မက္ကဆီကိုမြို့မှ အနုပညာရှင် ခရစ္စတန်ရာမို့စ်ဆိုသူသည် လက်သည်းနီဆိုးဆေးများကို အသုံးပြုပြီး မာရီလင်မွန်ရိုး၊ မိုနာလီဇာတို့၏ ပုံတူပန်းချီကားများ အပါအ၀င် အကောင်းဆုံးပန်းချီ လက်ရာများကို ဖန်တီးပြုလုပ်ခဲ့သည်။ အဆိုပါ လက်သည်းနီ ဆိုးဆေးများသည် ပန်းချီကားရေးဆွဲရာတွင် အငွေ့ပြန်လွယ်သဖြင့် ပန်းချီကားများကို ဆေးပါးပါးနှင့် အချိန်ယူရေးဆွဲခဲ့ရကြောင်း သိရသည်။ ပန်းချီကားတစ်ချပ်လျှင် လေးပတ်မှ ငါးပတ်ခန့် ကြာမြင့်ပြီး လက်သည်းနီဆိုးဆေးပုလင်းမှာ ၄၀မှ၅၀ကြားအထိ အသုံးပြုခဲ့ရပြီး ဒေါ်လာ၁၀၀၀ကျော်ခန့် ကုန်ကျခဲ့ကြောင်းသိရသည်။ တစ်ခါတစ်ရံ ပန်းချီကားများကို ရေးဆွဲနေစဉ် ဆေးကုန်သွားသဖြင့် ဇနီးသည်၏ လက်သည်းနီဆိုးဆေးများကို တောင်းယူဆက်လက် ရေးဆွဲရကြောင်း ခရစ္စတန်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ
