Monday, September 5, 2016

ကမ္ဘာ့အကြီးဆုံး လှိုင်းစီးဘုတ်ပြားကို လူ ၆၆ ယောက် စီးပြပြီး Guinness စံချိန်တင်နိုင်ခဲ့

http://i1183.photobucket.com/albums/x474/konay1/general/worlds-largest-surfboard.jpg
တစ်ကယ်တော့ လှိုင်းစီးဘုတ်ပြား(surfboard) ပေါ်မှာ လူအများကြီး တစ်ပြိုင်နက် စီးနင်းဖို့ဆိုတာဟာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ လှိုင်းစီးဘုတ်ပြား ကို လူ ၆၆  ယောက် ပူးပေါင်းစီးနင်းပြီး ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါပြီ။ ထိပ်တန်း လှိုင်းစီးဘုတ် စီးနင်းသမားတွေ အပါအ၀င် လူ ၆၆ ယောက်ဟာ ၄၂ ပေရှည်လျားတဲ့ Surfboard ကို စီးနင်းပြပြီး Guinness စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို အဖွဲ့ဟာ အရင်တုန်းက စံချိန်တင်ထားတဲ့ ၄၇ ယောက်တိတိ လှိုင်းစီးဘုတ်ပြားစီးနင်း နိုင်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အပြင် အကြီးဆုံး Surfboard တစ်ခုအဖြစ်ပါ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို Surfboard ဟာ ၁၁ ပေ ကျယ်ဝန်းပြီး ၁၆ လက်မ ထူထပ်ကာ ၊ ၉၃ စတုန်း အလေးချိန်ရှိပါတယ်။ အဲဒီလို စီးနင်းနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ စီမံကိန်းဆွဲခဲ့ပြီးနောက်မှာ အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ် Huntington ကမ်းခြေမှာ စီးနင်းသူတွေဟာ လူစုခဲ့ကြပါတယ်။   အသက် ၁၅ နှစ်ကနေ အသက် ၇၉ နှစ်ကြား အသက်အရွယ် ရှိကြတဲ့ လူ ၆၆ ယောက်ဟာ ၁၃ စက္ကန့်ခန့်သာ လှိုင်းစီးဘုတ်ပြား ကြီးပေါ်မှာ ရပ်ခဲ့ကြပြီး လှိုင်းအနည်းငယ် စီးပြခဲ့ရာ ထောင်ပေါင်းများစွာသော ကြည့်ရှုသူတွေဟာ အံ့အားသင့်ခဲ့ရပါတယ်။   သူတို့အဖွဲ့ဟာ မိနစ် အနည်းငယ်အကြာမှာ Guinness စံချိန် တရားဝင် တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြီးဆုံးလှိုင်းစီးဘုတ်ပြားကိုတော့ နောက်ရက်အနည်းငယ်အကြာမှ စံချိန်တင်နိုင်ရန် အသိအမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်။ ထိုကဲ့သို့ အုပ်စုလိုက် လှိုင်းစီးခြင်းကို အပြည်ပြည်ဆိုင်ရာလှိုင်းစီးသမားများနေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ထို ဒေသရဲ့ ကွန်ဂရက်လွှတ်တော် အမတ် ဟာလည်း ထို လှိုင်းစီးဘုတ်ပြားပေါ်မှာ လိုက်ပါခဲ့တယ်လို့ လည်း သိရပါတယ်။
Ref:mirror.co.uk
Credit:Trend Myanmar

