Thursday, October 17, 2013

လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ဖိုင်ဘာမျှင်များဖြင့် တည်ဆောက်ထားသော မိုးမျှော်တိုက်များ


အမြင့်ရောက်လျှင် လေပိုတိုက်သည့် သဘောတရားကို အခြေခံထား၍ စတော့ဟုမ်းရှိ ဖိုင်ဘာမျှင် မိုးမျှော်တိုက်တွင် လေထဲ မျောလွင့်နေသော ဖိုင်ဘာမျှင်များကို တွေ့ရမည် ဖြစ်သည်။ လေတိုက်သည့် အလျောက် လှုပ်ယမ်းနေသည့် အဆိုပါ ဖိုင်ဘာမျှင်များ၏ တုန်ခါမှုမှ တစ်ဆင့် လျှပ်စစ်စွမ်းရည်ကို ရယူနိုင်ရန် စတော့ဟုမ်းရှိ သိပ္ပံပညာရှင်များက ကြံဆခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းမိုးမျှော်တိုက်တွင် တပ်ဆင်ထားသော ကာဗွန်မျှင်များကို လေပြည်လေညင်း တိုက်ခတ်ရုံမျှပင် လေထဲ လွင့်မျောနိုင်ရန် စီစဉ်ထားသည်။

ကာလကြာရှည်စွာ ပျောက်ဆုံးနေသော အီဂျစ်ပိရမစ်များကို Google Earth ဂြိုဟ်တုမြေပုံတွင် ရှာဖွေတွေ့ရှိဟု ဆို


အီဂျစ် သဲကန္တာရ တွင် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အီဂျစ်ပိရမစ်များကို Google ၏ မြေပုံဆော့ဖ်ဝဲဖြစ်သည့် Google Earth တွင် ရှာဖွေတွေ့ရှိ နိုင်ပြီဟု အမေရိကန် ဗိသုကာပညာရှင် အန်ဂျလာမီကော်က လက်တွေ့သက်သေပြခဲ့သည်။ Google Earth တွင် တင်ထားသော မြေပုံများကို သမိုင်း အထောက်အထားများနှင့် တိုက်ဆိုင်ကြည့်ရာတွင် Google Earth မှမြေပုံများသည် ပျောက်ဆုံးနေသော ပိရမစ်များ၏ တည်နေရာကို ညွှန်ပြနိုင်ကြောင် တွေ့ရသည်။

ဝိုင်ဖိုင်၊ တီဗီ၊ ရေဒီယိုနှင့် ဆဲလ်ဖုန်းများ မသုံးရဟု တားမြစ်ထားသည့်မြို့


အမေရိက အနောက်ဗာဂျီးနီးယား ပြည်နယ်ရှိ ဂရင်းဘန့်မြို့ငယ်လေးသည် တစ်မြို့လုံးတွင် လူဦးရေ ၁၄၉ ဦးသာ ရှိသည်။ သိပံ္ပပညာရှင်များသည် အာကာသထဲသို့ ဂြိုဟ်တု လွှတ်တင်နိုင်ရန် ထိုနေရာတွင် လုပ်ဆောင်ကြသည်။ လျှပ်စစ်ပစ္စည်းများက လှိုင်းများ ထုတ်လွှတ်သဖြင့် ထိုလှိုင်းများသည် ၄င်းတို့၏ အချက်သင်္ကေတ (signal) ကို နှောင့်ယှက်နိုင်သည်။ ထို့ကြောင့် ထိုဒေသတွင် ရေဒီယို၊ တီဗီ၊ ၀ိုင်ဖိုင်၊ ဆဲလ်ဖုန်းများနှင့် bluetooth မသုံးစွဲရပေ။ ဂရင်းဘန့်မြို့တွင် အကြီးဆုံး ရေဒီလှိုင်းဖမ်း ဂြိုဟ်တုစလောင်းကြီး The GreenBank Telescope ရှိသည်။ ထိုစလောင်းကြီးဖြင့် သိပံ္ပပညာရှင်များက ကြယ်နက္ခတ်နှင့် အာကာသကို လေ့လာကြသည်။

