Wednesday, January 25, 2017

သဲသောင်ပြင်မှ ပန်းချီပုံကြီးများ

ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်မှာ ဆွဲထားသည့် 3D ပုံများပါ။

ဆားပန်းချီ

Rob Ferrel ဆိုသူ ပန်းချီပညာရှင်တစ်ယောက်၏ ဆားပုလင်းထဲမှ
ဆားများကို စားပွဲခုံပေါ်သွန်ချပြီး ဖန်တီးထားပုံလေးများပါ။
စိတ်ကူးဆန်းသလို လက်ရာလည်းမြောက်ပါတယ်။

ထူးခြားလှပ Body Art ပန်းချီများ

ယခင်က မော်ဒယ်သုံးဦး အသုံးပြုပြီး ကျားမျက်နှာပုံစံ
ဖန်တီးထားပုံ အဆင့်ဆင့်ကို ထူးထူးခြားခြား ပေါင်းစပ်
အနုပညာခေါင်းစဉ်ဖြင့် တင်ပြပေးခဲ့ပါသည်။ ယခုလည်း
ထို Body Art ပညာရှင် Johannes Stoetter ၏ ကျန်ရှိနေသော
ဖန်တီးထားမှုများမှ အချို့ကို ထပ်မံတင်ပေးပါအုံးမည်။
လက်ရာမြောက်ကျော်ကြားလှသော ပုံများ၏ ဖန်တီးပုံ Video
File ကိုလည်း သီးခြားထပ်မံ တင်ပေးပါအုံးမည်။

Johannes Stoetter သည် Body Art ပညာလောကတွင် လူသိများ
ကျော်ကြားသော ထိပ်တန်းအနုပညာရှင်တစ်ယောက်ပါ။
တစ်ချို့ပုံများမှာ သေသေခြာခြာ ကြည့်ယူရပါတယ်။

သူ၏ ကျော်ကြားရသော အကြောင်းများတွင် ရေးဆွဲခံ စံပြမော်ဒယ်
တစ်ဦးတည်း တင်မကပဲ နှစ်ဦး ၊ သုံးဦး စသည်ဖြင့် အရေအတွက်များများ
အသုံးပြုပြီး တီထွင်ဖန်တီးလက်ရာမြောက်မှုကလည်းတစ်ခုအပါအ၀င်ပါ။

သဘာဝတောတောင်ရေမြေအလှများရှိရာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်

မြန်မာနိုင်ငံ၏ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည်
ပထမဆုံး အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်သတ်မှတ်ခံရသော
နေရာတစ်နေရာဖြစ်ပါသည်။ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်
ထိန်းသိမ်းစောင့်ရှောက်ထားသလို မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး
ပြည်သူများ သွားရောက်ဖူးမျှော်တတ်သဖြင့် လူသိများကျော်ကြားသော
နေရာဌာနတစ်ခုပင် ဖြစ်ပါသည်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့မှ အနောက်မြောက်ဘက် မိုင် ၆၀ ကျော်အကွာ ကနီမြို့နယ်
အတွင်း သစ်တောကြိုးဝိုင်းဧရိယာ၌ တည်ရှိနေပါသည်။ လူအများသွား
ရောက်ဖူးမျှော်ကြသော အလောင်းတော်ကဿပရုပ်ပွားတော်မြတ်သည်
ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည် ဝေဘူလ ဝေဘာရ သုနန္ဒရ
တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏ လက်တက်ဖြစ်သော
အထက်ချောင်းဖျားတစ်နေရာ စမ်းချောင်းလေးဘေး လှိုဏ်ဂူတော်တစ်ခုတွင်း
Latitude - 22°18´ 46.37"
Longitude - 94°27´ 58.33" မှာ
ကိန်းဝပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါသည်။

အမျိုးသားဥယျာဉ်ကြီးသည် ၃၄၆၆၃၉ ဧက ကျယ်ဝန်းပြီး
အဖိုးတန်သစ်များ ၊ ဆင် စသော တောရိုင်းတိရိစ္ဆာန် ၃၉ မျိုး နှင့်
ငှက်မျိုးစိတ် ၄၆၈ မျိုး ကျက်စားရာ ဘေးမဲ့ဥယျာဉ်ကြီး ဖြစ်ပါသည်။

Monday, January 23, 2017

ကမ္ဘာ့အကြီးဆုံး ရေကူးကန်ကြီး

ချီလီနိုင်ငံ ၊ ဆန်တီယာဂိုမြို့၏ အနောက်ဘက် ၆၂ မိုင် အကွာရှိ
Algarrobo မြို့မှ ရေကူးကန်ကြီးကို ကမ္ဘာ့အကြီးဆုံးရေကူးကန်ကြီး
အဖြစ် သတ်မှတ်ကြပါသည်။

