Saturday, February 23, 2019

သိပ္ပံရှုထောင့်ကနေ ရှင်းလင်းထားတဲ့ "ခြင်တွေ လူရွေးကိုက်ရခြင်း အကြောင်းရင်း


ခြင်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာပေါ်မှာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး သတ္တဝါတမျိုး ဖြစ်ပြီး လူတွေကို မှီခိုပြီး အသက်ရှင်နေကြတဲ့ သတ္တဝါတမျိုးလည်း ဖြစ်ပါတယ်။ နေ့စဉ်ပတ်ဝန်းကျင်မှာ လူတွေဆီကနေ သွေးစုပ်ဖို့ ချောင်းမြောင်းနေတတ်ကြတဲ့ ခြင်တွေဟာ လူတချို့ကို ကိုက်ပြီး တချို့သူတွေကိုတော့ မကိုက်တာမျိုးတွေကို သင့်အနေနဲ့ အနည်းနဲ့ အများဆိုသလို ကြုံတွေ့ဖူးကြမှာပါ။
ဘာကြောင့် ဒီလိုမျိုး ဖြစ်ပေါ်ရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သိပ္ပံရှုထောင့်ကနေ အခုလိုပဲ ရှင်းလင်းထားပါတယ်။

(၁) ခြင်တွေဟာ လူတွေအသက်ရှုတဲ့အခါ ပြန်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခြေရာခံကာ ကိုက်တတ်ကြတာဖြစ်ပြီး သူများထက်ပိုပြီး ခြင်အကိုက်ခံရသူတွေဟာ အသက်ရှုတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်များများ ထုတ်တတ်ကြသူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က မိမိအသက်ရှုသံကို သတိမထားမိပေမယ့် ခြင်တွေကတော့ သင်ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မူတည်ပြီး သွေးစုပ်တတ်ကြပါတယ်။

(၂) သိပ္ပံပညာရှင်တွေရဲ့ နောက်ထပ်လေ့လာမှုတခုကတော့ ခန္ဓာကိုယ်မှာ ပုံမှန်ထက် ချွေးပိုထွက်တတ်သူတွေဟာ ခြင်ပိုမိုကိုက်ခံရလေ့ရှိပြီး ခန္ဓာကိုယ်ကထွက်တဲ့ ချွေးထဲမှာ ပါဝင်တဲ့ lactic acid ဟာ ခြင်တွေအတွက်တော့ ဆွဲဆောင်မှုတခုလို ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။

သိပ္ပံပညာစွမ်း ပြခဲ့တဲ့ ၁၂ နှစ်သားလေး


အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်က အသက် ၁၂ နှစ်သား စတက်ဖန် လစ်ထ် (Stephen Litt) ဆိုသူ ကလေးငယ်ဟာ သိပ္ပံပညာရပ်မှာ ထူးထူးခြားခြား ပါရမီ ပါလာသူ ဖြစ်ပါတယ်။ သူဟာ ပထမတန်း (first grade) က စတင်ပြီး ကျောင်းမှာ အကြီးစား သိပ္ပံစမ်းသပ်မှုတွေကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် ကြာလာတာနဲ့အမျှ သူလုပ်တဲ့ စမ်းသပ်မှုတွေကလည်း ပိုပြီး ထူးကဲ ပြောင်မြောက်လာပါတယ်။
သူ အသက် ၁၂ နှစ်အရွယ်၊ ခုနစ်တန်းနှစ် (7th grade) အရောက်မှာတော့ တစ်နိုင်ငံလုံး သူ့အပေါ် အာရုံစိုက်မိလာစေတဲ့ စမ်းသပ်မှုကြီး တစ်ခု ပြုလုပ် အောင်မြင်ခဲ့ပါတယ်။ အဲဒါက လက်ဖက်ရည်ကြမ်း (Green Tea) မှာပါဝင်တဲ့ ဓာတ်သတ္တုတွေဟာ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ဖက်ရည်ကြမ်းထဲက Epigallocatechin-3-gallate (EGCG) ဆိုတဲ့ ဓာတ်ပစ္စည်းကို ရင်သား ကင်ဆာ အကျိတ်တွေနဲ့ ဓာတ်ပြု စမ်းသပ်ခဲ့ရာမှာ အဲဒီတွေ့ရှိချက်ကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ အစွမ်းများ

