မေမေပြောတော့ တူတူပုန်းတမ်း ကစားတာဆို
သားအရပ်ထက် ရှည်တဲ့ ကျင်းကြီးထဲ ဒီလောက်ကြာကြာ ပုန်းနေရလောက်အောင် သူတို့က ပန်းမပေးသေးဘူးလားမေမေ။
ကစားပွဲမှာ သားမပါချင်တော့ဘူး။
ဒီကျင်းကြီးက ပုန်းလို့မကောင်းဘူး။
ခြင်တွေလည်းကိုက်တယ်။
အသက်ရှူလည်းကြပ်တယ်။
ခေါင်းမူးလို့လက်ထိုးအန်တာ
သားဗိုက်ထဲက ဘာမှ ထွက်ကျမလာဘူး
ထမင်းစားချင်တယ် မေမေ
ဗိုက်ဆာတိုင်း မျိုချနေရတဲ့ တံတွေးတွေက
သားအတွက် အာဟာရဖြစ်မတဲ့လား
သနားပါ မေမေရယ်။
နေခရမ်း....
|
Thursday, January 2, 2020
ကမ္ဘာ့အကြီးဆုံး ဘီယာခွက်ကြီး
ကမ္ဘာ့အကြီးဆုံး ဘီယာခွက်ကြီးကို ဗြိတိန်နိုင်ငံ၊ Halifax တွင်တည်ဆောက်ပြသခဲ့ပါတယ်။ Stod Fold အဖျော်ယမကာကုမ္ပဏီမှ Ed Dupuy နဲ့ Angus Wood တို့မှ စိတ်ကူးပုံဖော်ခဲ့ကြပါတယ်။
ထိုဘီယာဖန်ခွက်ကြီးသည် ဘီယာပေါင်း ၂၀၈၂ လီတာအထိ ဝင်ဆံ့ပါတယ်။ အမြင့်အားဖြင့် ၂.၂၃ မီတာ (၇ ပေ ၄ လက်မ) ရှိကာ အချင်း ၁.၁၂ မီတာ (၃ ပေ ၈ လက်မ) ရှိပါတယ်။
၂၀၁၄ ဇူလိုင်လ ၆ ရက်နေ့တွင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း
ထိုဘီယာဖန်ခွက်ကြီးသည် ဘီယာပေါင်း ၂၀၈၂ လီတာအထိ ဝင်ဆံ့ပါတယ်။ အမြင့်အားဖြင့် ၂.၂၃ မီတာ (၇ ပေ ၄ လက်မ) ရှိကာ အချင်း ၁.၁၂ မီတာ (၃ ပေ ၈ လက်မ) ရှိပါတယ်။
၂၀၁၄ ဇူလိုင်လ ၆ ရက်နေ့တွင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း
အသက် ၉ နှစ်မှာ တက္ကသိုလ်က ဘွဲ့ရတော့မယ့် ဉာဏ်ကြီးရှင် ဘယ်လ်ဂျီယံနိုင်ငံသားလေး
ဉာဏ်ကြီးရှင်လေးလို့ တင်စားခေါ်ကြတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားလေး Laurent Simons တယောက် အသက် ၉ နှစ် အရွယ်မှာပဲ Eindhoven နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရတော့မှာပါ။ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်နေတာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ တက္ကသိုလ်ပညာသင်နှစ် ပြီးဆုံးပါတော့မယ်။
သာမန်ကျောင်းသားတွေအတွက်တောင် ခက်ခဲတဲ့ဘာသာရပ်နဲ့ ဘွဲ့ဒီဂရီရတဲ့ထိယူနိုင်တဲ့သူ့ကို တက္ကသိုလ်က ဆရာတွေက သာမန်ထက် ထူးချွန်ထက်မြက်သူလေးလို့ အမြဲဂုဏ်ယူပြောလေ့ရှိပါတယ်။ ဘွဲ့ရပြီးရင်လည်း လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ကိုပဲ ဂုဏ်ထူးတန်းထိ ဆက်တက်သွားဖို့ရှိသလို ဆေးပညာဘာသာရပ်ကိုပါ သင် ကြားသွားမယ်လို့ Laurent ရဲ့ဖခင်ကဆိုပါတယ်။
Wednesday, October 30, 2019
ကမ္ဘာ့ အန္တရာယ်အများဆုံး တောင်တက်လမ်းနှင့် ဟွာရှန်းတောင် ဘုရားကျောင်းများ
တရုတ်နိုင်ငံမှ ဟွာရှန်းတောင် တောင်တက်လမ်းကို ကမ္ဘာပေါ်တွင် သွားလာရခက်ခဲသလို အန္တရာယ်များလွန်းလှတဲ့ တောင်တက်လမ်းအဖြစ် သတ်မှတ်ကြပါတယ်။ ကျဉ်းမြောင်းမတ်စောက်တဲ့ တောင်တက်လမ်းများနှင့်အတူ တောင်ကမ်းပါးယံကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရသဖြင့် တက်ဖို့မပြောနဲ့ တွေ့မြင်ရယုံနှင့်ပင် အသဲတယားယား ရင်တဖိုဖို ဖြစ်ကြရပါတယ်။ ထို့ပြင် တောင်ကမ်းပါးယံများပေါ်တွင် ခက်ခက်ခဲခဲ တည်ဆောက်ထားကြတဲ့ နှစ်ထောင်ချီသက်တမ်းရှိ ဘုရားကျောင်းများကြောင့်လည်း နာမည်ကျော်ကြားလှပါတယ်။ ထိုတောင်တက်လမ်းသည် တရုတ်နိုင်ငံ၊ Shaanxi ပြည်နယ်ရှိ ဟွာရှန်းတောင် (Mt. Huashan) မှ ဘုရားဖူး ခရီးစဉ် တစ်ခုပင် ဖြစ်ပါတယ်။

