Friday, January 27, 2017

အလေးချိန် ပေါင် (၁၇၀၀၀) ရှိတဲ့ ထရပ်ကားကို ဆွဲပြခဲ့တဲ့ အမျိုးသမီး


ကနေဒါ နိုင်ငံမှ အမျိုးသမီး တစ်ဦးဟာ မထင်မှတ်တဲ့  စံချိန် တစ်ရပ်ကို ချိုးပြနိုင်ခဲ့ ပါတယ်။ အမျိုးသား တွေတောင် မလုပ်နိုင်တဲ့ အရာကို လုပ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒါကတော့ အလေးချိန် ပေါင် (၁၂၀၀၀) ရှိတဲ့ ထရပ်ကားကို ဆွဲပြခဲ့တာ ဖြစ်ပါတယ်။ ထရပ်ကားကို ကြိုးနဲ့ ချည်နှောင်ပြီး ပေ(၁၀၀) အကွာအဝေးကို ရောက်ရှိအောင် ဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။ လိုင်ယာ ဂရီမာနစ်ဟာ အလေးချိန် အများဆုံး ကားကို ပေ (၁၀၀) အထိ ရောက် အောင် ဆွဲပြနိုင်တဲ့ အမျိုးသမီး အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။ ဂရီမာနစ်ဟာ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်နေသူ ဖြစ်ပြီး အခုလို ဆွဲပြ နိုင်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးအမြတ် တွေကို ပြန်လည် လှူဒါန်းမှု ပြုလုပ်ခဲ့ ပါတယ်။ ငယ်စဉ်က အိမ်ခြေမဲ့ အဖြစ် ဖြတ်သန်းခဲ့ရ တာကြောင့် ကြုံတွေ့ ရတဲ့ ဒုက္ခတွေကို အခြားသူတွေ မခံစားရအောင် စံချိန် တစ်ရပ်ကို ချိုးဖျက်ပြ ခဲ့တာ ဖြစ်ပါတယ်။
                လက်ရှိ အချိန်မှာ ဂရီမာနစ်ဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်နေပြီး လူမှု အဖွဲ့အစည်း တစ်ဖွဲ့ ထူထောင်ကာ အကူအညီ တွေပေး နေသူလည်း ဖြစ်ပါတယ်။ အသက် (၄၂) နှစ်ရှိနေပြီ ဖြစ်တဲ့ ဂရီမာနစ်ဟာ အလေးချိန် ပေါင် (၁၂၀၀၀) ရှိတဲ့ ကားကို ဆွဲပြရာမှာ အိုလံပစ် ချန်ပီယံဆု သုံးကြိမ် ရထားတဲ့ မာရီနီ မက်ဘင်းက ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။ ဂရီမာနစ်ဟာ ဒီဇင်ဘာ (၁၂) မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ (၄၂)နှစ်မြောက် မွေးနေ့ မှာ စံချိန်ချိုး ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြု လုပ်ရာမှာ အလေးချိန်ပေါင် (၁၂၀၀၀) ရှိတဲ့ ကားကို (၁၀) ပေ ရွေ့သွားတိုင်း အလေးချိန်ပေါင် (၁၀၀၀ )ရှိတဲ့ အစားအစာတွေ ရရှိမှာ ဖြစ်ပါတယ်။ ပေ (၁၀၀) ရွေ့အောင် ပြုလုပ်နိုင်ခဲ့ တာကြောင့် အလေးချိန် ပေါင် (၁၀၀၀၀) ရှိတဲ့ အစား အစာတွေ ရရှိခဲ့ပြီး မရှိတဲ့ သူတွေကို လှူဒါန်း နိုင်ခဲ့ပါတယ်။ ဂရီမာနစ်ဟာ ဒေါက်မြင့် ဖိနပ်စီးပြီး အလေးချိန်ပေါင် (၁၅၀၀၀) ရှိတဲ့ ထရပ်ကားကို ငါးမီတာ အထိ ဆွဲပြဖို့ ကြိုးစားခဲ့ ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ အဖွဲ့အစည်း တစ်ခု ထံကနေ အလှူငွေ ဒေါ်လာ (၂၅၀၀၀) ရရှိခဲ့ပြီး လှူဒါန်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါ တယ်။
Credit:messenger

ကင်မရာ အများဆုံး ပိုင်ဆိုင် ထားတဲ့ ဓာတ်ပုံ ဂျာနယ်လစ်


အိန်္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ နေထိုင်တဲ့ ဓာတ်ပုံ ဂျာနယ်လစ် တစ်ဦးဟာ ကင်မရာ အများဆုံး ပိုင်ဆိုင်သူ အဖြစ် မှတ်တမ်းဝင်သွား ပါတယ်။ ဒါရစ်ပါလစ်ဟာ သူတင်ထားတဲ့ စံချိန်ကို ပြန်လည် ချိုးဖျက်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဂင်းနစ် စံချိန် မှတ်တမ်း အဆိုအရ သူဟာ ကင်မရာပေါင်း (၄၄၂၅) ခု ပိုင်ဆိုင် ထားပြီး အများစုက တန်ဖိုး ကြီးမားတဲ့ ရှေးဟောင်း ကင်မရာတွေ ဖြစ်ပါတယ်။ သူဟာ ယခင် စံချိန် ဖြစ်တဲ့ ကင်မရာပေါင်း (၂၆၃၄) ခု စံချိန်ကို ချိုးဖျက် လိုက်တာ ဖြစ်ပြီး သြဂုတ် (၁၉) ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ ဓာတ်ပုံများနေ့မှာ ပိုင်ဆိုင် ထားတဲ့ ကင်မရာတွေကို ထုတ်ဖော် ပြသခဲ့ဖူး ပါတယ်။ ဒါရစ်ပါလစ်က မိမိ၏ စံချိန်ကို ပထမဆုံး ပြန်ချိုး နိုင်ခြင်း ဖြစ်ကြောင်း၊ ကင်မရာ များသည် မိမိဘ၀ ဖြစ်ပြီး ကင်မရာများ မရှိပါက အသက်မရှင် နိုင်ကြောင်း ဟြေကြားခဲ့ပါတယ်။

