့်ပွဲ အခမ်းအနားသို့ ဆွီဒင်နိုင်ငံ၏ ပထမဦးဆုံး အာကာသယာဉ်မှူး ခရစ်စတာဖက်စ်လက်ဆန် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ချားရဟတ် GronaLundဥယျာဉ် နှစ်၁၃၀မြောက် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ချားရဟတ်စင်ပေါ်မှ စတော့ဟုမ်းမြို့ အနီးပတ်ဝန်းကျင် ရှုခင်းများကိုလည်း ခံစားကြည့်ရှုနိုင်မည်ဖြစ်ကြောင်း GronaLund ဥယျာဉ်အုပ်ချုပ်ရေးမှူး ပီတာအော့စဘတ်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
၁၁နှစ်အတွင်း အင်းဆက်ပိုးကောင်များကို ကျောင်းဆရာတစ်ဦး နှစ်ခြိုက်စွာစားသုံးခဲ့
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ရိုဒီကျွန်းစုမှ ဒေးဗစ်ဘရာဆာအမည်ရှိ ကျောင်းဆရာတစ်ဦးသည် ၁၁နှစ်ကျော် ကာလအတွင်း အင်းဆက်ပိုးကောင် အများအပြားကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့ကြောင်း အမေရိကန်အရှေ့မြောက်ပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အသက်၄၇နှစ်ရှိ ဒေးဗစ်သည် လွန်ခဲ့သည့် ၁၁နှစ်ခန့်မှ စတင်၍ ဂျပိုး ပိုးဟပ် ဘောက်ဖတ်စသည့် အင်းဆက်ပိုးကောင်များကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့သည့်။
Subscribe to:
Posts (Atom)