Sunday, April 7, 2019

ထူးခြားလှပလွန်းတဲ့ အန်တယ်လုပ်ချောက်ကမ်းပါးကြီး

အရောင်စုံတောက်ပနေပြီး အကွေ့အကောက် အချိုးအကွေ့များနဲ့ တစ်ခြားကမ္ဘာတစ်ခု ရောက်ရှိနေသလို ခံစားရမယ့် ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်ပါတယ်။ ထိုချောက်ကမ်းပါးကြီးကတော့ အမေရိကန်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ အရီဇိုးနားပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။ ချောက်ကမ်းပါးကြီးရဲ့ လှပသော ပုံများကြောင့် ကမ္ဘာ့အလှဆုံးနေရာ တစ်နေရာအဖြစ်လည်း သတ်မှတ်ကြပါတယ်။ အရစ်အရစ် လှိုင်းတွန့်ပုံစံ ချောက်ကမ်းပါးနံရံများဟာ အပေါ်မှကျဆင်းလာသော နေရောင်ကြောင့် အရောင်စုံတောက်ပနေတာ တွေ့မြင်ရမှာပါ။

Antelope ချောက်ကမ်းပါးကြီးဟာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ အထက်ပိုင်း အန်တယ်လုပ်ချောက်ကမ်းပါး (The Crack) နဲ့ အောက်ပိုင်း အန်တယ်လုပ်ချောက်ကမ်းပါး (The Corkscrew) ဆိုပြီး နေရာ နှစ်နေရာ ကွဲနေပါတယ်။ ချောက်ကမ်းပါးကြီးဟာ ကျဉ်းမြောင်းမက်စောက်နေသလို အပေါ်မှကြည့်ရင် အက်ကြောင်းတစ်ခုလို တည်ရှိနေတာပါ။ အတွင်းဘက် အောက်ခြေရောက်မှ လှပဆန်းပြားမှုများကို တွေ့မြင်ခံစားရမှာပါ။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာထဲက သဘာဝရေတိုက်စားမှုကြောင့် ယခုကဲ့သို့ ဖြစ်တည်နေတာပါ။ အမေရိကန်နိုင်ငံတွင် ဂရင်းကန်ညွန် ချောက်ကမ်းပါးကဲ့သို့ ကမ္ဘာ့အကြီးဆုံး ချောက်ကမ်းပါးကြီးလည်း တည်ရှိနေပါတယ်။ ယခု အန်တယ်လုပ်ချောက်ကမ်းပါးကလည်း အတွင်း၌ လှပဆန်းပြားမှုများကြောင့် ကမ္ဘာကျော်လာရပါတယ်။

Sunday, March 31, 2019

ကမ္ဘာ့အကျော်ကြားဆုံး ရုပ်တုကြီးများ

     ကမ္ဘာတစ်လွှား ထင်ရှား ကျော်ကြားဆုံး ရုပ်တုများအကြောင်းကို တင်ပြပေးပါမယ်။ နိုင်ငံတိုင်းမှာ အထင်ကရ ရုပ်တုကြီးများ တည်ရှိနေတတ်ပါတယ်။ ခေတ်အဆက်ဆက် ၊ သမိုင်းအဆက်ဆက် ၊ အကြောင်းအရာမျိုးစုံနှင့် ထုလုပ်ခဲ့သော အရုပ်ကြီးများသည် ယခုအခါတွင် သမိုင်းရဲ့တန်ဖိုး ၊ အနုပညာနှင့် ဗိသုကာပညာပိုင်း မြင့်မားမှုကို ပြသနေကြပါတယ်။
     ထိုရုပ်တုကြီးများဟာ လူသားသမိုင်း နှင့် ယဉ်ကျေးမှု အဆင့်အတန်းအတွက် အလွန်ပင်အရေးပါနေပါတယ်။ နောက်လူတို့ လိုက်လုပ်ဖို့ပင် မလွယ်လောက်သော ဗိသုကာပညာရပ်များကိုလည်း တွေ့မြင်ရမည် ဖြစ်ပါတယ်။

