Monday, August 5, 2013

အမှတ်တမဲ့အလွဲများ (၃၂)

သူငယ်ချင်းတို့ဆီကို ဒီတစ်ပတ်ရဲ့အမှတ်တမဲ့တွေ့ရတဲ့အလွဲများ ပို့ပေးလိုက်ပါပြီဗျာ။
အားပေးကြပါအုံးနော်...
ဦးဦးတိဗတ်ကြီး ဘာတွေအသဲအသန်ရှာနေတာလဲဗျ...

ဟ...ဒါမြန်မာပြည်နဲ့တူတယ်...ပြေးဟေ့.....

ဆန်းဆန်းပြားပြားဖိနပ်ဒီဇိုင်းများ

အခုတင်ပြမှာက စိတ်ကူးဆန်းဆန်းနဲ့ ဖန်တီးထားတဲ့ဖိနပ်လေးတွေကို
တင်ပြချင်ပါတယ်။ သူငယ်ချင်းတို့ကြည့်ကြည့်လိုက်ပါအုံးနော်...

လမ်းလျှောက်ရင်း တစ်ခါတည်းအိမ်ကို သန့်ရှင်းရေးလုပ်ပြီးသားဖြစ်နေမှာပါ။
တံမျှက်စီးလှည်းခြင်း ၊ ကြမ်းတိုက်ခြင်းကို လမ်းလျှောက်နေယုံပါပဲ... 

ကမ္ဘာ့နောက်ဆုံးပေါ် ထီးဒီဇိုင်းသစ် တီထွင်


လက်ရှိ အသုံးပြုနေသော ထီးများနှင့် ဒီဇိုင်းပိုင်း အတွေးအမြင် လုံးဝ ကွဲပြားသော ထီးသစ် တစ်မျိုးကို ပညာရှင်များက တီထွင်လျှက် ရှိနေကြောင်း သိရှိရသည်။ Rainshaderဟု အမည်ပေးထားသော ထီးသစ်သည် အားပြင်းသော လေဒဏ်ကြောင့် ထီးရွက် လန်သွားသည့် ပြဿနာမျိုး မပေါ်ပေါက်အောင် တားဆီးနိုင်သလို ထီးရွက်ကြောင့် အသုံးပြုသူ၏ မြင်ကွင်းပိုင်း မရှင်းလင်းမှုမျိုး မဖြစ်နိုင်အောင် ဖန်တီးထားသည်။ ယင်းထီးကို ကိုင်ဆောင်ခြင်းဖြင့် မိုးလုံအောင် ငိုက်ငိုက်ဆောင်းထားခြင်းကြောင့် လူချင်း ဝင်တိုက်သည့် ကိစ္စမျိုးကိုလည်း အလိုလို ရှောင်လွှဲနိုင်မည် ဖြစ်သည်။ ခေါင်းဆောင်းတစ်ခု သဏ္ဍန်နှင့် ဆင်တူသည့် Ranishaderထီးတွင် ထီးကိုင်းများအား ဖိုင်ဘာဂလက်စ်ဖြင့် တည်ဆောက်ထားသည်။

ဘာဘွန်းမျောက်ကြီးများကြောင့် သတ္တဗေဒပညာရှင်များ ဦးနှောက် ခြောက်ရ


နယ်သာလန် တိရစ္ဆာန်ဥယျာဉ်မှ ဘာဘွန်းမျောက် ကြီးများ၏ ထူးဆန်းသော
အပြု အမူကြောင့် သတ္တဗေဒပညာရှင် များကို စိတ်ရှုပ်ထွေးစေခဲ့ကြောင်း သိရသည်။
မျောက်ကြီးများ၏ အပြု အမူမှာ တစ်ခုခုကိုကြောက်လန့် နေသကဲ့သို့ သတ္တဗေဒပညာရှင် များကိုပင် ခေါင်းစားစေခဲ့သည် ဟု ဆိုသည်။
”လွန်ခဲ့တဲ့ရက်ကစပြီး သူတို့ အထိတ်တလန့်လန့်ဖြစ်ပြီး ဆောက် တည်ရာမရဖြစ်နေခဲ့တာ၊ ခါတိုင်း လို ခုန်ပေါက်တာမျိုးလဲ မလုပ် တော့ဘဲ ထူးဆန်းတဲ့အပြုအမူ မျိုးကိုပြုမူနေခဲ့တယ်”ဟု နယ်သာ လန်မြောက်ပိုင်း အမ်မင်ဒီရာရီ တိရစ္ဆာန်ဥယျာဉ်မှ သတ္တဗေဒပညာရှင် ဝစ်ခ်ျဘရင်းလန့်မင်း
က ပြောကြားခဲ့သည်။

Sunday, August 4, 2013

ဂရင်းနစ်မှတ်တမ်းပုံများ ပေါင်းစု

လက်သည်းခွံ နာရီ


နယ်သာလန်နိုင်ငံက ကမ္ဘာကျော် နာရီထုတ်လုပ်ရေးကုမ္မဏီဖြစ်တဲ့ Timex မှ စိတ်ကူးနဲ့ ဖန်တီးလိုက်တဲ့ နာရီ ဖြစ်ပါတယ်။ လက်သည်းခွံပေါ်တပ်ဆင် အသုံးပြုလို့ရတဲ့ TX54 အမည်ရ လက်သည်းခွံနာရီ (Nail Watch) ဖြစ်ပါတယ်။နာရီကို အမှောင်ထဲမှာလည်းကြည့်ရှုနိုင်ပြီး လက်သည်းခွံထိပ်ဖျားကို နိပ်လိုက်မယ်ဆိုရင် အချိန်ပြပေးတဲ့ ဒီဂျစ်တယ် ဂဏန်းတွေ ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အချိန်တစ်ခုတည်းမဟုတ်ပဲ၊ ပြက္ခဒိန်လည်း ပါဝင်ပါသေးတယ်။ Digital display ကလက်သည်းခွံပြင်ကျယ်ပေါ်မှာ ဖြစ်ပြီး အချိန်တွေထိန်းညှိရတဲ့ ခလုတ်ကတော့ လက်သည်းခွံထိပ်ပေါ်မှာ ဖြစ်ပါ တယ်။

Saturday, August 3, 2013

နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး


ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ်တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။
တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့ အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။

Related Posts Plugin for WordPress, Blogger...