Friday, June 3, 2016

အသက် ၁၁ နှစ်နဲ့ ဘွဲ့ရခဲ့တဲ့ ကျောင်းသား

cfftk5dugaaq2bu
အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ Tanishq Abraham ဟာ ကောလိပ်ကျောင်းကနေ ဘွဲ့ရခဲ့ပါပြီ။
ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်တဲ့ သူတွေကို စုစည်းထားတဲ့ The Mensa အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တဲ့ Abraham ဟာ အသက် ၄ နှစ်မှာ ကတည်းက The Mensa ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။
အခုလည်း Abraham ဟာ နိုင်ငံခြားဘာသာစကားများ သင်ကြားခြင်း ၊ အထွေထွေ သိပ္ပံ ၊ သချာင်္ နဲ့ ရုပဗေဒ သိပ္ပံ တို့မှာ ဘွဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် ၊ Sacramento မြို့မှာ နေထိုင်တဲ့ ကျောင်းသားလေးဟာ သူ့ရဲ့ စာသင်ချိန် အများစုကို အိမ်မှာပဲ သင်ကြားလေ့လာခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူ့ရဲ့ အတန်းထဲမှာလည်း သူဟာ အခြားအတန်းဖော်တွေ အားလုံးထက် မြန်မြန် တတ်မြောက်တဲ့အထိ ဥာဏ်ကောင်းသူလည်း ဖြစ်ပါတယ်။
ထိုကျောင်းသားလေးက KCRA သတင်းဌာန ကို ပြောကြားခဲ့တာကတော့ “ဘွဲ့ရတယ်ဆိုတာ ကျွန်တော့်အတွက် တော့ သိပ်ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး” တဲ့၊
Ref:elitedaily
Credit: Trend Myanmar

ထူးဆန်းတဲ့ ငါးတစ်မျိုးကို ဖူကူရှီးမားဓာတ်ပေါင်းဖိုအနီးမှာ ဂျပန်ငါးဖမ်းသမားတစ်ဦး ဖမ်းမိ

unnamed 178
 ဂျပန်လူမျိုး ငါးဖမ်းသမားတစ်ယောက်ဟာ ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖိုအနီးမှာ အလွန် ထူးဆန်းတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။
ကလေးငယ်တစ်ယောက်ကို အသာအယာမြိုချလို့ ရတဲ့ ပါးစပ်ကြီးနဲ့ အဆိုပါငါးဟာ wolffish ၀ံပုလွေငါး လို့ မှတ်ထင်ရပြီး Hirasaka Hiroshi ဆိုသူ ငါးဖမ်းသမားတစ်ယောက်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ Hirasaka Hiroshi ဟာ ထူးဆန်းတဲ့ သတ္တ၀ါတွေကို ဂျပန်နိုင်ငံအပြင် ကမ္ဘာပတ်ကာ ဖမ်းဆီးစားသောက်ရတာကို ၀ါသနာပါသူတစ်ဦးဖြစ်ပါတယ်။
အဆိုပါ ၀ံပုလွေငါးကို ရုရှားကမ်းရိုးတန်းအနီးက ဂျပန်နိုင်ငံ၊ Hokkaido ကျွန်း ရေပိုင်နက်ထဲမှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဝံပုလွေငါးတွေ ဟာ အများအားဖြင့် ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာတွေမှာ ကျက်စားလေ့ရှိပြီး ပင်လယ်ရေနက်မှာနေထိုင်တဲ့ သတ္တ၀ါတွေဖြစ်ကာ ပင်လယ်ကြမ်းပြင်အောက်က သတ္တ၀ါငယ်လေးတွေကို ဖမ်းဆီးစားသောက့်လေ့ရှိပါတယ်။
ဝံပုလွေငါးဟာ သူ့ ရဲ့ကြီးမားတဲ့ အရွယ်အစားနဲ့ ကြောက်မက်ဖွယ်ရာသွင်ပြင်ကြောင့် နာမည်ကျော်ကြားပြီး Animal Planet ရုပ်သံရဲ့ River Monsters အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ သတ္တ၀ါမျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ဝံပုလွေငါးတွေဟာ သာမန်အားဖြင့် ၁.၂မီတာသာ ရှည်လျားလေ့ရှိပေမယ့် Hirasaka ဖမ်းမိခဲ့တဲ့ ငါးဟာ နှစ်မီတာ နီးပါးရှည်လျားကြောင်း သိရှိရပါတယ်။ အဆိုပါ အရွယ်အစား အဆမတန်ကြီးမားနေမှုကြောင့် ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖို မတော်တဆမှုဟာ ဒေသတွင်းငါးတွေကို အကျိုးသက်ရောက်မှု ရှိနေကြောင်း ဂျပန်ငါးဖမ်းသမားတွေက စိုးရိမ်ပူပန်နေကြပါတယ်။
Ref: Dailymail
Credit: Trend Myanmar