လူတွေရဲ့ ခန္ဓာကိုယ်မှာ ထူးခြားဆန်းပြားတဲ့ အချက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရှုပ်ထွေးလှပါတယ်ဆိုတဲ့ စက်ပစ္စည်းတွေထက် ပိုမို ရှုပ်ထွေးတာကြောင့် သိပ္ပံပညာရှင်တွေအခုထိ အဖြေရှာ မရနိုင်တဲ့ အရာတွေ တပုံတပင်ပါပဲ။
နှစ်ပေါင်းရာနဲ့ ချီပြီး ပြုလုပ်ခဲ့တဲ့ သုသေသနတွေအရတော့ ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်အချို့ကို သိရှိလာကြပါပြီ။ ဒီတော့ လူသားတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ထူးခြားတဲ့ အစွမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဦးနှောက်

ဦးနှောက်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှ မှတ်ဉာဏ် သိမ်းဆည်းတဲ့ ပစ္စည်းတွေထက် သိမ်းဆည်းနိုင်စွမ်း ပိုမြင့်တယ်လို့ သိရပါတယ်။ ဦးနှောက် တလုံးရဲ့ ပျှမ်းမျှမှတ်နိုင်စွမ်းဟာ ၂ ဒဿမ ၃ မီလီယံ ဂစ်(GB) ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကို ရုပ်ရှင်ရိုက်ထားတဲ့ ဗီဒီယိုအနေနဲ့ ပြောရရင် နှစ်ပေါင်း ၃၀၀ စာ ရိုက်ကူးထားတဲ့ ပမာဏနဲ့ ညီမျှပါတယ်။ မှတ်ဉာဏ် ချို့ယွင်းခြင်းတွေဟာ အသက် ၂၅ နှစ်လောက်မှာ စတင်ပြီး ပုံမှန်လေ့ကျင့်ခြင်း မရှိရင် အသက် ၅၀ အရွယ်မှာ ဆိုးဝါးလာနိုင်ပါတယ်။

ကမ္ဘာကျော်မင်းသမီးပုံများကို ကျော်ပြီးစံချိန်တင်သွားသည့် ကြက်ဥတစ်လုံးပုံ

     ဓာတ်ပုံများတင်တဲ့ Instagram မှာ Likes အရည်အတွက် သန်းချီရဖို့ဆိုတာ မလွယ်ပါဘူး။ ကမ္ဘာကျော် မင်းသား၊ မင်းသမီးများ ၊ အားကစားအကျော်အမော်များနဲ့ လှပတဲ့ရှု့ခင်းပုံများသာ likes သန်းချီရတတ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ကြက်ဥတစ်လုံးကိုသာ ရိုက်ထားတဲ့ပုံက နာမည်ကျော် မင်းသားမင်းသမီးပုံများကို ကျော်ဖြတ်ပြီး ကမ္ဘာ့စံချိန်တင် likes အရည်အတွက် ရရှိသွားခဲ့ပါတယ်။

     ယခင်ကနောက်ဆုံးစံချိန်တင်ထားတဲ့ Kylie Jenner ရဲ့ ပုံကို ကျော်ဖြတ်တာ စံချန်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ Instagram တွင် လူကြိုက်အများဆုံး၊ အကျော်ကြားဆုံးအဖြစ် ရပ်တည်နေခဲ့တဲ့ Kylie Jenner ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်လို့ လူအများ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။