ကာရာအိုကေ အဆိုနိုင်ဆုံးသူ


ကနေဒါ နိုင်ငံမှာ နေထိုင်တဲ့ ကင်ပါဆန်ကိုနဲ့ ယှဉ်ပြီးတော့ ကာရာအိုကေ အပြိုင်ဆိုနိုင်မှာ မပာုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကင်ပါဆန်ဟာ ကာရာအိုကေ ဆိုတဲ့ နေရာမှာ စံချိန်တွေ တင်ရှိထား တာကြောင့် ဖြစ်ပါတယ်။ ကင်ပါဆန်ဟာ ကာရာအိုကေကို အရှည်ကြာဆုံး ဆိုနိုင်သူ အဖြစ် သတ်မှတ်ခံ ထားရပါတယ်။ ကင်ပါဆန်ရဲ့  ကာရာအိုကေ ဆိုနိုင် စွမ်းအား ကလည်း အံ့အားသင့်စရာ ဖြစ်ပြီး (၅၅) နာရီ၊ (၁၁) မိနစ်၊(၃၀) စက္ကန့် သီဆိုပြီး စံချိန်သစ်တင် သွားခြင်း ဖြစ်ပါတယ်။ ကင်ပါဆန်ဟာ ယခင် စံချိန် ဖြစ်တဲ့ (၄၈) နာရီ၊(၃၈) မိနစ်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကင်ပါဆန်ဟာ ယခင်က ကာရာအိုကေ အဆိုနိုင်ဆုံး စံချိန်ကိုတင် နိုင်ဖို့ ကြိုးစားခဲ့ ဖူးပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ဒုတိယ အကြိမ်မြောက် ကြိုးစားမူ မှာတော့ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ ပါတယ်။ စံချိန်ချိုး ပြီးနောက် ကင်ပါဆန်က ကြီးကျယ်တဲ့ ခံစားမူကို ဖြစ်ပေါ်စေ ပါတယ်။ ကျွန်တော် ဒီလို လုပ်နိုင်မယ်လို့ မထင်ထား ပါဘူး။

ကမ္ဘာ့အထူးဆန်းဆုံးနှင့်လှပသော မျှော်စင်များ

ကမ္ဘာကျော်မျှော်စင်များကို တော်တော်များများသိကြပါတယ်။
အခုနေခရမ်း တင်ပြမှာက တည်ဆောက်ပုံဒီဇိုင်းပုံ ထူးခြားပြီးလှပတဲ့
မျှော်စင်များကို တင်ပြမှာပါ။သူငယ်ချင်းတို့ကြည့်ရှု့အားပေးကြပါအုံးနော်...
( ၁ ) Phoenix Observation Tower

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်  Phoenix မြို့ရဲ့ဂုဏ်ဆောင်
အထိမ်းအမှတ်တစ်ခုအဖြစ်နဲ့တည်ရှိနေတာပါ။ ၄၂၀ ပေ အမြင့်ရှိပြီး
ရှုခင်းကြည့်မျှော်စင် အဖြစ် တည်ဆောက်ပုံလှပ ထူးဆန်းနေပါတယ်။

( ၂ ) Baumwipfelpfad Observation Tower

ကမ္ဘာ့အရှည်ဆုံး သစ်သားဝင်္ကပါမျှော်စင်
ဆိုတဲ့ခေါင်းစဉ်နဲ့ နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။ ဂျာမနီနိုင်ငံ Bavaria မှာ
တည်ရှိပါတယ်။အရှည်ကတော့ 1300 m ရှိပြီး အမြင့် 44m ရှိပါတယ်။

Thursday, January 26, 2017

စတိုင်ရှိမှ စတားဖြစ်မယ်

ညီမငယ်များအတွက် လွယ်လွယ်ကူကူ ဒီဇိုင်းထုတ်ပြီး
ဖက်ရှင်ကျကျဝတ်နိုင်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
အင်္ကျီအကောင်းကြီးတွေ ပျက်စီးသွားလျှင်တော့ တာဝန်မယူဘူးနော်...

မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၅)


အမှတ်တမဲ့ အလွဲများ ( ၇၆ )

ဒီတစ်ပတ်အတွက် အပိုင်း (၇၆)လာပါပြီ။ အားပေးကြပါအုံးဗျာ...

နတ်မင်းသုံးပါး ဆိုင်ကယ်နဲ့ကြွလာပါပြီ ဆရာ...

ခုံတစ်လုံးတည်းရှိလည်း အဆင်ပြေပါတယ်။
ခိုးကြည့်မှာလည်း မပူရတော့ဘူးလေ...
Related Posts Plugin for WordPress, Blogger...