Saturday, February 23, 2019

ဒိုင်နိုဆောခေတ်က နေထိုင်ကျက်စားခဲ့သည့် ရှေးဟောင်းခရုရုပ်ကြွင်းကို မြန်မာ့ပယင်းထဲတွင် တွေ့ရှိ


မြန်မာနိုင်ငံမြောက်ပိုင်းကနေ ထွက်ရှိခဲ့တဲ့ မြန်မာ့ပယင်းတစ်ခုထဲမှာ ဒိုင်နိုဆော ခေတ်က နေထိုင် ကျက်စားခဲ့တဲ့ ရှေးဟောင်းခရုတစ်ကောင်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်၊ ဩစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံက သိပ္ပံပညာရှင်တွေပါဝင်တဲ့ နိုင်ငံတကာသုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ စာတမ်းတစ်ခုမှာ မြန်မာ့ ပယင်းတစ်ခုထဲ ဒိုင်နိုဆောခေတ်ကာလက ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့တယ်လို့ ရေးသားမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။

ဒိုင်နိုဆောတွေနဲ့ပြိုင်တူ တစ်ခေတ်တည်း ရှင်သန်နေထိုင်ခဲ့ကြတဲ့ သက်တမ်းအရင့်ဆုံး ရှေးဟောင်းခရုမျိုးရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးစကို သိမ်းဆည်းထားတဲ့ ရှားပါးပယင်းအဖြစ် ပထမဆုံး အကြိမ်တွေ့ရှိထားခဲ့တာလို့ သိရပါတယ်။ နှစ်ပေါင်း ၉၉သန်းခန့်က သစ်စေးထဲမှာ ပိတ်မိနေခဲ့ကာ သေဆုံးခဲ့တဲ့ ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းဖြစ်ပြီး သုညဒသမ၂လက်မခန့် အရွယ်အစားရှိ တယ်လို့သိရပါတယ်။ ဒိုင်နိုဆေ ခေတ်က ရှေးဟောင်းခရုရဲ့ပျော့ပျောင်းနူးညံ့တဲ့တစ်သျှူးစတွေ အများကြီးပါနေတဲ့ ဒီလိုပယင်းမျိုးကို ရှာတွေ့တာ ဒါပထမဆုံးအကြိမ်ပါပဲလို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် စင်လီဒါက ဆိုပါတယ်။ ဒီပယင်းကို ပုဂ္ဂလိကရုပ်ကြွင်းစုဆောင်းသူ လွီယန်က ၂၀၁၆ခုနှစ်မှာ မြန်မာ့ပယင်း ဈေးကွက်ကနေ ဝယ်ယူခဲ့တာဖြစ်တယ်လို့ စင်လီဒါက ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်များ

ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်များ

စက်ဘီးနိုင်ငံ

ဒိန်းမတ်နိုင်ငံက ပြည်သူများသည် ဘယ်သွားသွား စက်ဘီးစီးသွားမည်ဆိုသည့် သဘောကို စိတ်ထဲစွဲနေကြသည်။ ထို့ကြောင့် သူတို့စက်ဘီးတွေ စီးကြသည်။ စက်ဘီးတွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေကို ပိုပြီးသဘောကျကြသည်။ ထို့ပြင် ဖင်ထိုင်ခုံများကလည်း သက်သောင့်သက်သာဖြစ်နေစေရန် ဂရုစိုက်သည်။ နေရာအနှံ့ စက်ဘီးအငှားဆိုင်တွေလည်းရှိသည်။

