သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ Raku Inoue ဆိုသူပညာရှင်တစ်ဦးမှ ဖန်တီးထားမှုများဖြစ်ပြီး လှပသေသပ်သည့် အင်းဆက်ပုံလေးများဖြစ်အောင် ပြုလုပ်ထားတာပါ။ ကြည့်လိုက်ကြပါအုံးနော်...
နေခရမ်း....
|
Wednesday, January 31, 2018
ခေတ်မှီလှပသည့် စာကြည့်တိုက်ကြီး
ကြည့်လိုက်ယုံနှင့် သွားခြင်စဖွယ်ကောင်းလှအောင် ခေတ်မှီလှပနေသည့် တရုတ်နိုင်ငံမှ ထျန်ကျင်း ပင်းဟိုင် စာကြည့်တိုက်ကြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်ကျင်းမြို့တွင်တည်ရှိသည့် အဆိုပါစာကြည့်တိုက်ကြီးတွင် စာအုပ်ပေါင်း ၁.၂ သန်း(၁၂ သိန်း) အထိစုဆောင်း သိမ်းဆည်းထားပါသည်။ ၃၄ ၀၀၀ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသည့် အဆောက်အဦ၌ စာအုပ်များကို အလွှာအထပ်ထပ် ၊ အဆင့်ဆင့်ဖြင့် ဒီဇိုင်းပုံဖော် ပြသထားသလို လာရောက်ကြသူများ အတွက် စိတ်အေးချမ်းကြည်နူးမှု ရစေရန် ပုံဖော်ပေးထားပါသည်။ ဒပ်ဒီဇိုင်းစီးပွားရေးလုပ်ငန်းစု (MVRDV) နှင့် ထျန်ကျင်းမြို့ပြစီမံကိန်း နှင့် ဒီဇိုင်းအသင်းအဖွဲ့(TUPDI) တို့မှ ပူးပေါင်းပုံဖော် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဒီစာကြည့်တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များတွင် ပါဝင်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် တည်ဆောက်ပုံ ဒီဇိုင်းလှပခေတ်မှီပြီး သပ်ရပ်လွန်းတာကြောင့် လာရောက်လည်ပတ်သူ များလှပါသည်။ စာကြည့်တိုက်ကြီးရဲ့ပုံတွေကို ကြည့်လိုက်ရအောင်ဗျာ…
ထူးခြားမှုများစွာဖြင့် ကယားပြည်နယ်မှ လွယ်တမူလှိုဏ်ဂူတော်ကြီး
ကယားပြည်နယ်တွင် ထုံးကျောက်တောင်များ များစွာတည်ရှိနေပါသဖြင့် ကြီးမားရှည်လျားသော လှိုဏ်ဂူကြီးများ များစွာရှိနေကြပါသည်။ ထိုပြင် ကယားပြည်နယ်မှလှိုဏ်ဂူများသည် အသိရခက်ပြီး ထူးခြားမှုများနှင့်လည်း ဆက်စပ်နေကြပါသည်။ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သော အကြောင်းအရာများဖြင့် နာမည်ကျော်လှသည့် လွယ်တမူလှိုဏ်ဂူအကြောင်း တင်ပြပေးခြင်ပါသည်။

လွယ်တမူလှိုဏ်ဂူသည် လွိုင်ကော်မြို့အ၀င် ၊ အမှတ် ( ၃၅၆ ) အမြောက်တပ်ရင်းဝင်း အတွင်းတွင် တည်ရှိနေပါသည်။ လှိုဏ်ဂူအား စတင်တွေ့ရှိခဲ့သည်မှာ ၁၉၈၄ ခုနှစ်တွင်မှ ဖြစ်ပါသည်။ ယခင်က ထိုနေရာတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသလို ၊ လှိုဏ်ဂူသည် အခြားဂူများကဲ့သို့ တောင်ပေါ်တွင် တည်ရှိနေခြင်းမျိုး မဟုတ်ဘဲ မြေအောက်အနက်တွင် ဖြစ်တည်နေခြင်းကြောင့် တွေ့မြင်ရရန် ပို၍ ခက်ခဲစေပါသည်။
အကြောင်းအရာ
ထူးဆန်းမြန်မာ,
ထူးဆန်းနေရာများ,
အထူးပိုစ့်များ
Selfie အလွဲများ (၃)
ယခုခေတ်မှာ နေရာတကာ Selfie ရိုက်တဲ့ကြတာ မဆန်းပါဘူး။ ဒါပေမယ့်
ကိုယ့်ရိုက်တဲ့ ပုံလေးတွေကို အင်တာနက်ပေါ် မတင်ခင် သေသေခြာခြာ
ကြည့်ရှု့စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ မှားယွင်းတတ်ကြပုံများနဲ့
ရယ်စရာကောင်းတဲ့ Selfie ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို့လည်း သတိထားကြပါလို့…
စွတ်စက်ရိုက်မနေနဲ့ဟဲ့...