     Kylie Jenner နောက်ဆုံးစံချိန်တင်ထားသောပုံမှာ သူရဲ့သမီးလေးရဲ့ မွေးကင်းစပုံ ဖြစ်ပါတယ်။ အရင်ကလည်း ဘီယွန်းစေးရဲ့ ကိုယ်ဝန်ဆောင်ပုံကလည်း စံချန်တင် ခဲ့ဖူးပါတယ်။ ဒီလို ကျော်ကြားတဲ့ ပုံများရဲ့ စံချိန်များကို ကြက်ဥတစ်လုံးက ကျော်ဖြတ်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒိုင်နိုဆောခေတ်က နေထိုင်ကျက်စားခဲ့သည့် ရှေးဟောင်းခရုရုပ်ကြွင်းကို မြန်မာ့ပယင်းထဲတွင် တွေ့ရှိ


မြန်မာနိုင်ငံမြောက်ပိုင်းကနေ ထွက်ရှိခဲ့တဲ့ မြန်မာ့ပယင်းတစ်ခုထဲမှာ ဒိုင်နိုဆော ခေတ်က နေထိုင် ကျက်စားခဲ့တဲ့ ရှေးဟောင်းခရုတစ်ကောင်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်၊ ဩစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံက သိပ္ပံပညာရှင်တွေပါဝင်တဲ့ နိုင်ငံတကာသုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ စာတမ်းတစ်ခုမှာ မြန်မာ့ ပယင်းတစ်ခုထဲ ဒိုင်နိုဆောခေတ်ကာလက ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့တယ်လို့ ရေးသားမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။

ဒိုင်နိုဆောတွေနဲ့ပြိုင်တူ တစ်ခေတ်တည်း ရှင်သန်နေထိုင်ခဲ့ကြတဲ့ သက်တမ်းအရင့်ဆုံး ရှေးဟောင်းခရုမျိုးရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးစကို သိမ်းဆည်းထားတဲ့ ရှားပါးပယင်းအဖြစ် ပထမဆုံး အကြိမ်တွေ့ရှိထားခဲ့တာလို့ သိရပါတယ်။ နှစ်ပေါင်း ၉၉သန်းခန့်က သစ်စေးထဲမှာ ပိတ်မိနေခဲ့ကာ သေဆုံးခဲ့တဲ့ ခရုတစ်ကောင်ရဲ့ရုပ်ကြွင်းဖြစ်ပြီး သုညဒသမ၂လက်မခန့် အရွယ်အစားရှိ တယ်လို့သိရပါတယ်။ ဒိုင်နိုဆေ ခေတ်က ရှေးဟောင်းခရုရဲ့ပျော့ပျောင်းနူးညံ့တဲ့တစ်သျှူးစတွေ အများကြီးပါနေတဲ့ ဒီလိုပယင်းမျိုးကို ရှာတွေ့တာ ဒါပထမဆုံးအကြိမ်ပါပဲလို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် စင်လီဒါက ဆိုပါတယ်။ ဒီပယင်းကို ပုဂ္ဂလိကရုပ်ကြွင်းစုဆောင်းသူ လွီယန်က ၂၀၁၆ခုနှစ်မှာ မြန်မာ့ပယင်း ဈေးကွက်ကနေ ဝယ်ယူခဲ့တာဖြစ်တယ်လို့ စင်လီဒါက ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်များ

ဒိန်းမတ်နိုင်ငံ၏ ထူးခြားချက်များ

စက်ဘီးနိုင်ငံ

ဒိန်းမတ်နိုင်ငံက ပြည်သူများသည် ဘယ်သွားသွား စက်ဘီးစီးသွားမည်ဆိုသည့် သဘောကို စိတ်ထဲစွဲနေကြသည်။ ထို့ကြောင့် သူတို့စက်ဘီးတွေ စီးကြသည်။ စက်ဘီးတွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေကို ပိုပြီးသဘောကျကြသည်။ ထို့ပြင် ဖင်ထိုင်ခုံများကလည်း သက်သောင့်သက်သာဖြစ်နေစေရန် ဂရုစိုက်သည်။ နေရာအနှံ့ စက်ဘီးအငှားဆိုင်တွေလည်းရှိသည်။