ဒိန်းမတ်တွင် S-tog ဆိုသည့် စနစ်ကို ပြည်သူတွေက လက်ခံကျင့်သုံးကြသည်။ သူတို့ရထားများပေါ်တွင် စက်ဘီးများ တင်ဆောင်ခြင်းကို ခွင့်ပြုကြသည်။ ထို့ကြောင့် အိမ်မှဘူတာသို့ စက်ဘီးစီးလာမည်။ ဘူတာရောက်လျှင် စက်ဘီးကို ရထားထဲယူမည်။ ခရီးဝေးလျှင် ရထားစီးသည်။ ဘူတာရောက်လျှင် စက်ဘီးကို ထုတ်သွားပြီး ပြန်စီးသည်။ သူတို့ဆီက ဘတ်စ်ကားများနှင့် ရထားများတွင် တံခါးများကလည်း စက်ဘီးတင်ဆောင်နိုင်ရန် ကြီးကြီးတွေလုပ်ပေးထားသည်။

မြေအောက်ရထားများတွင် စက်ဘီးတင်ဆောင်မည်ဆိုလျှင် အပိုကြေးပေးရသည်။ စက်ဘီးကို ဘူတာတွင် အခကြေးငွေပေးပြီး အပ်ခဲ့၍လည်းရသည်။ သူတို့ နိုင်ငံ၏ ကျေးလက်တွင်ဖြစ်စေ မြို့များတွင်ဖြစ်စေ တစ်နေရာမှ တစ်နေရာသို့သွားရန် စက်ဘီးလမ်းတွေကို သီးခြားသတ်မှတ်ပေးထားလေ့ရှိသည်။ သူတို့ နိုင်ငံတွင် စက်ဘီးဖြင့် လိုရာရောက်အောင်သွားမည်ဆိုခြင်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလေးစားခြင်း သဘောလည်းဆောင်နေသည်။

စံပြုသင့်တဲ့ ဂျပန်နိုင်ငံသားများအကြောင်း

ဂျပန်နိုင်ငံတိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့ နည်းစနစ်ကျမှုနဲ့ စည်းကမ်းရှိမှုတွေကြောင့်ဖြစ်ပါတယ်
ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကစလို့ နည်းပညာတွေလည်း အရမ်း မြင့်မားလာတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတာဟာ ဂျပန်နိုင်ငံသားတွေရဲ့ စည်းကမ်း လိုက်နာမှု၊ စည်းစနစ် ကျမှုနဲ့ ကြိုးစားမှုတွေကြောင့်လို့ သတ်မှတ်နိုင်ပါတယ်။
တကမ္ဘာလုံးက လူတွေကတော့ ဂျပန်နိုင်ငံကို ကမ္ဘာဂြိုလ်မှာရှိတဲ့ နိုင်ငံတခုနဲ့တောင် မတူဘူးလို့ ချီးမွမ်းပြောဆိုကြပါတယ်။ ဘာတွေကများ တခြားနိုင်ငံထက်သာပြီး ဘာတွေထူးဆန်းနေသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ဓာတ်လှေကားအစောင့်
တခါက ဂျပန်နိုင်ငံ၊ ဆာပိုယိုမြို့မှာရှိတဲ့ ဈေးဝယ်စင်တာတခုမှာ ဓာတ်လှေကားပျက်သွားပါတယ်။ ဓာတ်လှေကား အစောင့် တယောက်ကို ထားရှိပြီး ဓာတ်လှေကားပျက်နေကြောင်း၊ ပြင်ဆင်ဖို့အတွက် ကြိုးစားနေကြောင်းနဲ့ အခုလို ဓာတ်လှေကား ပျက်နေရတဲ့အတွက် မိမိတို့စင်တာက တောင်းပန်ပါကြောင်း ပြောဖို့ ထားပေးထားပါတယ်။ ဂျပန်နိုင်ငံသား တွေရဲ့ တာဝန်ယူမှုကတော့ အံ့သြစရာကောင်းလောက်ပါတယ်။

