အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ ထူးခြားတဲ့ ဝန်ဆောင်မှု စီးပွားရေးတစ်ခုရှိပါတယ်။ ဒါကတော့ အိမ်ထောင်ကွဲချင်သူတွေအတွက် လိုက်လံဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။
နယူးယောက်ပြည်နယ် လမ်းတစ်နေရာမှာ ဆိုင်းဘုတ်ကြီးနဲ့ ဝန်ဆောင်မှုကို ကြော်ငြာထားပြီးတော့ ဒါဟာ ရိုင်းစိုင်းတဲ့ အမူအရာတွေပါနေတယ်လို့ ပြောပါတယ်။
နေခရမ်း....
|
Tuesday, January 7, 2020
သြစတြေစလျတောမီးကြောင့် အဝါရောင်ကောင်းကင်ဖြစ်သွားတဲ့ နယူးဇီလန်
သြစတြေးလျ တောမီးကတော့ တကယ်ကို ကြောက်စရာကောင်းလှပါတယ်။ တိရိစ္ဆာန်များ သန်းနဲ့ချီသေဆုံးခဲ့ရသလို လူနဲ့ သစ်ပင်ပေါင်းများစွာလည်း သေကြေပျက်စီးကြရပါတယ်။
ဒီလိုကြောက်စရာကောင်းလှတဲ့ တောမီးကြီးကြောင့် နောက်ဆက်တွဲဆိုးကျိုးများလည်း ထပ်မံ ခံစားကြရအုံးမှာ ဖြစ်ပါတယ်။ တောမီးလောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးများရဲ့ ဒဏ်ကိုလည်း နေရာများစွာမှာ ခံစားနေကြရပါတယ်။
ထိုမီးခိုးများဟာ လေနှင့်အတူမျောပါပြီး ယခုအခါ နယူးဇီလန် ကောင်းကင်ပြင်တွင်ပါ ဖုံးလွှမ်းနေခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်၊ အဝါရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ မီးခိုးပြာများသည် ရေခဲမြစ်များအပေါ်ကိုပင် ကျရောက်နေခဲ့ပါတယ်။
ပညာရှင်များအနေဖြင့်လည်း ထိုမီးခိုးမြူများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကို လေ့လာဆန်းစစ် ပြင်ဆင်လျက် ရှိကြပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .....နေခရမ်း

ပညာတန်ဖိုးနဲ့ ဆူနာမိ(လူသတ်လှိုင်းများ )
အသိပညာနဲ့ လေ့လာ သင်ယူမှု စွမ်းအားကြောင့် လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့တဲ့ အင်္ဂလန် နိုင်ငံသူ ၁၀နှစ်သမီး Tilly Smithတယ်လီစမစ်ဖြစ်ပါတယ်။
သူမဟာမိခင်နဲ့အတူ ထိုင်းနိုင်ငံကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက လာရောက်လည်ပတ်နေတဲ့အချိန်မှာ ကျောင်းသင်ခန်းစာမှာ သင်ယူခဲ့ရတဲ့အတိုင်း ပထဝီသင်္ခန်းစာအရ ဆူနာမိ လှိုင်းဖြစ်ပေါ်ခြင်းရှေ့ပြေးလက်ခဏာတွေ ကို သိနေတာကြောင့် ကျောင်းစာထဲကအတိုင်း ပင်လယ်ရေဟာ အံသြစရာ ကောင်းလောက် ရေမှတ် ထိုးကျသွားခဲ့တယ် ။

Sunday, January 5, 2020
နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ ထွက်ပေါ်