စာဖတ်ပြတဲ့ ကလေးငယ်တိုင်းကို အခမဲ့ ဆံပင်ညှပ်ပေးတဲ့ ဆံသ ဆရာ

http://i1183.photobucket.com/albums/x474/konay1/general/ad_177667745.jpg
ဆံသဆရာ တစ်ယောက်ဟာ သူ့ကိုစာဖတ်ပြတဲ့ မည်သည့် ကလေးငယ်တိုင်းကို မဆို အခမဲ့ ဆံပင်ညှပ်ပေးနေတယ်လို့ သိရပါတယ်။
Courtney Holmes လို့ ခေါ်တဲ့ ဆံပင်ညှပ်ဆရာ တစ်ယောက်ဟာ အမေရိကန် ပြည်ထောင်စု ၊ Iowa ပြည်နယ် မှာရှိတဲ့ Dubuque မြို့ရဲ့ ကျောင်းဖွင့်ရာသီ Back-to-School အစီအစဉ်မှာ ပါဝင်တဲ့အနေနဲ့ စာဖတ်ပြတဲ့ ကျောင်းသား ကလေးငယ်လေးတွေကို အခမဲ့ ဆံပင်ညှပ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုအချိန်မှာ Metro သတင်းဌာန ရဲ့ တစ်ပတ်တာရဲ့ သူရဲကောင်းစာရင်းထဲ ၀င်နေပြီဖြစ်တဲ့ Courtney က သူအခုလို အခမဲ့ ဆံပင်ညှပ်ပေးဖြစ်တဲ့အကြောင်းကို ဒီလိုပြောပြပါတယ်။
“ကျွန်တော်ဟာ ကလေးတွေကို စာပိုဖတ်ဖြစ်အောင် ကူညီထောက်ပံ့ပေးချင်ယုံပါ” ။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ ဆံပင်ညှပ်ဆရာက ကလေးတွေ ကွန်ပျူတာရှေ့မှာ အချိန်ဖြုန်းနေတာ ထက်စာရင် လက်ထဲမှာ စာအုပ်တွေပဲ ရှိနေစေချင်တဲ့ ဆန္ဒကြောင့် အခုလို ဆောင်ရွက် ပေးခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
Ref:metro.co.uk
CREDIT:TREND MYANMAR

ဒိုင်နိုဆောများ မျိုးသုဉ်းပျောက်ကွယ်စေခဲ့သော ဥက္ကာခဲ ကျရောက်မှု

နေအဖွဲ့အစည်းအတွင်း အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားမှာ ဂြိုဟ်သိမ်ဂြိုဟ်ပဲ့တွေဟာ ခါးပတ်ကွင်းတစ်ခုလို နေကိုလှည့်ပါတ်နေကြပါတယ်။ အဲ့ဒီ့အထဲက ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ မကြာခဏဆိုသလို နေရှိရာဘက်သို့ ဦးတည် လွင့်ထွက်လာတတ်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1471889053256.jpg
အဲ့ဒီလမ်းကြောင်းမှာ ကမ္ဘာကရှိလေတော့.. တခါတရံမှာ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ ကမ္ဘာလေထုထဲကို ဝင်ရောက်ပြီး ဥက္ကာခဲအဖြစ်နဲ့ ကျရောက်လာကြပါတော့
သည်။

http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1471889056140.jpg
လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းက အလျား ၁၀ ကီလိုမီတာ (၆မိုင်)လောက် ကြီးမားတဲ့ ဥက္ကာခဲတစ်လုံးဟာ ကမ္ဘာကြီးပေါ်ကို ကျရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီ့အချိန်တုန်းက ကမ္ဘာပေါ်မှာ လူသားတွေဆိုတာ မရှိသေးပါဘူး။ (လူဟာ လွန်ခဲ့သော နှစ် ၂ သန်းကမှ စဖြစ်ခဲ့တာပါ။) အပင်တွေ နဲ့ တိရိစ္ဆာန်တွေသာ ရှိပါသေးတယ်။ အဲ့ဒီ့ထဲမှာ အကြီးဆုံးအကောင်များကတော့ ဒိုင်နိုဆောများ ဖြစ်ပါတယ်။ ဥက္ကာခဲကြီးကျရောက်ခဲ့တဲ့အတွက် အဲ့ဒီ့အချိန်က ရှိခဲ့တဲ့ သက်ရှိတော်တော်များများ သေဆုံးသွားခဲ့ကြပါတယ်။

