Wednesday, August 31, 2016
မန်ဆာချူးဆက်က ဘွားဘွား အသက် ၁ဝဝ မှာ အထက်တန်း အောင်လက်မှတ် ယူနိုင်ပြီ
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1471888902402.jpg
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝ လောက်က တက်ယူရမယ့် စင်ပေါ်ကို မန်ဆာချူးဆက်နယ်သူ ဘွားဘွား တစ်ယောက် တက်လာနိုင်ခဲ့ပါပြီ။
အသက် တစ်ရာရှိလာမှ အထက်တန်း အောင်လက်မှတ်ကို ရရှိသွားတာ ဖြစ်ပါတယ်။
ကလဲရာပစ်စီတိုဟာ မဟာစီးပွား ပျက်ကပ်ကြီး အတွင်းမှာ အထက်တန်း ကျောင်းသူ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အစ်မကြီးဆိုတော့ မိဘတွေ အဆင်မပြေတဲ့အခါ ကျောင်းထွက်ပြီး အပြင်ထွက် အလုပ် လုပ်ခဲ့ရပါတယ်။ မောင်လေးတွေ ကျောင်းတက်ဖို့အတွက် ပေါ့လေ။
“ကျွန်မက ခုလို ကျောင်းထွက်ရတာကို မကြိုက်ပါဘူး။ အမျိုးသမီးတွေလည်း ပညာရေးကို ရယူသင့်ပါတယ်”လို့ ပစ်စီတိုက ပြောကြားခဲ့ပါတယ်။
ခန်းဆီးစက်ရုံမှာ တစ်နာရီကို ခြောက်ဒေါ်လာလောက် ဝင်ငွေနဲ့ အလုပ် လုပ်ခဲ့ရပြီးတော့ စွယ်စုံကျမ်းတွေ၊ အဘိဓာန်တွေကို သုံးပြီးတော့ ဆက်လက် လေ့လာမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။
Ref : UPI
Credit:The Voice
ဖုန်းမျက်နှာပြင်ပေါ်မှ ဘက်တီးရီးယားများ
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1471852501902.jpg
Surrey တက္ကသိုလ်မှ မော်လီကျူးများ အကြောင်းကို သင်ကြားပို့ချပေးနေသော ဒေါက်တာ ဆိုင်မွန်ပက်၏ သုတေသနများအရ ဖုန်းများ ပေါ်တွင် သာမန်မျက်စိဖြင့်မမြင် ရသော ဘက်တီးရီးယားများစွာ ရှိကြောင်း သိရသည်။ ဖုန်းများပေါ်မှ ဘက်တီးရီးယားများသည် အိမ်သာခွက်များမှ ဘက်တီးရီးယားများထက်ပင် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင် သည်ဟု ဆေးသိပ္ပံစာစောင်များမှထောက်ပြသည်။ ယခင်က ဖုန်းများပေါ်တွင် ဘက်တီးရီးယားများရှိနေကြောင်းကို ဆရာဝန်များက သတိပေးပြောဆိုခဲ့ဖူးသော်လည်း ယခုအခါ ဒေါက်တာပက်က ဖုန်းပေါ်ရှိ ဘက်တီးရီးယားများကို ဓာတ်ခွဲခန်းသုံး အဏုဇီဝပစ္စည်းများအကူအညီဖြင့် အသေးစိတ်ပုံဖော်ပြသနိုင်ခဲ့သောကြောင့် ဖုန်းပေါ်ရှိဘက်တီးရီးယားများအကြောင်း ကိုပိုမိုသတိထားလာကြပြီဖြစ်သည်။
ဘီယာဘူးခွံများဖြင့် တည်ဆောက်ထားသည့် နေအိမ် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်
http://i1183.photobucket.com/albums/x474/konay1/generral%202/Capture.png
