
လေ ဆင်နှာမောင်းဆိုတာကတော့ ကြီးမားတဲ့ မိုးတိမ်တောင်များမှတဆင့် ဖြစ်ပေါ်တတ်တဲ့ ပြင်းထန်သော မုန်တိုင်းမျိုးဖြစ်ပါတယ်။ မြေပြင် နဲ့ မိုးတိမ်တောင်အကြားကိုတော့ ရစ်ဝဲနေတဲ့ ဆင်နှာမောင်းပုံစံ လေဝဲကြီးနဲ့ ဆက်နွယ်ထားပြီး မြေပြင်ပေါ်မှာ ရှိသမျှ နေအိမ် တိုက်တာ အဆောက်အဦးများနဲ့ သစ်ပင်များကို စုပ်ယူ ဖျက်ဆီး နိုင်သော စွမ်းအားရှိပါတယ်..။

လေဆင်နှာမောင်း ဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်(ကြီး) မျိုးကို Supercells လို့ ခေါ်ပါတယ်။ မြေပြင်မှ အမြင့်ပေ ၅၀၀၀ လောက်မှာ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ တိုက်ခတ်ပြီး၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပြစ်ခြင်း တို့လည်း ဖြစ်ပေါ်တတ်ပါတယ်။ လေဆင်နှာမောင်းဖြစ်ဖို့အတွက်ကတော့ အပူချိန်အပေါ်လည်း မူတည်ပါတယ်။