ပါကစ္စတန်မှ နေရောင်ခြည် မရှိတဲ့ ညအချိန်မှာ အကြောသေသွားတဲ့ ထူးဆန်းသော ညီအစ်ကိုနှစ်ဦး

article urn publicid ap org 0d3617bbeb3146309c75
နေ့ဘက်မှာတော့ အဗ္ဗဒူရာရှိဒ်နဲ့ ရှောအိဘ် အာမက်ဆိုတဲ့ အသက် ၉နှစ်နဲ့ ၁၃ နှစ်အရွယ်ရှိတဲ့ ညီအကိုနှစ်ယောက်က တခြားညီအကိုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားနေနိုင်ပါတယ်။ ဒါပေမဲ့ နေဝင်သွားတာနဲ့ တပြိုင်နက်နှစ်ယောက်စလုံးက အကြောသေသွားသလို ဖြစ်သွားပြီး စကားလည်း မပြောနိုင်တော့ပါဘူး။
ပါကစ္စတန်မှာရှိတဲ့ ဒီညီအစ်ကို နှစ်ယောက်ကို မိဘတွေက နေကရတဲ့ စွမ်းအင်နဲ့မှ ရှင်သန်နိုင်တယ်လို့ ယူဆပြီး နေစွမ်းအင်သုံး ကလေးများလို့တောင် ခေါ်ဝေါ်နေကြပါတယ်။ ဒီလို လက္ခဏာတွေက ဘာကြောင့် ဖြစ်စေလဲဆိုတာကို ဆရာဝန်တွေလည်း အဖြေရှာမရနိုင်သေးဘူး ဖြစ်နေပါတယ်။ သူတို့ကို ကုသပေးနေတဲ့ ပါကစ္စတန် ဆေးသိပ္ပံပညာ တက္ကသိုလ်မှ ပါမောက္ခက ဒီကိစ္စက စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း၊ ဒီကလေးတွေက နေရောင်ရှိတဲ့ အချိန်မှာ တက်ကြွ လှုပ်ရှားနိုင်ပေမဲ့ နေဝင်သွားတာနဲ့ မျက်စိမဖွင့်နိုင်၊ စကားမပြောနိုင်၊ မစားမသောက်နိုင်တော့တာက ဘာအတွက်ကြောင့်လဲဆိုတာ သိနိုင်ဖို့ ဆေးပညာဆိုင်ရာ စစ်ဆေးမှုတွေ အများကြီးလုပ်နေပါတယ်လို့ ဆိုပါတယ်။

အမှတ်တမဲ့ အလွဲများ ( ၅၆ )

ဒီတစ်ပတ်အတွက် ပြုံးစရာ ပုံလေးတွေ လာပါပြီ။အားပေးကြပါအုံးဗျာ...
ကဲ..လက်မှတ်မြန်မြန်ထိုးနော် ၊ စိတ်မရှည်ဘူး...
FB IMG 1463901722129 
 ခေးရယ်။ နည်းများနေသလားဟယ်...
part 036 