(၁) Statue of Liberty, New York, United States

     အမေရိကန်နိုင်ငံမှ လေဘာတီရုပ်တုကြီးသည် ကမ္ဘာကျော် အရုပ်ကြီးဖြစ်ယုံသာမက လွတ်လပ်ခြင်းအတွက် အထိမ်းအမှတ်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ပြင်သစ်နိုင်ငံမှ အမေရိကန်နိုင်ငံ လွတ်လပ်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးထားခြင်းပါ။
     ၁၈၈၆ ခု အောက်တိုဘာလ ၂၈ ရက်နေ့တွင် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အမေရိကန်နှင့် လေဘာတီရုပ်တုကြီး တွဲလျက်မြင်ရအောင်အထိ ကျော်ကြားလှပါတယ်။ ရုပ်တုကြီးရဲ့ အစိတ်အပိုင်း အသီးသီးတွင် အဓိပ္ပါယ်များစွာ ပါဝင်နေပါတယ်။ လေဘာတီရုပ်တုကြီးအကြောင်း နေခရမ်း Page တွင် သီးခြားတင်ပေးဖူးပါတယ်။

(၂) Christ the Redeemer, Rio de Janeiro, Brazil

     ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနီယိုမြို့သို့ရောက်ရှိသည်နှင့် အထက်ကို မော့ကြည့်ပါက ရက်ဒီမာ ခရစ်တော် ရုပ်တုကြီး အပေါ်မှ မိုးကြည့်နေတာကို တွေ့မြင်ရမှာပါ။ ထို ရက်ဒီမာ ခရစ်တော် ရုပ်တုကြီးဟာ ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တုကြီးများတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
     ရုပ်တုကြီးသည် ၃၀ မီတာ (၉၈ ပေ) မြင့်ပြီး အောက်ခံခုံမှာ ၈ မီတာ (၂၆ ပေ) မြင့်ပါတယ်။ အကျယ်အားဖြင့် ၂၈ မီတာ (၉၂ ပေ) ကျယ်ပါတယ်။ ၁၉၂၆ မှ ၁၉၃၁ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပါတယ်။

Saturday, March 30, 2019

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၉)

Noelia Medina Navarro ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။

ထူးခြားဆန်းသစ်သော ကြော်ငြာပုံစံဆန်းများ (၄)

အမြင်တစ်မျိုးဆန်းသစ်ပြီး ၊ ထိရောက်ကောင်းမွန်တဲ့ ကြော်ငြာပုံစံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ကြည့်လိုက်ကြပါအုံးဗျာ…

စပိုက်ဒါမန်းတောင် သေတယ်ဆိုတော့...

သောက်ပြီလေ...

အမှတ်တမဲ့ အလွဲများ ( ၁၀၂ )

ဒါကတော့ နောက်ထပ်တွေ့ရသမျှ အလွဲတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ ကြည့်ရှု့ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ...

လှလှလေး ဆွဲပေးမယ်နော်...

ဒီကောင့်ဘ၀တော့ ရင်လေးစရာ...

Selfie အလွဲများ (၅)

ယခုခေတ်မှာ နေရာတကာ Selfie ရိုက်တဲ့ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရိုက်တဲ့ ပုံလေးတွေကို အင်တာနက်ပေါ် မတင်ခင် သေသေခြာခြာ ကြည့်ရှု့စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ မှားယွင်းတတ်ကြပုံများနဲ့ ရယ်စရာကောင်းတဲ့ Selfie ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း သတိထားကြပါလို့…

မမကြွားရယ်...

အိမ်သာထဲလည်း ၀င်သွားပါအုံးမယ်...

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၈ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

နေပူထဲ အထွက်များသွားတဲ့ မင်းကျန်စစ်...

အူဝဲလောက်တော့ သနားတယ်...
Related Posts Plugin for WordPress, Blogger...