ဆန်းဆန်းပြား ပူဖောင်းဖက်ရှင် (၂)

အရင်ကလည်း ပူဖောင်းဖက်ရှင် အလန်းလေးတွေ
တင်ပေးဖူးပါသည်။အခု လည်း တွေ့ရသမျှကို မျှဝေ
ပေးလိုက်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1470496263566.jpg

http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1470496252973.jpg

အမေရိကန်နိုင်ငံ မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

http://i1183.photobucket.com/albums/x474/konay1/general/IMG_20160901_190509.jpg
ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါ တယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတု ရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အ ရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။
ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း ကတည် ရှိနေ တာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့  ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်

အချစ်ကို ဝေစားကြတဲ့ မြို့

တရုတ်နိုင်ငံက ဒေါင်ဂွမ်းဆိုတဲ့ စက်မှုဇုန်မြို့ကလေးဟာ အမျိုးသား၊ အမျိုးသမီး လူဦးရေ မမျှတတဲ့ ပြဿနာကြောင့် အဲဒီမြို့မှာ နေထိုင်တဲ့ အမျိုးသားတွေဆီမှာ အနည်းဆုံးရည်းစား၊ သို့မဟုတ် လက်တွဲဖော် တစ်ဦးထက်ပိုရှိနေတက်ပါတယ်။ ဒေါင်ဂွမ်းမြို့မှာ အမျိုးသမီးဦးရေက ပိုများပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1472893872109.jpg
အများအားဖြင့်တော့ ယောက်ျားလေး တစ်ဦးကို အမျိုးသမီးနှစ်ဦး၊ သုံးဦးလောက်က ချစ်သူလုပ်ပေးရပါတယ်။ သူတို့ချစ်သူ ယောက်ျားလေးတွေဆီမှာ ရည်းစား တစ်ယောက်ထက်မကရှိတာ သိပေမယ့်လည်း ခွင့်လွှတ်ထားကြရပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1472894021771.jpg
ရည်းစားနှစ်ဦးကို လက်ချင်းချိတ်ပြီး မြို့လယ်မှာ လျှောက်သွားတဲ့ မြင်ကွင်းမျိုးက အဲဒီမြို့မှာ အထူးအဆန်း မဟုတ်ပါဘူး။

Friday, September 2, 2016

ကမ္ဘာ့အကြီးဆုံးကျေက်တောင်တောအုပ်ကြီး

တောအုပ်တွေမှာ သစ်ပင်တွေသာအများဆုံးပေါက်ရောက်ကြတာပါ။
အခုတင်ပြမှာက ကျောက်တုံးတွေနဲ့တည်ရှိနေတဲ့ တောအုပ်ပုံစံ ကျေက်တုံး
အစုအဝေးတွေရှိတဲ့နေရာကိုပါ။
http://i1183.photobucket.com/albums/x474/konay1/general%203/14-aerial-view-714.jpg
ဒီနေရာကတော့ မာဒဂါစကား ( Madagascar )ဆိုတဲ့ကျွန်းနိုင်ငံမှာပါ။ Melaky ဒေသအပိုင်မှာ
တည်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်လောက်မှာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ
ထည့်သွင်းခံရပါတယ်။ကမ္ဘာ့အကြီးဆုံးကျေက်တုံးတောအုပ်ကြီး လို့လည်းဆိုကြပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/article-0-12837E23000005DC-831_964x641.jpg
ဒီကျောက်တောင်တွေကြားမှာ လမုပင်များနှင့်အတူ ငှက်များနှင့် လူအများစိတ်ဝင်စား
ကြတဲ့ လီမာမျောက်မျိုးနွယ် လေးတွေနေထိုင်ကြပါတယ်။
Related Posts Plugin for WordPress, Blogger...