ကျယ်ပြန့်တဲ့ ပုံကို ရရှိဖို့ အတွက် တိုတောင်းတဲ့ မှန်ဘီလူးများကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ မိုင် ၁၀၀ ခန့် ရှည်လျားတဲ့ ဧရာဝတီမြစ်ရဲ့ ပုံကို နာဆာက အာကာသယာဉ်မှူးတဦးက ရိုက်ယူနိုင်ခဲ့ပါတယ်။ ယခင်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်ဟာ ဧရာဝတီမြစ်ပေါ်မှာ အများကြီး မှီခိုနေတာကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။
ဒီပုံထဲက လင်းလွန်းတဲ့ နေရာဟာ ကပ္ပလီပင်လယ်ပြင်ကနေ တိုက်ရိုက်အလင်းပြန်နေတဲ့ နေရောင်ခြည်ဖြစ်တယ်လို့ သိရပါတယ်။ ကမ်းခြေတလျှောက်ကို ပီပြင်တဲ့ ပုံတွေ မြင်ရဖို့ အတွက် Glint Point ဆိုတဲ့ နည်းပညာကို အသုံးပြုပြီး ရိုက်ကူးခဲ့တယ်လို့ အာကာသယာဉ်မှူးတွေက ဆိုပါတယ်။
ကြည့်ပြီးသား ရုပ်ရှင်တွေကို မကြာခဏ ပြန်ကြည့်ခြင်းဟာ စိတ်ကျန်းမာရေး ကောင်းမွန်စေနိုင်
ကြည့်ပြီးသား ရုပ်ရှင်တွေကို မကြာခဏဆိုသလို ပြန်ပြီး ကြည့်တတ်ကြတဲ့ အကျင့်မျိုး သင့်မှာ ရှိပါသလား။ တကယ်လို့ သင်ဟာ ငယ်စဉ် ကလေးဘဝ အရွယ်တုန်းက ကြည့်ခဲ့ပြီးသား ရုပ်ရှင်တွေကို အခုအချိန်မှာ ပြန်ကြည့်မယ်၊ ဖတ်ပြီးသား စာအုပ်တွေကို ပြန်ဖတ်တတ်သူဆိုရင်တော့ သင်ဟာ အတိတ်မှာ ကျန်ခဲ့တဲ့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတွေကို ပြန်လည် ရယူလိုသူတဦး ဖြစ်တယ်လို့ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတွေက ဆိုပါတယ်။
ကမ္ဘာ့သံလိုက်စက်ကွင်းဝင်ရိုး ရုရှားဆီသို့ ရွေ့လျားနေပြီး သိပ္ပံပညာရှင်များအတွက် ပဟေဠိ ဖြစ်နေ
ဒီဇင်ဘာ ၁၉ ၂၀၁၉။ ။ ကမ္ဘာ့လမ်းပြစနစ်အဖြစ် ဖွဲ့တည်နေပြီး နေလေ(solar wind) များ၏ အန္တရာယ်မှ ကာကွယ်ပေးသော ကမ္ဘာ့သံလိုက်စက်ကွင်းဝင်ရိုးသည် ပုံမှန်သဘာဝဖြစ်စဉ်အတိုင်း မဟုတ်ဘဲ ရွေ့လျားလျက် ရှိနေသည်။
မြောက်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းသည် ၁၈၃၁ ခုနှစ်မှ စတင်ကာ ကနေဒီယန်အာတိတ်ဒေသမှ ရုရှားဆီသို့ တဖြေးဖြေးချင်း ရွေ့လျားနေခဲ့ခြင်းဖြစ်သည်။
မိုးပျံပူဖောင်းကြီးများ စီတန်းလှည့်လည်ပွဲ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လမ်းမထက်၌ ပုံစံအမျိုးမျိုးဖြင့် ကြီးမားလှတဲ့ မိုးပျံပူဖောင်းကြီးများကို လူအများမှ ထိန်းကျောင်းလှည့်လည်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် Macy ရဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ထိုကဲ့သို့ လှည့်လည်ပွဲကို ကျင်းပခဲ့သည်မှာ ၉၃ ကြိမ်မြောက် ရှိလာပါပြီ။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် Macy ရဲ့ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ထိုကဲ့သို့ လှည့်လည်ပွဲကို ကျင်းပခဲ့သည်မှာ ၉၃ ကြိမ်မြောက် ရှိလာပါပြီ။
အကြောင်းအရာ
ထူးဆန်းအကြောင်းအရာများ,
ထူးထူးခြားခြားအနုပညာ
Subscribe to:
Posts (Atom)