
တစ်ကယ်တော့ လှိုင်းစီးဘုတ်ပြား(surfboard) ပေါ်မှာ လူအများကြီး တစ်ပြိုင်နက် စီးနင်းဖို့ဆိုတာဟာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ လှိုင်းစီးဘုတ်ပြား ကို လူ ၆၆ ယောက် ပူးပေါင်းစီးနင်းပြီး ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါပြီ။ ထိပ်တန်း လှိုင်းစီးဘုတ် စီးနင်းသမားတွေ အပါအ၀င် လူ ၆၆ ယောက်ဟာ ၄၂ ပေရှည်လျားတဲ့ Surfboard ကို စီးနင်းပြပြီး Guinness စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို အဖွဲ့ဟာ အရင်တုန်းက စံချိန်တင်ထားတဲ့ ၄၇ ယောက်တိတိ လှိုင်းစီးဘုတ်ပြားစီးနင်း နိုင်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အပြင် အကြီးဆုံး Surfboard တစ်ခုအဖြစ်ပါ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို Surfboard ဟာ ၁၁ ပေ ကျယ်ဝန်းပြီး ၁၆ လက်မ ထူထပ်ကာ ၊ ၉၃ စတုန်း အလေးချိန်ရှိပါတယ်။ အဲဒီလို စီးနင်းနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ စီမံကိန်းဆွဲခဲ့ပြီးနောက်မှာ အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ် Huntington ကမ်းခြေမှာ စီးနင်းသူတွေဟာ လူစုခဲ့ကြပါတယ်။ အသက် ၁၅ နှစ်ကနေ အသက် ၇၉ နှစ်ကြား အသက်အရွယ် ရှိကြတဲ့ လူ ၆၆ ယောက်ဟာ ၁၃ စက္ကန့်ခန့်သာ လှိုင်းစီးဘုတ်ပြား ကြီးပေါ်မှာ ရပ်ခဲ့ကြပြီး လှိုင်းအနည်းငယ် စီးပြခဲ့ရာ ထောင်ပေါင်းများစွာသော ကြည့်ရှုသူတွေဟာ အံ့အားသင့်ခဲ့ရပါတယ်။ သူတို့အဖွဲ့ဟာ မိနစ် အနည်းငယ်အကြာမှာ Guinness စံချိန် တရားဝင် တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အကြီးဆုံးလှိုင်းစီးဘုတ်ပြားကိုတော့ နောက်ရက်အနည်းငယ်အကြာမှ စံချိန်တင်နိုင်ရန် အသိအမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်။ ထိုကဲ့သို့ အုပ်စုလိုက် လှိုင်းစီးခြင်းကို အပြည်ပြည်ဆိုင်ရာလှိုင်းစီးသမားများနေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ထို ဒေသရဲ့ ကွန်ဂရက်လွှတ်တော် အမတ် ဟာလည်း ထို လှိုင်းစီးဘုတ်ပြားပေါ်မှာ လိုက်ပါခဲ့တယ်လို့ လည်း သိရပါတယ်။
Ref:mirror.co.uk
Credit:Trend Myanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။