Sunday, January 5, 2020

ကမ္ဘာ့သံလိုက်စက်ကွင်းဝင်ရိုး ရုရှားဆီသို့ ရွေ့လျားနေပြီး သိပ္ပံပညာရှင်များအတွက် ပဟေဠိ ဖြစ်နေ



ဒီဇင်ဘာ ၁၉ ၂၀၁၉။     ။ ကမ္ဘာ့လမ်းပြစနစ်အဖြစ် ဖွဲ့တည်နေပြီး နေလေ(solar win‌d) များ၏ အန္တရာယ်မှ ကာကွယ်ပေးသော ကမ္ဘာ့သံလိုက်စက်ကွင်းဝင်ရိုးသည် ပုံမှန်သဘာဝဖြစ်စဉ်အတိုင်း မဟုတ်ဘဲ ရွေ့လျားလျက် ရှိနေသည်။
မြောက်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းသည်  ၁၈၃၁ ခုနှစ်မှ စတင်ကာ ကနေဒီယန်အာတိတ်ဒေသမှ ရုရှားဆီသို့ တဖြေးဖြေးချင်း ရွေ့လျားနေခဲ့ခြင်းဖြစ်သည်။

မိုးပျံပူဖောင်းကြီးများ စီတန်းလှည့်လည်ပွဲ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လမ်းမထက်၌ ပုံစံအမျိုးမျိုးဖြင့် ကြီးမားလှတဲ့ မိုးပျံပူဖောင်းကြီးများကို လူအများမှ ထိန်းကျောင်းလှည့်လည်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် Macy ရဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ထိုကဲ့သို့ လှည့်လည်ပွဲကို ကျင်းပခဲ့သည်မှာ ၉၃ ကြိမ်မြောက် ရှိလာပါပြီ။

Friday, January 3, 2020

ကမ္ဘာ့အကြီးဆုံး ရွှေဒင်္ဂါးပြားကြီး


ရွှေဒင်္ဂါးပြား ဘယ်လောက်ကြီးကြီး မြင်ဖူးကြပါသလဲ။ တစ်တန်အထိလေးတဲ့ ရွှေဒင်္ဂါးပြားကြီးကတော့ New York Stock Exchange (NYSE) ရှေ့မှာ ပြသပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒီဒင်္ဂါးပြားကြီးဟာ ရွှေပါဝင်မှု ၉၉.၉ ရာခိုင်နှုန်းအထိ ပါဝင်တဲ့ ရွှေစင်ပြားကြီးပါ။
၈၀ စင်တီမီတာ အကျယ်ရှိပြီး ၁၃ စင်တီမီတာ အထူ ရှိပါတယ်။

လူသားဟော့ပေါ့အိုးကြီး

အသီးအနှံစုံစုံနဲ့ မိမိကိုယ်တိုင် ဝင်စိမ်ကာ ဟော့ပေါ့ အဖြစ်ခံရမယ့် ဟော်တယ်တစ်ခုက ဝန်ဆောင်မှုပါ။
ဒီဟော်တယ်ကတော့ တရုတ်နိုင်ငံ၊ Hangzhou ပြည်နယ်က ဟော်တယ်တစ်ခုဖြစ်ပြီး ဒီလိုဝန်ဆောင်မှုပေးရတဲ့ ရည်ရွယ်ချက်ကတော့ အလွန်အေးချိန်မှာ အနွေးဓာတ်ရအောင် ဖြစ်ပါတယ်။

Thursday, January 2, 2020

ကမ္ဘာ့အကြီးဆုံး Iced Coffee ခွက်ကြီး



ရေခဲတုံးလေးများနဲ့ ကော်ဖီအေးအေး သောက်ချင်သူများအတွက် ဒီကော်ဖီခွက်ကြီးက ကြိုဆိုနေပါတယ်။
ကမ္ဘာ့အကြီးဆုံး ကော်ဖီအေးခွက်ကြီးအဖြစ် တောင်ကိုရီးယားနိုင်ငံမှ Caffé Bene in Yangju မှ စီစဉ်ပြုလုပ်ခဲ့တာပါ။
ဒီခွက်ကြီးဟာ ကော်ဖီအေး လီတာပေါင်း ၁၄၂၂၈.၁ လီတာ (3,129.7 UK gal; 3,758.7 US gal)အထိ ဝင်ဆံ့ပါတယ်။ အမြင့်အားဖြင့် ၃.၃ မီတာ (၁၀ ပေ ၁၀ လက်မ) ရှိပြီး ၂.၆၂ မီတာ (၈ ပေ ၇ လက်မ) အကျယ်ရှိပါတယ်။
ယခုပုံထဲက ခွက်ကြီးထဲမှာ ထည့်ထားတာကတော့ black Americano ကော်ဖီအေးအေးလေးများ ဖြစ်ပါတယ်။
သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း

အဲလ်တောင်တန်းမှ ရေခဲမြစ်နှင့် ရေခဲလှိုဏ်ဂူကြီး

ဆွစ်ဇာလန်နိုင်ငံ၊ Valais ရှိ နာမည်ကျော် ရေခဲနေတဲ့ အဲလ်တောင်တန်းများကြားမှ ရေခဲမြစ်ဖြစ်ပါတယ်။ Aletsch အမည်ရ ရေခဲမြစ်ကြီးသည် အဲလ်တောင်တန်း ရေခဲမြစ်များတွင် အကြီးဆုံးဖြစ်သလို ဥရောပတိုက်ရဲ့ အကြီးဆုံးရေခဲမြစ်များတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
သဘာဝအလှအပများနဲ့ ကျော်ကြားလှတဲ့ အဲလ်တောင်တန်းတွင် ရေခဲမြစ်ကြီးနှင့်အတူ ဖြစ်တည်နေသော ရေခဲလှိုဏ်ဂူရဲ့ ပုံများကို တင်ပေးမှာပါ။

မိုးကြိုးမုန်တိုင်းတွေ ဘာလို့ဖြစ်သလဲ

မိုးတိမ်တောင်လို့ခေါ်ကြတဲ့ မိုးကြိုးမုန်တိုင်း (Thunderstorms) များဟာ အပူချိန်ပြောင်းလဲမှု (တနည်း) အပူလွန်ကဲခြင်းကြောင့် ဖြစ်လာရတဲ့ ရသီဥတုမျိုးဖြစ်ပါတယ်။ အဲ့ဒီ့အပူကတော့ နေ က လာပါတယ်။ ယခုအချိန်မှာ ကျနော်တို့မြန်မာနိုင်ငံပါဝင်တဲ့ အီကွေတာရပ်ဝန်း (အပူပိုင်းဇုန်)ဒေသကို နေရောင်ခြည် တည့်မတ်စွာကျရောက်နေချိန်ဖြစ်ပါတယ်။
နေရောင်ခြည်မှရရှိတဲ့ အပူစွမ်းအင်ဟာ ကမ္ဘာမြေပေါ်က လေထုကို ပူနွေးစေပါတယ်။ ပူတဲ့ လေများဟာ ပွပြီးအထက်သို့တက်ပါတယ်။ အထက်မှာရှိနေတဲ့ လေများကတော့ အေးသောလေစိုင်များဖြစ်ပြီး ပူနွေးသောလေများ ဝင်ရောက်လာတဲ့အချိန်မှာတော့ လေတွေဟာရောထွေးလှုပ်ရှားလာပါတယ်။ အပူစီးကူးခြင်း (Heat convection) သဘောတရားဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...