Friday, September 2, 2016
ကမ္ဘာ့အကြီးဆုံးကျေက်တောင်တောအုပ်ကြီး
တောအုပ်တွေမှာ သစ်ပင်တွေသာအများဆုံးပေါက်ရောက်ကြတာပါ။
အခုတင်ပြမှာက ကျောက်တုံးတွေနဲ့တည်ရှိနေတဲ့ တောအုပ်ပုံစံ ကျေက်တုံး
အစုအဝေးတွေရှိတဲ့နေရာကိုပါ။
http://i1183.photobucket.com/albums/x474/konay1/general%203/14-aerial-view-714.jpg
ဒီနေရာကတော့ မာဒဂါစကား ( Madagascar )ဆိုတဲ့ကျွန်းနိုင်ငံမှာပါ။ Melaky ဒေသအပိုင်မှာ
တည်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်လောက်မှာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ
ထည့်သွင်းခံရပါတယ်။ကမ္ဘာ့အကြီးဆုံးကျေက်တုံးတောအုပ်ကြီး လို့လည်းဆိုကြပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/article-0-12837E23000005DC-831_964x641.jpg
ဒီကျောက်တောင်တွေကြားမှာ လမုပင်များနှင့်အတူ ငှက်များနှင့် လူအများစိတ်ဝင်စား
ကြတဲ့ လီမာမျောက်မျိုးနွယ် လေးတွေနေထိုင်ကြပါတယ်။
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၀ )
သူငယ်ချင်းတို့ အတွက် fb မှာတွေ့သမျှကို စုစည်းပြီး ပြန်တင်ပေးလိုက်ပါတယ်။
တင်းထား၊ တင်းထား ... :)
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1468852781395.jpg
တိကျသေချာ ကျွမ်းကျင်လှသော စတန့်ပြကွက်... :P
http://i1183.photobucket.com/albums/x474/konay1/funny/PhotoGrid_1472830586986.jpg
Thursday, September 1, 2016
ကမ္ဘာ့အကြီးဆုံး ခဲတံကြီး
http://i1183.photobucket.com/albums/x474/konay1/general%203/IMG_20160830_132329.jpg
ကမ္ဘာ့အကြီးဆုံး ခဲတံကြီးကို Ashrita Furman မှ ကြီးမှူးပြီး
အမေရိကန်နိုင်ငံ ၊ နယူးယောက်တွင် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။
၇၆ ပေ အထိရှည်ပြီး အလေးချိန်စုစုပေါင်း ၂၁၅၀၀ ပေါင်ရှိပါသည်။
ယခင် စံချိန်တင်ထားသော ခဲတံကြီးထက် ပို၍ကြီးမားအောင်
ဖန်တီးပြုလုပ်ပြီး စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကြီးမားသော သစ်လုံးကြီး ၊ ခဲသားများနှင့် အတူ ခဲဖျက်ကြီးများကို
အသုံးပြု ဖန်တီးထားရခြင်းဖြစ်ပါသည်။
မြို့တော်ဝန်ဖြစ်သွားသော ကြောင်ကလေး
http://i1183.photobucket.com/albums/x474/konay1/general%203/IMG_20160819_144437.jpg
မြို့တစ်မြို့ကို အုပ်ချုပ်ရန် လူသားတစ်ဦးမဟုတ်ပဲ ကြောင်ကလေးတစ်ကောင်ကို
တာဝန်ပေးခြင်းခံရဖူးတယ်ဆိုတာ ပုံပြင်မဟုတ်ပါဘူး။အမေရိကန်နိုင်ငံ ၊
အလက်စကာပြည်နယ်ရှိ Talkeetna မြို့ကလေးတွင် ၁၉၉၇ ခုနှစ်က
တကယ်ဖြစ်သွားခဲ့တာပါ။ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် Talkeetna မြို့အတွက်
မြို့တော်ဝန် ရွေးကြပါသည်။မိမိသဘောကျသည့် ရွေးကောက်ပွဲဝင်
ကိုယ်စားလှယ်ကို မဲစာရွက်မှာ အမည်ရေး၍ မြို့သားများက မဲပေးကြပါသည်။
လူဦးရေ ၉၀၀ လောက်သာရှိသော ထိုမြို့ကလေးတွင် မြို့သားများ
အနေဖြင့် ကိုယ်စားလှယ်များမှ မည်သူ့ကိုမှ မြို့တော်ဝန် မဖြစ်စေချင်ပါဘူး။
ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး မှန်သားပြင် တံတား
ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး မှန်သားပြင် တံတားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်းရှိ
ဟူနန်ပြည်နယ်တွင် ၂၀၁၆ ခု ၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဟူနန်ပြည်နယ်ရှိ နက်ရှိုင်းလှသည့် Zhangjiajie ချောက်ကမ်းပါးကြီး ကို ဖြတ်သန်း
တည်ဆောက် ထားခြင်းဖြစ်သည်။
http://i1183.photobucket.com/albums/x474/konay1/general%203/glass-bridge-china-this-week-on-dezeen-sq-468x468.jpg
ထို အောက်ခြေသို့ ထွင်းဖောက်မြင်နိုင်သည့် မှန်သားပြင်တံတားကြီးသည်
အရှည် မီတာ ၄၃၀ (၁၄၁၀ ပေ) ရှိပြီး အမြင့် မီတာ ၃၀၀ (၉၈၄ ပေ) ရှိပါသည်။
အကျယ်မှာ ၆ မီတာ (၁၉.၇ ပေ) ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649530697.jpg
ထွင်းဖောက်မြင်ရသော အလွှာသုံးထပ် မှန် ၉၉ ချပ်ဖြင့် ကြမ်းခင်းကို
တည်ဆောက်ထားပါသည်။
Wednesday, August 31, 2016
ကချင်ပြည်နယ်မှ သဘာဝရှုခင်းများ
နေခရမ်း ဆီကို ရောက်လာတဲ့ အမTin Mi Nawzar ရဲ့
ကချင်ပြည်နယ်က လူသူအရောက်အပေါက်နည်းတဲ့
ဒေသ မှ ရှုခင်းပုံတွေပါ။ တကယ်လှတဲ့ရှုခင်းပုံတွေမို့ 
အများမြင်ရအောင် ခွင့်ပြုချက်တောင်းပြီး ပြန်တင်ပေး
လိုက်ပါတယ်။ Tin Mi Nawzar အကောင့် ပိုင်ရှင်ကို
လည်း အထူးကျေးဇူးတင်ပါတယ်ဗျာ။ပျော်ရွှင်ချမ်းမြေ့
ပါစေ။
http://i1183.photobucket.com/albums/x474/konay1/generral%202/13720454_10210727258964619_1368212247_o.jpg
http://i1183.photobucket.com/albums/x474/konay1/generral%202/13705051_10210727259284627_898087659_n.jpg
ခွေးလိမ္မာက အလုပ်လက်မဲ့ သခင်အတွက် ဒေါ်လာ ၁၃၀၀၀၀ကျော်တန် ဝေလငါးအန်ဖတ် ရှာပေးခဲ့
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1471888932992.jpg
အင်္ဂလန်အနောက်မြောက်ပိုင်း လန်ကာရှိုင်းယားဒေသ မိုကမ်ဘီကမ်းခြေတွင် အလုပ်လက်မဲ့ ခမ်ဝီမန်ဆိုသူသည် ၎င်း၏ခွေးဖြစ်သူ လမ်းလျှောက်နေစဉ် အဆိုပါခွေးက သခင်အတွက် ရေမွှေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ခြောက်ပေါင်ခန့် အလေးချိန်ရှိသော အမေရိကန်ဒေါ်လာ ၁၃၀၀၀၀ကျော်တန် ဝေလငါးအန်ဖတ် ရှာဖွေပေးခဲ့သည်။ ခမ်ဝီမန်သည် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားမှုတစ်ခုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အလုပ်လက်မဲ့ အခြေအနေသို့ ရောက်ရှိစဉ် ၎င်း၏ခွေးမက်ခ်ဂီကြောင့် သိန်းထီပေါက်သလို ဝေလငါး အန်ဖတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဝေလငါး အန်ဖတ်ကို ပြင်သစ်ပွဲစားများက အစောပိုင်းတွင် ဒေါ်လာ ၅၈၅၀၀ သာပေးခဲ့ပြီး နောက်ပိုင်းတွင် အင်တာနက်မှ ကျွမ်းကျင်ပညာရှင်များက ဒေါ်လာ၁၃၀၀၀၀ ကျော်တန်ကြောင်း ခန့်မှန်းတွက်ဆခဲ့ကြသည်။ ဝေလငါးအန်ဖတ်သည် လတ်ဆတ်မှုပေါ်တွင် မူတည်၍ ဈေးနှုန်းမြှင့်တက်ပြီး ထိုဝေလငါး အန်ဖတ်သည် ပိုမိုလတ်ဆတ်ပါက ဒေါ်လာ နှစ်သိန်းကျော်အထိ ရရှိနိုင်သည်။
Credit:pyimyanmar
Related Posts Plugin for WordPress, Blogger...