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟော်စတွန်ဒေသတွင် ဘီယာဘူးခွံများဖြင့် တည်ဆောက်ထားသော နေအိမ်သည် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်လျက် ရှိသည်။ ထိုနေအိမ်ကို ဂျွန်မစ်ခ်ကိုမစ်ခ်ျက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေအိမ်ကို စကျင်ကျောက်များ၊သစ်မာများဖြင့် အကြမ်းထည် တည်ဆောက်ခဲ့ပြီးနောက် ကျန်အစိတ်အပိုင်းများကို အလူမီနီယံဘီယာဘူးခွံ ငါးသောင်းခန့်အား ဖြတ်တောက်ကာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ခဲ့ပြီးနောက် အကျိုးအမြတ်ကို မမျှော်ကိုးသော ဒေသတွင်း အဖွဲ့အစည်း တစ်ခုက ၀ယ်ယူခဲ့ပြီးနောက် အမှတ်တရ အဖြစ် ပြသထားခဲ့သည်။
သမ္မတကတော် ဖြစ်နေလည်း မိန်းမ ကတော့ မိန်းမ ပါပဲ
ဒီဓာတ်ပုံလေးတွေ ကြည့်လိုက်ရင် အမျိုးသမီး
တစ်ယောက်၏ မိမိလင်သားအပေါ်ထားသော သဝန်တိုမှုကို တွေ့မြင်ရမှာပါ။မိမိမှာကမ္ဘာ့အင်အားကြီး
စူပါ ပါဝါနိုင်ငံ၏ သမ္မတကတော် ဖြစ်နေလည်း ချစ်ခြင်း
ကြောင့်ဖြစ်ပေါ်တဲ့ သဝန်တိုမှုတော့ ရှိတာပါပဲ။
သမ္မတအိုဘားမား၏ နောက်ဆုံး၌ သူ့ မိန်းမကို ပြန်ချော့
တဲ့အကွက်လေးကလည်း အလွန်လှတယ်နော်...
1,000,000 pic မှာတွေ့တဲ့ပုံလေးတွေကို သူငယ်ချင်း
တို့ အတွက် ပြန်လည် ရေးသားတင်ပေးလိုက်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1472413110973.jpg
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1472413238202.jpg
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၆ )
ဆန့်ကျင်ဘက် ဘ၀နှစ်ခု နှင့် ဘုရင်ကြီး
*****************************
ဒီတစ်ခေါက်သူငယ်ချင်းတို့ ကို တင်ပြချင်တာက
ဆန့်ကျင်ဘက်ဘဝနှစ်ခုကို ပျော်ပိုက်နေသူ မဟာရာဂျာဘုရင်ကြီး
တစ်ယောက်အကြောင်းပါ။
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1466932515479.jpg
သူကတော့ ၁၈၂၁ မှ ၁၈၃၇ အထိ အိန္ဒိယပြည် ကိုလာပူ
ပြည်နယ်ကို အုပ်ချုပ်စိုးစံသွားတဲ့ မဟာရာဂျာစော်ဘွား
ကြီး ရှားဟာဂျီ ဘာဗေဆာဟစ် ဖြစ်ပါတယ်။သူဟာ
နေ့ ဘက်မှာတော့ ခန့် ညားထည်ဝါပြီး ဂုဏ်သရေရှိတဲ့
ဘုရင်တစ်ပါးပေါ့ ။ ညဘက်ရောက်သွားရင်တော့ လုံးဝ
ဆန့် ကျင်ဘက် သူခိုး ဓားပြတစ်ယောက်ဖြစ်သွားပါတယ်။
ကမ္ဘာပေါ်ရှိ အသဲပုံ ကျွန်းများ
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ပုံစံထူးခြားပြီး အချစ်သင်္ကေတ အသဲပုံစံ ဖြစ်ပေါ်နေ
တဲ့ ကျွန်းကလေးတွေများစွာရှိပါတယ်။ ထိုကျွန်းကလေးများကို နေခရမ်းမှ စုစည်းတင်ပြပေး
ချင်ပါတယ်။ အားပေးကြပါအုံးနော်....