ထိုရေကူးကန်ကြီးသည် ၁ ၀၁၃ မီတာ( ၃၃၂၃ ပေ ) အထိအရှည်
ရှိပြီး ဧက ၂၀ ကျယ်ဝန်းပါသည်။ထိုရေကူးကန်ကြီးသည် အိုလံပစ်ပြိုင်ပွဲ
များတွင် အသုံးပြုသော ရေကူးကန် ၂၀ ပေါင်းတာထက် ပိုပါသည်။

ရေအနက် ၁၁၅ ပေ ရှိပြီး ချီလီနိုင်ငံပင်လယ်ကမ်းခြေနှင့် အပြိုင်
တည်ရှိနေသော ကမ်းခြေတုကြီး တစ်ခုကဲ့သို့ တည်ဆောက်ထားခြင်း
ဖြစ်ပါသည်။

မိန်းမကြောက်ရသည့် အဘိုးအို အိမ်ထောင်ရေး လမ်းညွှန်စာအုပ် ထုတ်ဝေ


ဘာဒင်အန်တိုနီဆိုသည့် အသက် (၇၅) နှစ်အရွယ် အဘိုးအိုတစ်ဦးသည် ဒေါသကြီးသည့် မိန်းမတစ်ဦးကို လက်ထပ် ခဲ့သော်လည်း အိမ်ထောင်ရေးကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် အခြားသူများအတွက် The Squashed Man Who Married A Dragon ဆိုသည့် သာယာပျော်ရွှင် အိမ်ထောင်ရေးဘ၀ လမ်းညွှန်စာအုပ် တစ်အုပ်ကို ရေးသားနိုင်ခဲ့ကြောင်း သိရသည်။
      အန်ထော်နီသည် မော်ဒယ်ဟောင်း တစ်ဦးဖြစ်သည့် ဗစ်ကီကို နှစ်ပေါင်း (၅၀) ကျော် လက်ထပ်ခဲ့ပြီး အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်သည့် လမ်းညွှန်ချက်များကို ရေးသား ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဗစ်ကီမှာ အသက်(၆၉) နှစ်ရှိပြီ ဖြစ်သည်။
      ၎င်းက အိမ်ထောင်ရေး အောင်မြင်သည့် လျှို့ဝှက်ချက်များတွင် ၎င်းက အိပ်ရာထဲတွင် လေမလည်ခြင်း၊ မထင်မှတ်သည့် အချိန်များတွင် လက်ဆောင်များ ၀ယ်ပေးခြင်း၊ ဇနီးဖြစ်သူနှင့် ရန်ဖြစ်လျှင် ပျော့ပျောင်းစွာ လက်ခံပြီးနောက်မှ အမှားများကို ငြင်သာစွာ ထောက်ပြခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

ထူးခြားဆန်းပြား ပီရူးနိုင်ငံမှ နက်ဇ်ကာလိုင်းများ

ဒီတစ်ခါတင်ပြချင်တဲ့ အကြောင်းအရာက ကမ္ဘာ့ထူးဆန်းတဲ့ဒေသတွေမှာ

တစ်ခုအပါအ၀င်ဖြစ်တဲ့ ပီရူးနိုင်ငံ က နက်ဇ်ကာလိုင်း (Nazca Lines) များ

အကြောင်းပါ။

ဒီလိုကြီးမားပြီး စနစ်ကျတဲ့ လမ်းကြောင်းတွေ ရုပ်ပုံတွေ ရှိကြောင်း စတင်

သတိထားမိကြတာ ၁၉၂၀ ခုနှစ်၊ ပီရူးလေယာဉ်လိုင်း ပထမဆုံး စတင်ပြေး

စွဲချိန်ကြမှပါ။ လေယာဉ်ကောင်းကင်ပေါ်ရောက်မှ အောက်က ပီရူးလွင်ပြင်ကြီး

ပေါ်မှာ ရုပ်ပုံကြီးတွေ ပေါ်ပေါက်နေတယ်ဆိုတာ တွေ့မြင်ကြရပါတယ်။

တစ်ချို့ပုံများမှာ ကြီးမားကြသဖြင့် မြေပြင်မှာလမ်းလျှောက်ရင်းကြည့်လျှင်

လမ်းကြောင်းကြီးတွေ အဖြစ်သာ မြင်ရမှာပါ။
Related Posts Plugin for WordPress, Blogger...