Sunday, April 22, 2018

အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၆)

သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်က တင်ပေးဖူးပါတယ်။ ယခုလည်း Salavat Fidai ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။


Friday, April 6, 2018

အဆုံးမရှိစကြာဝ ဠာ

၁၉ ၉ ၀ ခုနှစ်ကတဲက နာဆာကနေ အာကာသတွင်း လွတ်တင်ထားခဲ့တဲ့ ဟလ်ဘယ် တယ်လီစကုတ် အာကာသယာဉ် (လူမပါ ) ဟာ စကြာဝ ဠာအတွင်း ဆက်လက်ခရီးနှင်နေပြီး မြေပြင်ကို ပုံတွေရိုက်ကူးပေးပို့ နေပါတယ်။

ကမ္ဘာမြေကနေ အလင်းနှစ် သန်းပေါင်း၃၅၀ (အလင်းနှစ်သည့် အာကာသဆိုင်ရာအတိုင်းအတာတခု ဖြစ်ပြီး  တစက်ကန့် လျှင် ကီလို မီတာသုံးသိန်းဖြစ်သည် ၊ ဥပမာ တနှစ်ကြာ အလင်းဖြတ်သွားသည်ကြချိန် အလင်းတနှစ်ဟုခေါ်ပါသည်၊ လနှင့် ကမ္ဘာအကွာအဝေးမှာ မိုင်ပေါင်း ၂၄၀၀၀၀ ရှိသဖြင့် အလင်းနှစ် တစက်ကန့် ကျော်သာရှိသည်) အကွာအဝေးမှာ မြင်တွေ့ ရတဲ့ စကြာဝ ဠာအစုအဝေးပုံတွေဖြစ်ပါတယ်။  .
Credit:SAW








Wednesday, February 28, 2018

စပိန်နိုင်ငံမှ သွေးကဲ့သို့ အနီရောင်မြစ်

မြစ်တစ်ခုရဲ့ ရေအရောင်ဟာ သွေးကဲ့သို့ အနီရဲရဲဖြစ်နေသည့် မြစ်နီတစ်စင်းသည် စပိန်နိုင်ငံတွင် တည်ရှိနေပါသည်။ ထိုမြစ်ကို အရောင်ကိုလိုက်၍ Red River လို့ခေါ်တက်ကြပေမယ့် မူလအမည်ကတော့ Río Tinto ဟုအမည်ရပါသည်။ ထိုအနီရောင်မြစ်သည် စပိန်နိုင်ငံ အနောက်တောင်ပိုင်း ၊ Sierra Morena တောင်မှ မြစ်ဖျားခံကာ တောင်မှ အနောက်တောင်ဘက်သို့ ညင်သာစွာ စီးဆင်းလာပြီး Cádiz ပင်လယ်ကွေ့ထဲသို့ စီးဝင်သွားပါသည်။

ထို မြစ်နီကြီးသည် အရှည်အားဖြင့် (၆၂ မိုင်) 100 km အထိရှိပါသည်။ ရေအရောင်မှာ အနီရဲရဲ ရှိနေရခြင်းမှာ မြစ်ရေထဲ၌ သံဓာတ်ပါဝင်မှုများလွန်းပြီး အခြားသော သတ္တုဓာတ်များလည်း များစွာ ပျော်ဝင်နေသောကြောင့် ဖြစ်ပါသည်။

ထိုအနီရောင်မြစ်မှ သတ္တုများ တူးဖော်ထုတ်လုပ်ခြင်းကို လွန်ခဲ့သော နှစ်ငါးထောင်ကျော်ကတည်းက ထုတ်လုပ်သုံးယူခဲ့ကြပါသည်။ BC 3000 ၀န်းကျင် Iberians နှင့် Tartessians လက်ထပ်ကတည်းက မြစ်ကြောင်းတစ်လျောက်တွင် သတ္တုတူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ရွှေ ၊ ငွေ ၊ ကြေး နှင့် အခြားသော သတ္တုများစွာကို ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

Tuesday, February 27, 2018

အမှတ်တမဲ့ အလွဲများ ( ၉၆ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...

မြန်မြန်လက်မှတ်ထိုးလိုက်စမ်းပါ ချစ်ဆုံးရယ်...