Thursday, February 21, 2019

တစ်နှစ်ပတ်လုံး မိုးရွာသော ဒေသ

မိုးများသော ဒေသတွေကို ကြားဖူးတွေ့ဖူးကြမှာပါ။ ဒါပေမယ့် ယခုတင်ပြမယ့် ဒေသလေးကတော့ ထူးထူးခြားခြား တစ်နှစ်ပတ်လုံး မိုးရွာလေ့ရှိပါသည်။ ထို့ကြောင့်ပင် ထိုဒေသကို ကမ္ဘာပေါ်တွင် အစိုစွတ်ဆုံး ဒေသအဖြစ် မှတ်တမ်းတင်ထားကြပါသည်။ ထိုဒေသလေးသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ Meghalaya ပြည်နယ်အတွင်း၊ Khasi တောင်၏အရှေ့ဘက်တွင်ရှိသော မော်ဆင်ရမ် (Mawsynram) ကျေးရွာလေး ဖြစ်ပါသည်။ ထိုရွာလေးသည် 1,400 metres (4,600 ပေ) အမြင့်တွင်ရှိသော ရွာလေး ဖြစ်ပါသည်။

ထိုရွာလေးတွင် တစ်နှစ်ပတ်လုံး မိုးရွာသွန်းနေသဖြင့် ကောင်းကင်တစ်ခွင် အုံ့မှိုင်းနေတတ်ပါသည်။ နေရောင်ခြည် ကျရောက်မှု အလွန်နည်းသော ဒေသလေးဖြစ်ပါသည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၄၆၇.၄ လက်မ အထိ ရွာသွန်းပါသည်။ ထူးထူးခြားခြား ၁၉၈၅ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၀၀၀ အထိ ရွာသွန်းခဲ့ပြီး ကမ္ဘာ့မိုးအများဆုံး အစိုစွတ်ဆုံးဒေသအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့ပါသည်။
တစ်နှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသဖြင့် ဒေသခံများသည် အပြင်ထွက်လျှင် ဆောင်းစရာ မိုးကာ၊ ထီး နှင့် ခမောက်ခေါင်းဆောင်းရှည်ကြီးများ အမြဲဆောင်ထားကြပါသည်။ ထိုဒေသသည် မြစ်များ ၊ ရေတံခွန်များ စတင်ဖြစ်ပေါ်ရာ ဒေသတစ်ခုလည်း ဖြစ်ပါသည်။

တစ်နှစ်ပတ်လုံး မိုးရွာသွန်းရသည့် အကြောင်းရင်းမှာ ထိုရွာလေး၏ ပတ်ဝန်းကျင်တွင် မြင့်မားလှသည့် ဟိမ၀န္တာတောင်တန်းကြီးများ ၀ိုင်းရံနေသောကြောင့် ဖြစ်ပါသည်။ ထိုတောင်တန်းကြီးများသည် ကြီးမားသော တိမ်တိုက်များကို ကာဆီးထားသလို ဖြစ်နေသဖြင့် မိုးတိမ်များသည် ထိုဒေသလေးမှာပင် မိုးအဖြစ် ရွာသွန်းနေခြင်း ဖြစ်ပါသည်။

Wednesday, February 20, 2019

ကမ္ဘာ့ အကျော်ကြားဆုံ နာရီစင်ကြီးများ

နိုင်ငံတိုင်းတွင် အထိမ်းအမှတ်သဘောအဖြစ် ထားကြသော နာရီစင်ကြီးများ ရှိကြပါသည်။ ထိုနာရီစင်ကြီးများသည် တစ်ချိန်က အချိန်ကြည့်ရန် တည်ဆောက်ထားကြပေမယ့် ယခုခေတ်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ယူစရာ အထိမ်းအမှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိ ထိန်းသိမ်းထားကြပါသည်။ ယခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး နာရီစင်ကြီးများအကြောင်း ဖြစ်ပါသည်။

