Sunday, November 24, 2013
အသားစား ပီရန်ညာငါးများ
အသာစား ပီရန်ညာငါး များရဲ့အကြောင်းကိုတော်တော်များများသိရှိကြပါတယ်။
ဒီငါးများဟာ ရက်စက်ကြမ်းကြုတ်ပြီး သေစေနိုင်လောက်အောင် အန္တရာယ်ရှိ
ကြပါတယ်။ဒါပေမယ့် ပီရန်ညာမျိုးနွယ်ဝင် ငါးမျိုးစိတ်တော်တော်များများဟာ
အခြားအရွယ်တူ ငါးတွေထက် ပိုပြီးအန္တရာယ်မပေးနိုင်လို့ကြောက်စရာ
မရှိပါဘူး။ဒါပေမယ့် တစ်ချို့သော ပီရန်ညာ ငါးမျိုးစိတ်အချို့ကတော့ အလွန်
ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်သတ်ဖြတ် တက်ကြပါတယ်။
တောင် ၊ မြောက်ဝင်ရိုးစွန်းမှ လှပသည့်အလင်းတန်းများ
ကျွန်တော်တို့ ကမ္ဘာကြီးမှာ လှပပြီးဆန်းပြားတဲ့ နေရာများ များစွာရှိကြပါတယ်။
ထိုအထဲမှ တောင် ၊ မြောက် ၀င်ရိုးစွန်းများတွင်ဖြစ်ပေါ်နေတဲ့ လှပတဲ့
ရောင်စုံဖြာ အလင်းတန်းများလည်း ပါဝင်နေပါတယ်။
သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဒီရောင်စုံဖြာ အလင်းတန်းများသည်
နေမှ ထွက်ပေါ်လာသော ဆိုလာဝင်း(Solar wind) များကြောင့် ဖြစ်
ပေါ်လာရခြင်းဖြစ်ပါသည်။ နေမှ မြန်နှုန်းမြင့် လျှပ်စစ်ဆောင်အမှုန်များ
တစ်စက္ကန့်လျှင် (၄၀၀) ကီလိုမီတာ နှုန်းဖြင့် အဘက်ဘက်သို့ အမြဲ
ဖြာထွက်နေတတ်ပါသည်။ ဒီအမှုန်များတွင် အီလက်ထရွန် နှင့် ပရိုတွန်
အမှုန်များ ဆတူခန့်ပါဝင်နေပါသည်။
Friday, November 22, 2013
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ (၁ - ၇) စ-ဆုံး
အာရုံဖြစ်ရပ်ဆန်းများ ( ၁ )
ဆဌမအာရုံ | တစ်နည်းအားဖြင့် စိတ်စွမ်းအင်၏ အစွမ်းသတ္တိများသည် ဆန်းကြယ်လှပါသည်။
ဆဋ္ဌမအာရုံဖြင့် ပတ်သက်၍ ပထမဦးဆုံး သိပ္ပံနည်းကျစမ်းသပ်မှုကို မြောက်ကာရိုလိုင်းနား |
Duke University မှ ပါမောက္ခရိုင်း မှ စတင်စမ်းသပ်ခဲ့ပါသည်။ လူများစွာကို နှစ်လေးဆယ်ကြာ
စမ်းသပ်စစ်ဆေးခဲ့ပြီး နောက်ဆုံးကောက်ချက်ချ သုံးသပ်မှု ပြုခဲ့ပါသည်။
အခုဆက်လက်ပြီး စိတ်စွမ်းအင်နှင့်ပတ်သက်ပြီး ထင်ရှားတဲ့အဖြစ်များကို တင်ပြချင်ပါသည်။
ကမ္ဘာ့အကြီးကျယ်ဆုံးအဖြစ် မှတ်တမ်းဝင်သွားသည့် မင်္ဂလာပွဲ
သီရိလင်္ကာ နိုင်ငံတွင် ကျင်းပသော မင်္ဂလာဆောင်နှင်းမှု အခမ်းအနား တစ်ရပ်သည် ကမ္ဘာ့အကြီးဆုံး မင်္ဂလာပွဲအဖြစ် တရားဝင် စံချိန်တင်သွားပြီ ဖြစ်သည်။ နီဆန်ဆာလားနှင့် နာလင်းတို့သည် ယခင်က ထိုင်းနိုင်ငံမှ စုံတွဲတစ်တွဲ တင်ရှိထားသည့် သတို့သား သတို့သမီးအရန် (၉၆)ဦးပါရှိသည့် အကြီးမားဆုံး မင်္ဂလာပွဲ စံချိန်ကို သာသာယာယာပင် ရိုက်ချိုးပစ်ခဲ့သည်။ ယခုမင်္ဂလာပွဲတွင် သတို့သမီးအရန် (၁၂၆)ဦး၊ သတို့သားအရန် (၂၅)ဦး၊ ဂုဏ်ပြုကလေးငယ် (၂၀)နှင့် ပန်းကြဲသည့် ကလေးမလေး (၂၃)ဦးတို့ ပါဝင်ဆင်နွှဲခဲ့ပြီး ဂင်းနစ်မှတ်တမ်းအဖွဲ့က ကမ္ဘာ့အကြီးကျယ်ဆုံး မင်္ဂလာပွဲအဖြစ် အသိအမှတ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။
ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ
ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၇)
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများအကြောင်းကို
တင်ပြပေးလာတာတော်တော်လေးစုံသလောက်ရှိပါပြီ။ ဒီတစ်ပတ်လည်း
ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုတင်ပြပေးချင်ပါတယ်။
ထူးခြားတာက ဒီတစ်ခါဖြစ်ပျက်ခဲ့တဲ့နေရာသည် ဆေးဆရာဝန်များ၏ ခွဲစိတ်ခန်း
အတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။
ဆိုဗီယက် (ယခုရုရှ)ဆေးရုံတစ်ရုံတွင် လူနာအား ခွဲစိတ်ကုသပေးနေစဉ်
ထိုလူနာ၏ ၀မ်းဗိုက်အတွင်းမှ ရုတ်တရက်မီးတောက်များထွက်ပေါ်လာတဲ့
အဖြစ်ပါ။ ဗလာဒီမာကူရီယာကင် ဆိုသူသည် ဆီးအိတ်အတွင်းကျောက်တည်
သည့်ရောဂါခံစားနေရပါတယ်။ ဒါကြောင့်သူ့ကိုခွဲစိတ်ကုသရန်စီစဉ်ကြပါတယ်။
ခွဲစိတ်ပေးသည့် ဆရာဝန်များမှာ ဒေါက်တာမိခေးလ်ရှီဗက် နှင့် လီယိုဘရပ်နီကော့
တို့ဖြစ်ပါတယ်။
Monday, November 18, 2013
တောင်အမေရိက တွင် တွန်းလှည်းဆွဲကာ မိုင်ပေါင်း ၆၄၀၀ ပြေးသည့် စုံတွဲ
တောင် အမေရိက တွင် ကက်သရင်း နှင့် ဒေးဗစ်လိုရီတို့ ဗြိတိသျှ စုံတွဲ သည် ပေါင် ၂၂၀ အလေးချိန် ရှိသော တွန်းလှည်း နှစ်ခုကို အသီးသီး ဆွဲကာ ...
Related Posts Plugin for WordPress, Blogger...