မျက်စိနောက်လာပြီး ခွီးးး
Tuesday, January 30, 2018
သစ်ရွက်လေးများအပေါ်တွင် ဖန်တီးထားသော လက်ရာမြောက်ပုံလေးများ (၃)
သစ်ရွက်များပေါ်တွင် လိုချင်သည့် ပုံများရရန် အနုစိတ်ဖန်တီးရေးဆွဲထားခြင်းပါ။ ယခင်ကလည်း ထိုကဲ့သို့ပုံများကို တင်ပေးဖူးပါသည်။ ယခုဖန်တီးမှုများကိုတော့ Joanna ဆိုသူ ပညာရှင်တစ်ဦးမှ ရေးဆွဲထားခြင်းပါ။ သူရဲ့ဖန်တီးထားမှုများကို ကြည့်ရှု့အားပေးလိုက်ရအောင်နော်…
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများမှ အံ့မခန်းမိတ်ကပ်ပညာ (၂)
ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများမှ
သရုပ်ဆောင်၏ အထူးပြုလုပ်ချက် မိတ်ကပ်ပညာဖြင့် ဖန်တီးထားပုံများပါ။ ထူးချွန်သည့် မိတ်ကပ်ပညာနှင့်အတူ ကောင်းမွန်သေသပ်သည့် နည်းပညာပြုလုပ်ချက်များပါ ပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ကားကောင်းများ ပေါ်ထွက်လာစေပါတယ်။ တစ်ချို့ပုံများဆိုလျှင်
ဖန်တီးမှုကောင်းလွန်းသဖြင့် မူရင်းမျက်နှာနှင့် ကွဲပြားသွားတာ တွေ့ရမှာပါ။
Shopping ကို အဖော်လိုက်မိသူများရဲ့ ဒုက္ခ
မိမိချစ်သူ ၊ ဇနီးမယားများနဲ့ အတူ Shopping ထွက်ရတာက ပျော်စရာ ကြည်နူးစရာတစ်မျိုးပါ။ ဒါပေမယ့် ဒီထင်မြင်မှုက အမြဲအမှန်တော့ မဟုတ်ပါဘူး။ အကြိမ်အရေအတွက် များလာတဲ့အခါ ၊ အထူးသဖြင့် မ်မ်ချစ်သူ ၊ ဇနီးမယားများက ကြာရှည်စွာ ဈေးဝယ်ရွေးချယ်တတ်ကြရင် အဖော်လိုက်မိသူများရဲ့ စောင့်ဆိုင်းရမှုကတော့ ငြီးငွေ့ဖွယ်ကောင်းလာစေပါတယ်။ ဒီလိုအဖြစ်အပျက်များကို စုစည်းထားတဲ့ ပုံများ ဖြစ်ပါတယ်။ စစ်တမ်းတစ်ခုအရလည်း အမျိုးသားများသည် ချစ်သူ ၊ ဇနီးများနှင့် ဈေးဝယ်လိုက် စောင့်ဆိုင်းရပါက အလွန်ဆုံး ၂၆ မိနစ်ထက် ကျော်လာရင် ငြီးငွေ့စိတ်ပျက်တတ်ကြောင်း ဆိုပါသည်။ သူငယ်ချင်းတို့လည်း တိုက်ဆိုင်သူများရှိရင် လက်တို့လိုက်ကြပါအုံးဗျာ…
Subscribe to:
Posts (Atom)