အခြားယောကျာ်းနှင့် အတူအိပ်ခဲ့သူ၏ အင်္ဂါကို မိန်းမဖြစ်သူက ဖြတ်ပစ်ခဲ့


ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆန်တိုစ်မြို့တွင် အမျိုးသမီးတစ်ဦးသည် အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ယောကျာ်းဖြစ်သူ၏ အင်္ဂါကို ဖြတ်ပစ်ခဲ့သည်။ ယင်းအမျိုးသမီးသည် ၎င်း၏ယောကျာ်းက အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ကြားသိရသော်လည်း ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်း မရှိသည့်အတွက် တစ်ပတ်ကျော် စောင့်ကြည့် လေ့လာခဲ့ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် ယင်းသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသားကို ဆေးရုံတင်ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း ၎င်းသည် နောက်တစ်ကြိမ် မည်သည့် လိင်ဆက်ဆံမှုမျိုးကိုမှ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆရာဝန်ဖြစ်သူက ဒေးလီးတယ်လီဂရပ်ဖ်သို့ ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ

Tuesday, October 15, 2013

မြေကမ္ဘာနေ့ အခမ်းအနား (Earth Hour) ကျင်းပပုံမြင်ကွင်းများ

မတ်လ ၂၃ ရက် ည ၈း၃၀ မှ ၉း၃၀ က မြေကမ္ဘာနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းတွင် ၁ နာရီကြာ လျှပ်စစ် မီးမှိတ်ခြင်းဖြင့် ကျင်းပခဲ့ကြသည်။ ၎င်းအခမ်းအနားကို နိုင်ငံပေါင်းများစွာမှ လူသန်းပေါင်းများစွာက လျှပ်စစ်မီးမှိတ်သည်ဆိုခြင်းထက် ကမ္ဘာမြေကြီး၏ ရာသီဥတုပြောင်းလဲမှုအတွက် အပြုသဘောဆောင် ပါဝင်ဆင်နွှဲကြခြင်းဖြစ်သည်ဟု သိရသည်။ 
 
 

မွေးနေ့အမှတ်တရ........


သြော်ဘာလိုလိုနဲ့ နောက်တစ်နှစ်တောင် အသက်ကြီးသွားပြန်ပါပြီ...
မနှစ်က အမှတ်တရ ရေးခဲ့တာ မကြာသေးဘူးထင်နေတာ တစ်နှစ်တောင်ကြာသွားပြီပေါ့။
ဒီနေ့မှာ အရင်ဆုံးစဉ်းစားမိတာကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က
အမေ့ပုံရိပ်ကိုပါ။ ၈၃ ခု အာဇာနည်ကုန်းဗုံးပေါက်ကွဲလို့ ရေဒီယိုသတင်းနားထောင်နေချိန်မှာ
အမေတစ်ယောက် ကျွန်တော့်ကို မွေးဖို့ ကြိုးစားနေရမှာပါ။
အဲဒီအချိန်တုံးက နာလွန်းလို့ အမေ မျက်ရည် ကျခဲ့ရသလားဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော်အရွယ်ရောက်ချိန်မှာ ဆိုးခဲ့မိလို့ ကျွန်တော်မသိအောင်
အမေ မျက်ရည်ကျခဲ့ရတာတွေ မနည်းခဲ့ပါဘူး။ အငယ်ဆုံးမို့လို့ မျှော်လင့်ချက်တွေ
များစွာထားခဲ့ပေမယ့် ဒီနေ့အထိ ဘာမှဖြစ်မလာခဲ့တာ အမေ ယူကျုံးမရဖြစ်နေမှာပါ။
ကျွန်တော် ဒီနေ့အချိန်မှာ ပေးနိုင်တဲ့ ဂတိတစ်ခုကတော့နောင်ကျန်ခဲ့တဲ့ ဘ၀အစိတ်အပိုင်း
မှာ အတ္တတွေ နည်းအောင်ထိန်းချုပ်ပြီး အများကြီး မဟုတ်တောင် အနီးအနားမှာ
ရှိကြတဲ့သူတွေအပေါ် ဖြည့်ဆည်းမှု ၊ ပေးဆပ်မှုလေးတွေ ပေးရင်း ဖယောင်းတိုင်လို
ကျင့်သုံးသွားပါမယ်...အမေ...................

Monday, October 14, 2013

ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု


၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်နဲ့ကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့အသားအရေတွေက အစိမ်းရောင်တွေဖြစ်နေပါတယ်။ကလေးတွေကို သူကအိမ်ခေါ်သွားပါတယ်။သူတို့ကထူးဆန်းတဲ့ ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ ၀တ်ဆင်ထားတာတွေကလဲ သတ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေးကတော့ အစာမစားနိုင်ဖြစ်ပြီးတော့ မကြာခင်သေဆုံးသွားပါတယ်။ကောင်မလေးကတော့ ပဲစေ့နဲ့အခြားအရာလေးတွေကို စားသောက်ပြီး ကြီးပြင်းခဲ့ပါတယ်
Related Posts Plugin for WordPress, Blogger...