
မြို့တစ်မြို့ကို အုပ်ချုပ်ရန် လူသားတစ်ဦးမဟုတ်ပဲ ကြောင်ကလေးတစ်ကောင်ကို
တာဝန်ပေးခြင်းခံရဖူးတယ်ဆိုတာ ပုံပြင်မဟုတ်ပါဘူး။အမေရိကန်နိုင်ငံ ၊
အလက်စကာပြည်နယ်ရှိ Talkeetna မြို့ကလေးတွင် ၁၉၉၇ ခုနှစ်က
တကယ်ဖြစ်သွားခဲ့တာပါ။ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် Talkeetna မြို့အတွက်
မြို့တော်ဝန် ရွေးကြပါသည်။မိမိသဘောကျသည့် ရွေးကောက်ပွဲဝင်
ကိုယ်စားလှယ်ကို မဲစာရွက်မှာ အမည်ရေး၍ မြို့သားများက မဲပေးကြပါသည်။
လူဦးရေ ၉၀၀ လောက်သာရှိသော ထိုမြို့ကလေးတွင် မြို့သားများ
အနေဖြင့် ကိုယ်စားလှယ်များမှ မည်သူ့ကိုမှ မြို့တော်ဝန် မဖြစ်စေချင်ပါဘူး။