ဟွာရှန်းတောင်သည် တရုတ်နိုင်ငံ ယဉ်ကျေးမှုရဲ့ဦးဆောင်ဒေသအဖြစ် စံတင်ရသည့် နေရာတစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံးနှင့် အရေးအပါဆုံး တောင်ငါးလုံးတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ပေ ၇၀၀၀ ကျော် (2,160 m) မြင့်သော တောင်တက်ခရီးစဉ် တစ်ခုဖြစ်ပြီး ခက်ခဲလှတဲ့ တောင်တက်လမ်းများကို ဖြတ်သန်းကြရမည် ဖြစ်ပါတယ်။ ကမ္ဘာ့ အန္တရာယ်အများဆုံး တောင်တက်လမ်းဖြစ်ပေမယ့် လမ်းတစ်လျောက် သာယာလှပလှတဲ့ ရှုခင်းများ ၊ ရှေးဟောင်း ဘုရားကျောင်းဆောင်များ ၊ သမိုင်းဝင် ဇာတ်လမ်းများနဲ့ မမေ့နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်စေမှာပါ။

ဟွာရှန်းတောင်ဟာ တောင်ထွတ် ၅ခုရှိပြီး ပန်းပွင့်ပုံသဏ္ဍာန်အဖြစ် တည်နေပါတယ်။ တောင်ထိပ်တစ်ခုစီမှာ ဘာသာရေးကျောင်းဆောင် တစ်ခုစီတည်ထားပြီး တစ်ခုနဲ့တစ်ခု ကူးသန်းသွားရောက်ဖို့ လမ်းတွေဖောက်ထားခြင်း ဖြစ်ပါတယ်။ ခက်ခဲပြီး ကြောက်မက်ဖွယ် တောင်တက်လမ်းပိုင်းများ တည်ရှိနေပေမယ့် တောင်တက်ဝါသနာပါသူများအနေနဲ့ လာရောက်လည်ပတ်တတ်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။
Wednesday, October 16, 2019
သုံးနိုင်ငံနယ်စပ်ရှိ ထိပ်ပြားနေသော တောင်ကြီး
Mount Roraima အမည်ရှိ တောင်ကြီးဟာ ထိပ်ပြားနေသော ပုံစံကြောင့် ကျော်ကြားလှပါတယ်။ တောင်အမေရိကတိုက်ရဲ့ tepui ကုန်းမြင့်တောင်တန်းများရဲ့ အမြင့်ဆုံးတောင်အဖြစ် တည်ရှိနေပါတယ်။ ထိုထိပ်ပြားနေတဲ့တောင်ကြီး တည်ရှိရာနေရာဟာ ဗင်နီဇွဲလား ၊ ဘရာဇီး နဲ့ ဂူရာနာနိုင်ငံတို့ရဲ့ သုံးနိုင်ငံနယ်စပ်မှာ ရှိနေတာပါ။

၁၅၉၅ ခုမှာအင်္ဂလိပ်လူမျိုး Sir Walter Raleigh ကစတင်တွေ့ ရှိခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် 2,810 m (9,220 ပေ) အမြင့်ရှိပါတယ်။ တောင်ထိပ်ဟာ ၃၁ စတုရန်းကီလိုမီတာ (၁၂ စတုရန်းမိုင်) အထိကျယ်ဝန်းပါတယ်။ ထိပ်ပြားနေတဲ့ တောင်ထိပ်ပိုင်း အနားသတ်ချောက်ကမ်းပါးများဟာ 400 metres (1,300 ပေ) အမြင့် ရှိပါတယ်။ ဒါကြောင့်ပင် ထိပ်ပြားပြား တောင်ကြီးကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။
Tuesday, October 15, 2019
ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၆)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
လည်စမ်းကွာ...
နှစ်ခန်းလုံး ကြည့်လို့ရတာပေါ့...
Saturday, October 12, 2019
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၉ )
Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
ကူညီကြပါအုံးခင်ဗျ...
တီးရင်တီး ။ မတီးရင် အော်တော့...
Subscribe to:
Posts (Atom)







