ဒီတစ်ခါ တင်ပြပေးချင်တာကတော့ အလွန်ကိုအေးချမ်းပြီး သဘာဝ သစ်တောအုပ်ထဲက
လှပတဲ့ Moli (မိုလီ) ရေတံခွန်အကြောင်းပါ။မိုလီရေတံခွန်ဟာ တရုတ်နိုင်ငံ ၊
ယူနန်ပြည်နယ်(Yunnan) ၊ ရွှေလီမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ အကွာမှာ
တည်ရှိပါသည်။မြန်မာပြည်က ခရီးသွားများနှင့်မစိမ်းသည့်ဒေသတစ်ခုပါ။

မူဆယ်ရောက်ပြီး တရုတ်နိုင်ငံ ကြယ်ခေါင် ၊ ရွှေလီမြို့ကို သွားရောက်လည်ပတ်သူများ
ဟာ Moli ရေတံခွန်ဆီသွားရောက်အပန်းဖြေလေ့ရှိကြပါသည်။
ထို့ပြင် ဗုဒ္ဓဘုရှားရှင်၏ ခြေတော်ရာ ဘုရားတည်ရှိရာအရပ်ဟုလည်း ဆိုကြပါသည်။
နှစ်ပေါင်းများစွာက ရှည်လျားတဲ့ ဒဏ္ဏာရီဇာတ်လမ်းလည်း ရှိပါသည်။
ဒီဒေသကို ဒေသခံတွေက Zhaduo ဟု လည်းခေါ်တွင်ကြပါသည်။
အကြောင်းကတော့ ဒီရေတံခွန်တည်ရှိရာအရပ်ကို ဗုဒ္ဓဘုရားရှင်ကြွချီလာပြီး
ဒီအရပ်တွင် ဥပုပ်စောင့်ကာ ရေချိုးသန့်စင် ခဲ့ပါသည်။ထို့နောက် ပြန်လည်ကြွချီရာတွင်
ဘုရားရှင်၏ ခြေတော်ရာကို ချထားပေးခဲ့သည်ဟုဆိုကြပါသည်။
လက်ရှိမှာလည်း ခြေတော်ရာစေတီ၏ အတွင်းဘက်၌ ကျောက်တုံးကြီး၏ပေါ်တွင်
ကြီးမားလှသည့် ခြေတော်ရာ တစ်ဆူရှိပါသည်။ ပုံသဏ္ဍာန် သိပ်မပီပြင်တော့ပေမယ့်
ရွှေချကာ ထားသည့် ခြေတော်ရာကို ဖူးမြင်နိုင်ပါသည်။