ဒိန်းမတ်တွင် S-tog ဆိုသည့် စနစ်ကို ပြည်သူတွေက လက်ခံကျင့်သုံးကြသည်။ သူတို့ရထားများပေါ်တွင် စက်ဘီးများ တင်ဆောင်ခြင်းကို ခွင့်ပြုကြသည်။ ထို့ကြောင့် အိမ်မှဘူတာသို့ စက်ဘီးစီးလာမည်။ ဘူတာရောက်လျှင် စက်ဘီးကို ရထားထဲယူမည်။ ခရီးဝေးလျှင် ရထားစီးသည်။ ဘူတာရောက်လျှင် စက်ဘီးကို ထုတ်သွားပြီး ပြန်စီးသည်။ သူတို့ဆီက ဘတ်စ်ကားများနှင့် ရထားများတွင် တံခါးများကလည်း စက်ဘီးတင်ဆောင်နိုင်ရန် ကြီးကြီးတွေလုပ်ပေးထားသည်။

မြေအောက်ရထားများတွင် စက်ဘီးတင်ဆောင်မည်ဆိုလျှင် အပိုကြေးပေးရသည်။ စက်ဘီးကို ဘူတာတွင် အခကြေးငွေပေးပြီး အပ်ခဲ့၍လည်းရသည်။ သူတို့ နိုင်ငံ၏ ကျေးလက်တွင်ဖြစ်စေ မြို့များတွင်ဖြစ်စေ တစ်နေရာမှ တစ်နေရာသို့သွားရန် စက်ဘီးလမ်းတွေကို သီးခြားသတ်မှတ်ပေးထားလေ့ရှိသည်။ သူတို့ နိုင်ငံတွင် စက်ဘီးဖြင့် လိုရာရောက်အောင်သွားမည်ဆိုခြင်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလေးစားခြင်း သဘောလည်းဆောင်နေသည်။

စံပြုသင့်တဲ့ ဂျပန်နိုင်ငံသားများအကြောင်း

ဂျပန်နိုင်ငံတိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့ နည်းစနစ်ကျမှုနဲ့ စည်းကမ်းရှိမှုတွေကြောင့်ဖြစ်ပါတယ်
ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကစလို့ နည်းပညာတွေလည်း အရမ်း မြင့်မားလာတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတာဟာ ဂျပန်နိုင်ငံသားတွေရဲ့ စည်းကမ်း လိုက်နာမှု၊ စည်းစနစ် ကျမှုနဲ့ ကြိုးစားမှုတွေကြောင့်လို့ သတ်မှတ်နိုင်ပါတယ်။
တကမ္ဘာလုံးက လူတွေကတော့ ဂျပန်နိုင်ငံကို ကမ္ဘာဂြိုလ်မှာရှိတဲ့ နိုင်ငံတခုနဲ့တောင် မတူဘူးလို့ ချီးမွမ်းပြောဆိုကြပါတယ်။ ဘာတွေကများ တခြားနိုင်ငံထက်သာပြီး ဘာတွေထူးဆန်းနေသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ဓာတ်လှေကားအစောင့်
တခါက ဂျပန်နိုင်ငံ၊ ဆာပိုယိုမြို့မှာရှိတဲ့ ဈေးဝယ်စင်တာတခုမှာ ဓာတ်လှေကားပျက်သွားပါတယ်။ ဓာတ်လှေကား အစောင့် တယောက်ကို ထားရှိပြီး ဓာတ်လှေကားပျက်နေကြောင်း၊ ပြင်ဆင်ဖို့အတွက် ကြိုးစားနေကြောင်းနဲ့ အခုလို ဓာတ်လှေကား ပျက်နေရတဲ့အတွက် မိမိတို့စင်တာက တောင်းပန်ပါကြောင်း ပြောဖို့ ထားပေးထားပါတယ်။ ဂျပန်နိုင်ငံသား တွေရဲ့ တာဝန်ယူမှုကတော့ အံ့သြစရာကောင်းလောက်ပါတယ်။
Related Posts Plugin for WordPress, Blogger...