Thursday, June 2, 2016

စပိန်နိုင်ငံမှ ထရာဂျန်မုခ်ဦး



800px Merida Arco de Trajano
စပိန်နိုင်ငံ မာရီဒါမှာတည်ရှိတဲ့ ၁၁၅ ပေအမြင့် ရှိသောမုခ်ဦးပါ။
အင်္ဂတေ သရွတ်မသုံးပါပဲ ကြီးမားတဲ့ကျောက်တုံးကြီးတွေကို ဆင့်
ကာဆင့်ကာ ဖြင့် တည်ဆောက်ထားတာပါ။
AD ၁ ရာစုကတည်းက တည်ဆောက်ထားခဲံခြင်းဖြစ်ပါသည်။
တည်ဆောက်ပြီး ခဲ့တာ နှစ်ပေါင်း ၂၀၀၀ နီးပါး ရှိပေမယ့်
ယနေ့တိုင်တည်ရှိနေသော မုခ်ဦးတစ်ခုပါ။
၁၉၉၃ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာအမွေအနှစ်စာရင်း(World Heritage List) တွင်ထည့်သွင်းခြင်းခံရပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............နေခရမ်း

သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူတော်

IMG 20160516 094732
မြန်မာတွင် မက ကမ္ဘာကျော်လှိုဏ်ဂူတစ်ခုအဖြစ် ထင်ရှားကျော်ကြားသော
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ၊ ပင်းတယမြို့ရှိ ရွှေဥမင် လှိုဏ်ဂူ
အကြောင်းတင်ပြပေးချင်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့မှ
တဆင့် အေးချမ်းသာယာလှသော ပင်းတယမြို့လေးသို့ သွားရောက်ရမည်ဖြစ်ပါသည်။
ပင်းတယမြို့ဆိုသည်နှင့် ရာဇ၀င်လာ ပုန်းတလုတ်(ဘုတ်တလုတ်) ရေကန်ကြီး ၊
အရိပ်အာဝါသကောင်းပြီး ကြီးမားလှသော ညောင်ကြတ်ပင်တန်းများ နှင့်အတူ
စေတီပုထိုး ရုပ်ပွားတော်များစွာနှင့် သမိုင်းဝင် ရွှေဥမင်လှိုဏ်ဂူတို့ကို တစ်ပါတည်း
ပြေးမြင်ဖြစ်ကြပါသည်။ရွှေဥမင်ဂူအကြောင်း အရင် ကြည့်လိုက်ရအောင်နော်။
ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၈၈၀ ပေမြင့်ပါသည်။
ရွှေဥမင်လှိုဏ်ဂူတော်သည် ဂူပေါက် ၃ ခုရှိရာ တောင်ဘက်အကျဆုံး နှင့် အမြင့်ဆုံး
ဂူပေါက်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ ပေအမြင့်တွင် တည်ရှိပါသည်။
ပင်းတယမြို့မှ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာ တွင်စောင်းတန်းအသွယ်သွယ်၊
ရွှေရောင်တ၀င်းဝင်းဖြင့် ရွှေဥမင် လှိုဏ်ဂူနှင့် ဘုရားစေတီများကို တွေ့မြင်နိုင်ပါသည်။
IMG 20160516 092853
တောင်စောင်းတွင် ရှိနေသော ဂူပေါက်ကို အဝေးကကြည့်လျှင် တိုက်ရိုက်မမြင်နိုင်ပါ။
ဓာတ်လှေကား အဆောက်အဦနှင့် ကွယ်နေပါသည်။

Tuesday, May 31, 2016

ထူးခြားလှပ သစ်ရွက်ပန်းချီ

သစ်ရွက်ကလေးတွေအပေါ်မှာ လှပသော ပုံလေးများပေါ်လွင်အောင်
Cutting လုပ် ရေးဆွဲထားတဲ့ပုံလေးတွေ တင်ပေးချင်ပါတယ်။ဒီပုံလေးများကို
Omid Asadi  ဆိုသည့် အနုပညာရှင် တစ်ယောက်က ဖန်တီးထားတာပါ။
အမှားမခံနိုင်အောင် နုငယ်သော သစ်ရွက်ကလေးများအပေါ် အနုစိတ်ကျပြီး
အသက်ဝင်လှပအောင် ရေးဆွဲထားနိုင်တဲ့ သူရဲ့ပုံကလေးများကို ကြည့်လိုက်ရအောင်နော်။
FB IMG 1464439580841

FB IMG 1464439584181

Related Posts Plugin for WordPress, Blogger...