အံမယ် ။ ပျောင်စပ်စပ်နဲ့...

ကမ္ဘာ့ လူကြိုက်အများဆုံး အမှတ်ပေးလိဂ် ဘောလုံပြိုင်ပွဲများ

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် စိတ်အ၀င်စားဆုံး အားကစားနည်းမှာ ဘောလုံးပွဲပင် ဖြစ်ပါတယ်။ ထိုအထဲကမှ အမှတ်ပေးလိဂ်ပြိုင်ပွဲများကို ကမ္ဘာတစ်ဝှမ်း အချိန်ပေးကာ ပိုမိုအားပေး ကြိုက်နှစ်သက်ကြပါတယ်။ နေခရမ်းမှ ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှုအများဆုံးနှင့် အကျော်ကြားဆုံး လိဂ်ပြိုင်ပွဲများကို တင်ပြပေးခြင်ပါတယ်။ ကျော်ကြားတယ်၊ စိတ်ဝင်စားတယ်ဆိုတာကလည်း နာမည်ကျော် ဘောလုံးသမာတွေ ၊ နည်းပြတွေနဲ့ လှပမြန်ဆန်တဲ့ ကစားကွက် ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတွေရှိတတ်တဲ့ လိဂ်ပြိုင်ပွဲတွေကို ပိုမိုကြိုက်နှစ်သက်ကြတာ ထုံးစံပါ။ ဘယ်လိဂ်ပြိုင်ပွဲတွေက အကျော်ကြားဆုံး ၊ လူကြိုက်အများဆုံးလဲဆိုတာ အားကစားအဖွဲ့အစည်းတွေက စစ်တမ်းထုတ်ယူထားတာတွေကို ကြည့်လိုက်ရအောင်နော်။ အားကစားအဖွဲ့အစည်းတွေအနေနဲ့ ဒီစာရင်းကိုပြုစုထားပုံက ပြိုင်ပွဲ တခုကို ၁၀ မှတ်စီ ပေးပြီး အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

1. English Premier League

လိဂ်ပြိုင်ပွဲဆိုကတည်းက အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြေးမြင်မိကြမှာပါ။ အမှန်လည်း ကမ္ဘာတစ်ဝှမ်းလုံမှာ အကျော်ကြားဆုံးလိဂ်ပြိုင်ပွဲ တစ်ခုဖြစ်သလို လူကြိုက်အများဆုံးအဖြစ် အမြဲရပ်တည်နေတတ်ပါတယ်။ ဒီစာရင်းမှာလည်း ရမှတ် ၈.၉ ဖြင့် နံပါတ်တစ်ရပ်တည်နေသလို တပွဲပျမ်းမျှ ၂.၉ ဂိုးထိအောင် သွင်းပြီး ဂိုးသွင်းစွမ်းရည် ပြတတ်သည့် လိဂ်ပြိုင်ပွဲပါ။ နာမည်ကျော် အသင်းများရှိကြသလို ၊ နာမည်ကျော်ကစားသမားများလည်း များစွာရှိတတ်ကြပါတယ်။ ထို့ပြင် နာမည်ကျော်နည်းပြများရဲ့လက်အောက်မှာ မြန်ဆန်တဲ့ကစားကွက်မျိုးများဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်တတ်ကြပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဒါဘီပွဲများစွာရှိတတ်သည့် ဒီလိဂ်ပြိုင်ပွဲဟာ လူဦးရေအများဆုံးရှိတဲ့ အာရှတိုက်ရဲ့ အကြိုက်နှစ်သက်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုလည်း ဖြစ်နေပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။

2. Spanish La Liga

ဒုတိယအဖြစ်ရပ်တည်နေတာကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ယောက် ပါဝင်ကစားနေတဲ့ စပိန်လာလီဂါ အမှတ်ပေးဘောလုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်ရီးယဲမက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့နဲ့အတူ ပြိုင်ဆိုင်မှုပြင်ထန်သော ဘောလုံးပွဲများ တွေ့မြင်ရတတ်ပါတယ်။ ထို့ပြင်လှပတဲ့ ကစားကွက်များကို တွေ့မြင်ရတတ်ပြီး ရမှတ် ၈.၆ မှတ်ဖြင့် ဒုတိယနေရာ ရရှိနေပါတယ်။ တစ်ပွဲပျမ်းမျှသွင်းဂိုးကတော့ ပရီးမီးယားလိဂ်ပွဲတွေလိုပဲ ၂.၉ ဂိုးအထိ ဂိုးသွင်းစွမ်းရည် ပြသတတ်ကြပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။