(၁) Galesnjak Island (Lovers’ Island) – Croatia
http://i1183.photobucket.com/albums/x474/konay1/generral%202/1h7xihlgn.jpg
ဒါကတော့ ကမ္ဘာကျော် လူသိများတဲ့ ကျွန်းကလေးပါ။ ချစ်သူများကျွန်းဟုတင်စား
ခေါ်ဆိုကြသလို သူ့ပုံစံကလည်း တကယ်အသဲပုံစံဖြစ်ပေါ်နေပါတယ်။
azure-blue Adriatic ပင်လယ်ထဲမှာတည်ရှိပြီး အပင်နှင့် သစ်ပင်များသာရှိပါတယ်။ကမ္ဘာတစ်လွှား ထူးခြားစွာပုံပေါ်နေသောကျွန်းများ  တွင်လည်းပါဝင်ရေးသားဖူးပါတယ်။
(၂) Heart Reef
http://i1183.photobucket.com/albums/x474/konay1/generral%202/2Heart-Reef.jpg
Australia တွင် 1975 ခုတွင် စတင်တွေ့ရှိခဲ့တဲ့ ကျောက်တန်းများမှ ဖြစ်ပေးနေတဲ့
အသဲပုံကျွန်းကလေးပါ။
Saturday, August 27, 2016
အိမ်မက်ကမ္ဘာမှ လှပသော ဥမင်လမ်းလေးများ
ကြည်နူးဖွယ်ကောင်းပြီး စိတ်ကူးယဉ်အိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ 
သွားနိုင်တဲ့လမ်းလေးတွေပါ...အပြင်မှာတကယ်တည်ရှိနေတဲ့လမ်းလေးတွေပါ။
1. The Tunnel of Love, Klevan, Ukraine
http://i1183.photobucket.com/albums/x474/konay1/generral%202/1Tunnel-of-love-Klevan-Ukraine.jpg
လှပသောကြောာင့် အလွန်လူသိများသော လမ်းကလေးဖြစ်ပါသည်။
တစ်ချို့က အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ပြောရလောက်အောင်
စိတ်ကူးယဉ်ဆန်တဲ့ လမ်းကလေးပါ။ ဒီလမ်းကလေးကတော့ ယူကရိန်း နိုင်ငံ၊
Klevan မြို့မှာ တကယ်ရှိပါသည်။ Klevan မြို့ကလေးသည် လူဦးရေ
၈၀၀၀ ခန့်သာရှိသော ယူကရိန်းနိုင်ငံ အနောက်ဘက်စွန်းတွင်ရှိသော
မြို့သေးသေးလေးပါ။ဒီလိုသစ်ပင်လှိုဏ်ခေါင်းလေးလို ဖြစ်နေသော
လမ်းမှာ ရထားလမ်း တစ်လမ်းသာဖြစ်ပြီး ဒေသခံ လူများကတော့
အချစ်ဥမင်လမ်းကလေး လို့အမည်ပေးထားကြပါသည်။မိမိချစ်သူ နှင့်
ချစ်သက်သေတည် လက်တွဲလျောက်လို့ကောင့်မယ့် လမ်းကလေးပေါ့။
ရထားတော့ ကြည့်ရှောင်ရမှာပေါ့နော်။
2. Wisteria Flower Tunnel, Kawachi Fuji Garden, Kitakyushu, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/2.fret54y6.jpg
ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၆ နာရီလောက်သွားလျှင်ရောက်သည့် Kawachi Fuji Garden တွင်း၌
ရှိသော လှပသော သစ်ပင်ဥမင်လမ်းကလေးပါ။ ဧပြီလ နှင့် မေလများတွင် ပန်းများ
အစုံအလင်ပွင့်ချိန်ဖြစ်သဖြင့် သွားရောက်လည်ပတ်သင့်သော နေရာလေးတစ်ခုပါ။
Related Posts Plugin for WordPress, Blogger...