Wednesday, August 28, 2013

မယ်တော်မာရီပုံ ပေါ်လာသည့် လေပူဖောင်း


လန်ဒန်မြို့မှ ဓာတ်ပုံဆရာတစ်ဦးသည် ကျေးလက်ဒေသသို့ အလည်အပတ် သွားရောက်စဉ် ကလေးငယ်တစ်ဦးက လေပူဖောင်း မှုတ်ထုတ်ကစားစဉ် ထိုလေပူဖောင်းမှ မယ်တော်မာရီက သားဖြစ်သူ ခရစ်တော်ကို ပွေ့ဖက်နေသည့် ပုံသဏ္ဌာန်ပေါ်လာခဲ့ရာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ ဂျင်နီဟယ်လာသည် အင်္ဂလန် အရှေ့တောင်ပိုင်း ဆက်ဖို့ဒ်ဒေသရှိ ဒန်ဝှစ်ခ်ျကျေးရွာသို့ သွားရောက်လည်ပတ်စဉ် ကလေးငယ်တစ်ဦး မှုတ်ထုတ်လိုက်သော လေပူဖောင်းမှ ထူးဆန်းအံ့သြဖွယ် ပုံသဏ္ဌာန် ပေါ်လာခဲ့သဖြင့် ဓာတ်ပုံရိုက်ကူးပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် ၁၆၂၈ ခုနှစ်ခန့်က ပန်းချီပညာရှင် ဂိုင်ဒိုရီနီ ရေးဆွဲထားသော ခရစ်တော်နှင့် မယ်တော်မာရီ ပန်းချီကာနှင့် တူညီနေသည်ကို တွေ့ရသည်။ ဆပ်ပြာရည် အသုံးပြုပြီး မှုတ်ထုတ် ကစားရသည့် လေပူဖောင်းမှ ယင်းသို့ မယ်တော်မာရီပုံသဏ္ဌာန် ထွက်ပေါ်လာမှုသည် အံ့အားသင့်ဖွယ် ကောင်းပြီး ထိုလေပူဖောင်း မပျောက်ကွယ်မီ အလျင်အမြန် ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ခြင်းကို ၀မ်းမြောက်မိကြောင်း ဂျင်နီဟယ်လာက ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ

Friday, August 23, 2013

ကမ္ဘာတလွှားထူးခြားလှပနေရာများ ( ၂ )

ဒေသစုံက လှပတဲ့ပုံလေးတွေကို ပြန်လည်စုစည်းတင်ပေးလိုက်ပါတယ်။
Amazing Escapes, Bali



Spiral iceberg in Antarctica


အန္တာတိကက ပုံစံထူးခြားတဲ့ရေခဲတောင်ကြီးပါ။

အမေရိကန် ဖလော်ရီဒါတွင် ပန်းကန်ပြားပျံများ တွေ့


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်တွင် UFO ဟုခေါ်သည့် ပန်းကန်ပြားပျံများ တွေ့ရှိ ကြောင်း သတင်းများ ထွက်ပေါ် ပြီးနောက် ပြည်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်နေကြကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။
အသက် ၃၂ နှစ်အရွယ်ရှိ မရဲဒစ်ဟော့ကာဒေး ဆိုသူသည် ဖလော်ရီဒါ ကမ်းခြေ မီးပြတိုက် အနီးတွင် သူမ၏ ခွေးနှင့်အတူ လမ်းလျှောက်နေ စဉ် ကောင်းကင်၌ ထူးဆန်းသည့် အလင်းရောင်များနှင့်အ...တူ ပန်းကန်ပြားပျံ ကို တွေ့ရှိရသဖြင့် ဗီဒီယို ရိုက်ကူးကာ အမျိုးသား UFO လေ့လာရေး အဖွဲ့သို့ ထိုဗီဒီယို မှတ်တမ်းကို ပေးပို့ခဲ့သည်။

မဇ္ဈိမသားများမြွေပွဲတော်တွင် ကောင်းချီးခံယူ


အိန္ဒိယနိုင်ငံအရှေ့ပိုင်း အ စွန်အဖျားကျေးရွာရှိ ရွာသူရွာ သားတို့သည် အဆိပ်ရှိသော မြွေ တို့၏ စောင်မခြင်းကို ခံယူရန် တန်းစီလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ခံယူလိုက်ခြင်းဖြင့် ကံကောင်းစေသည်ဟု ယူဆသော ကြောင့်ဖြစ်သည်။ မြွေအလမ္ပာယ် ဆရာတို့က လက်ခုပ်တီးခြင်း၊ ဗုံ များတီးခြင်းဖြင့် ပခြုပ်အတွင်းမှ မြွေများ ထွက်လာစေရန် ဆွဲဆောင် မှုပြုကြသည်။

ယင်းသည် အနောက်ဘင်္ဂ လားပြည်နယ် ပါဘာဘီရှနုပါရွာ တွင် နှစ်စဉ်ကျင်းပသော မြွေပွဲ တော် အခင်းအကျင်းလည်းဖြစ် သည်။ မြွေများကို ပခြုပ်များအ တွင်းမှ ထွက်လာအောင် ပြုလုပ် ခြင်းသည် အတတ်ပညာတစ်ခုဖြစ်ကြောင်း အသက် ၄၆ နှစ်အရွယ်ရှိ မြွေ အလမ္ပာယ်ဆရာ ဟိုင်ဒါမားက ပြောကြားခဲ့သည်။

Tuesday, August 20, 2013

ထူးခြားစွာတည်ဆောက်ထားသော ဘုရားကျောင်းများ ( ပုပ္ပါး ၊ အင်းလေးဖောင်တော်ဦး ဘုရားများပါဝင်)

အခုတင်ပေးမယ့်ပိုစ့်က နေခရမ်း စိတ်ကူးဖြင့်စုစည်းထားခြင်းမဟုတ်ပါဘူး။
အင်တာနက် ဆိုဒ်များမှာ တွေ့မြင့်ရတဲ့ Breathtaking Monasteries ၊
Magnificent Monasteries ၊ Amazing Monasteries ဆိုတဲ့ခေါင်းစဉ်များနှင့်
ပိုစ့်များကို ပြန်လည်စုစည်းတင်ပြပေးမှာပါ။ ဆိုဒ်တစ်ခုနှင့် တစ်ခု သတ်မှတ်ဖေါ်ပြချက်
ကွဲလွဲမှု အနည်းငယ်စီ ရှိကြပေမယ့် အများအားဖြင့် တော့တူညီကြပါတယ်။
သူငယ်ချင်းတို့ဆက်လက်အားပေးကြပါအုံးနော်...
၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံ
မှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက်
700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ
1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။
Related Posts Plugin for WordPress, Blogger...