မြစ်ဆုံအလှ (သို့) ပြည်ထောင်စုရဲ့ နှလုံသား တည်ရာမြေ

မြစ်ဆုံဆိုသည်နှင့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ကြီး၏ စတင်တဲ့ မေခ နဲ့ မလိခ မြစ်နှစ်သွယ် ပေါင်းစုံရာ နေရာဆိုတာ သိကြပါတယ်။ မြန်မာပြည်ရဲ့ အလှပဆုံး သဘာဝရှု့ခင်းများ တည်ရှိရာ နေရာတစ်နေရာအဖြစ် သိမှတ်လက်ခံထားကြသလို သူရဲ့အလှတင်မက သမိုင်းအဆက်ဆက် အလုပ်အကျွေးပြုမှုတွေ ၊ အရေးပါအရာရောက်မှုတွေ ၊ ဂုဏ်ယူစရာအချက်အလက်တွေကြောင့် မြန်မာပြည်သားများရဲ့ တန်ဖိုးထားစရာနေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ နေခရမ်းမှ မြစ်ဆုံအလှနဲ့ စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကို ကောက်နှုတ်တင်ပြပေးပါ့မယ်။

တကယ်တော့ ဧရာဝတီမြစ်ကြီးဟာ သမိုင်းအဆက်ဆက် မြန်မာပြည်ရဲ့ အသက်သွေးကြောလို ဖြစ်နေတာပါ။ မြန်မာပြည် မြောက်ပိုင်း ထိပ်ဖျားဘက်ကနေ တစ်ပြည်လုံးကို ဖြတ်သန်းစီးဆင်းကာ ပင်လယ်ထဲအထိ စီးဝင်နေခြင်းပါ။ ဒါကြောင့်လည်း ခေတ်အဆက်ဆက်မှာ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းနဲ့ ယဉ်ကျေးမှုများ ထွန်းကားဖြန့်ဖြူးပေးရာ ပင်မသွေးကြောကြီး တစ်ခုပါ။ ထို့ကြောင့်ပင် ထိုသွေးကြောကြီးနှင့်တူတဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာ နေရာဟာ မြန်မာပြည်ရဲ့ နှလုံးသားတည်ရှိရာ နေရာဟုပင် တင်စားခြင်ပါတယ်။
 
Photo : Internet
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ သဘာဝရေခဲတောင်များ ၊ သဘာဝတောတောင်များရဲ့ စိမ့်စမ်းရေများဟာ မေခ ၊ မလိခ မြစ်နှစ်သွယ်အဖြစ် စီးဆင်းလာပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် (၂၈) မိုင်အကွာမှာ ဧရာဝတီမြစ်အဖြစ် ပေါင်းစုံစီးဆင်းခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှသွားရင် တစ်နာရီလောက်သာ မောင်းရပြီး လမ်းကလည်း ကောင်းပါတယ်။ လမ်းတစ်လျောက် ကချင်တောင်တန်းများနဲ့ ရှု့ခင်းတွေကို အားပါးတရကြည့်ရင်းသွားရတာ စိတ်ချမ်းမြေ့စေပါတယ်။

Monday, February 26, 2018

အိမ်ခြံဝင်းအတွင်းမှ လှပသော လမ်းကလေးများ

မိမိအိမ်ခြံဝင်းအတွင်း ဥယျာဉ်ပန်းခြံလေးတစ်ခုလို ဖန်တီးထားလိုသူများအတွက် လိုက်ဖက်တဲ့ ကျောက်ခင်းလမ်းကလေးတွေကို စုစည်းတင်ပေးလိုက်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိပဲ လှပသပ်ရပ်ပြီး ခေတ်မှီတဲ့ ပုံစံလေးတွေဟာ ကြည့်မြင်ရသူကို စိတ်ချမ်းသာစေမှာပါ။

Related Posts Plugin for WordPress, Blogger...