1. Big Ben (Elizabeth Tower), London, England

နာရီစင်ဆိုသည်နှင့် အင်္ဂလန်၊ လန်ဒန်မြို့တော်မှ Big Ben နာရီစင်ကြီးကို ပြေးမြင်မိကြပါသည်။ ထိုနာရီစင်ကြီးသည် ကြီးမားခြင်း ၊ လှပခန့်ညားခြင်း ၊ ရှေးကျခြင်း ၊ နိုင်ငံ၏ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိနေခြင်း စသည့်ဂုဏ်ပုဒ်များဖြင့် ပြည့်စုံနေပါသည်။ ၁၈၅၈ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သည့် ရှေးဟောင်းနာရီစင်ကြီး ဖြစ်ပါသည်။ Big Ben နာရီစင်ကြီးသည် ကမ္ဘာပေါ်ရှိ သီးခြားတည်ဆောက်ထားသည့် နာရီစင်များတွင် တတိယ အမြင့်ဆုံး နာရီစင်ကြီး ဖြစ်ပါသည်။ အင်္ဂလန်နှင့် လန်ဒန်မြို့၏ အထိမ်းအမှတ် တစ်ခုအဖြစ် တည်ရှိနေယုံသာမက ဥရောပ၏ အကျော်ကြားဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြပါသည်။ ယခုအခါ Big Ben နာရီစင်ကြီးကို Elizabeth ဘုရင်မကြီးအား ဂုဏ်ပြုသောအားဖြင့် Elizabeth Tower ဟု တရာဝင် အမည်ပေးထားပါသည်။ နာရီစင်ကြီးသည် နှစ်ကာလကြာမြင့်လာပြီးဖြစ်သဖြင့် အနည်းငယ် တိမ်းစောင်းလာနေကြောင်း သိရပါသည်။

Saturday, February 2, 2019

ပင်လယ်ထဲမှ ဆင်ကျွန်း

အိုက်စလန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်အတွင်း သဘာဝအတိုင်း ဖြစ်တည်နေသော ကျောက်တောင်ကျွန်းတစ်ခုပါ။ ဆင်တစ်ကောင်ရဲ့ နှာမောင်း ၊ ဦးခေါင်း ၊ နားရွက် ကိုယ်ခန္ဓာ နဲ့ ခပ်ဆင်ဆင်တူနေပြီး အမှတ်တမဲ့ ကြည့်လိုက်ပါက ပင်လယ်ပြင်ထဲ လဲလျောင်းနေတဲ့ ဆင်ပုံစံ ဖြစ်တည်နေပါတယ်။

သူ့အလှ ကိုယ့်အလှ ယှဉ်ကာပြိုင် (၃)

Instagram ဓာတ်ပုံတင်သည့် ဆိုဒ်တွင် လူသိများ ကျော်ကြားလှသည့် Celebrity များ၏ပုံများကို အမျိုးသမီးတစ်ဦးမှ ပုံစံတူ ရိုက်ကူးထားပုံများပါ။
Celebrity များ၏ပုံများနှင့် လုံးဝတူညီအောင် ရိုက်ကူးထားခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာ နေရာ ၊ ရရာပစ္စည်းလေးများဖြင့် ဟာသသဘော ရိုက်ကူးထားခြင်းပါ။
ဒါကြောင့် တွေ့မြင်ရသူများ အနေဖြင့် ပြုံးရယ်ချင်စရာ ဖြစ်ပေါ်စေခဲ့ပြီး နာမည်ကြီးခဲ့သည့် ပုံများဖြစ်ပါသည်။ တကယ်ကို ဟာသမြောက်အောင် ဖန်တီးနိုင်ခဲ့သည့် အမျိုးသမီးပါ။ ယခင်ကလည်း သူ့ပုံများကို တင်ပေးဖူးပြီး အခု ကျန်နေသေးတဲ့ပုံများကို ဆက်တင်ပေးလိုက်ပါတယ်။
သူငယ်ချင်းတို့လည်း ကြည့်ပြီး တူ မတူ ပြောပေးခဲ့ပါအုံးဗျာ...

Related Posts Plugin for WordPress, Blogger...