
ရှင်ဟွန်ယန်းဆိုတဲ့ ကိုရီးယားလူမျိုး အမျိုးသားတစ်ဦးဟာ ၁၉၈၉ ခုနှစ်ဖွား ၊ အသက် ၂၆နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် သူ့အသံအပါအ၀င် သူ့ရည်ရည်ဟာ ကလေးတစ်ယောက်ပုံစံသာ ဖြစ်နေပါတယ်။ သူရဲ့ခန္ဒာကိုယ်ဟာ ဆယ်ကျော်သက် ကလေးတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေပဲ ရှိနေပါတယ်။
ရှင်ဟွန်ယန်းမှာ အသက်အတွက် သက်သေပြစရာ အသက်အထောက်အထား ကဒ်ရှိပါတယ်။
သူဟာ အမျိုးသမီးတစ်ဦးနဲ့ ကော်ဖီဆိုင်မှာ ဒိတ် လုပ်ဖူးပေမယ့် ထိုအမျိုးသမီးက သူ့ရဲ့ အသက်အမှန်ကို မယုံကြည်ခဲ့ပါဘူး။ သူဟာ အရွယ်ရောက် အမျိုးသားတစ်ဦးလိုပဲ ဆိုဂျူသောက်တတ်၊ နိုက်ကလပ်သွားပြီး က တတ်ပါတယ်။
ရှင်ဟွန်ယန်းကတော့ သူဟာ Highlander Syndrome လို့ ခေါ်တဲ့ ရောဂါ လက္ခဏာကြောင့် အသက်ကြီးမှု နှေးကွေးခြင်းဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း koreaboo.com သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဆေးပညာအရ တော့ ဒီ စကားလုံးကို တရားဝင် သတ်မှတ်ထားခြင်း မရှိသေးပါဘူး။
ဆရာတွေကတော့ ဒီလက္ခဏာကြောင့် သူအနေနဲ့ ကျန်းမာရေး ဆိုးကျိုးပြဿနာ မရှိနိုင်ဘူးလို့ ပြောပါတယ်။
Credit:Trend Myanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။